ကုစားလို့ရနိုင်သလား
အဖြေကတော့ အတန်ငယ် ရှုပ်ထွေးတယ်လို့ပဲ ဆိုရမှာပါ။ Androphobia ဖြစ်နေတယ်လို့ သံသယရှိနေရင် အလျှင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီဝေဒနာခံစားနေရရင် နေ့စဉ်လူနေမှုဘဝနဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ထိခိုက်နစ်နာမှုတွေ၊ ရုံးကန်ရမှုတွေ ပိုမိုကြုံဆုံရနိုင်ဖို့ သေချာနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး အရည်အသွေးလည်း ကျဆင်းလာမှာဖြစ်သလို ပတ်ဝန်းကျင်နဲ့ ပိုမိုဝေးကွာသွားပြီး ကုသရပိုမိုခက်ခဲသွားနိုင်ပါတယ်။
အထူးသဖြင့် ကလေးငယ်တွေမှာ ဒီဝေဒနာစွဲကပ်နေရင် ငယ်ရွယ်စဉ်မှာတင် ကုသနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ်ဆိုရင် ကုသရာမှာ ပိုမိုခက်ခဲနိုင်တာကြောင့်ဖြစ်ပါတယ်။
ဒီဝေဒနာကို Therapy Sessions တွေနဲ့ ကုသလို့ရနိုင်ပါတယ်။ Exposure therapy၊ Cognitive behavioral therapy (CBT)၊ တရားရှုမှတ်တဲ့နည်းလမ်း စတာတွေနဲ့ ဝေဒနာ လျော့ပါးအောင် ကုစားနိုင်ပါတယ်။ ဒါ့အပြင် Beta blockers နဲ့ Benzodiazepines တို့လို ဆေးဝါးအကူအညီရယူပြီးလည်း ကုစားလို့ရနိုင်ပါသေးတယ်။
ယောင်္ကျားကြောက်ရောဂါ (Androphobia) ဟာ အလွန်အမင်း အထီးကျန်တာ၊ စိတ်ခံစားချက် လွဲချော်မှု စိတ်ဝေဒနာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်တာနဲ့ အမှန်တကယ် သတ်သေတာမျိုးတွေဖြစ်လာစေတဲ့အထိ ဆိုးရွားသွားနိုင်တာမို့ သတိထားဖို့ လိုအပ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။