၆။ တာဝန်ယူမှုရှိပါ
စိတ်ဓာတ်ကျနေရင် ဘာမှမလုပ်ချင်တော့ပါဘူး။ လုပ်လည်း မလုပ်ဖြစ်တော့တာများပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ပြဿနာပေါင်းစုံ ပျက်ကွက်မှုအသွယ်သွယ်ကိုလည်း ခေါင်းရှောင်တတ်လာကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေတိုင်းကို တာဝန်ယူဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်ချင်စိတ် စိတ်လိုလက်ရ ပြန်လည်ပေါ်ထွက်လာမှာပါ။
၇။ အဆိုးမြင်စိတ်ကို စိန်ခေါ်ပါ
အဆိုးမြင်တတ်တဲ့ အတွေးတွေ၊ စိတ်နေသဘောထားတွေကို တွန်းလှန်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အရမ်းအဆိုးမြင်နေရင် ဝေဒနာကို တွန်းလှန်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ အဆိုးမြင်စိတ်ဓာတ်ကို စိန်ခေါ်ပြီး ငါဖြတ်ကျော်နိုင်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးမွေးထားဖို့ လိုအပ်ပါတယ်။
၈။ ဆေးဝါးဓာတ်စာမမှီဝဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ
တစ်ချို့က ဆေးဝါးတွေ ဓာတ်အာဟာရတွေ မှီဝဲဖို့ကို ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ဆေးဝါးမှီဝဲတာဟာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမို့ ဒီလိုမလုပ်ခင် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အာဟာရဓာတ်စာပိုင်းမှာလည်း ဘယ်လိုအာဟာရဓာတ်မျိုးတွေကို ရွေးချယ်မှီဝဲရမယ်ဆိုတာကို ဆရာဝန်လမ်းညွှန်ချက်ယူဖို့ သင့်ပါတယ်။
၉။ အသစ်အဆန်းတွေ စမ်းကြည့်ပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။