backup og meta

စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား
    သင် စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား ဆိုတာ တွေးဖူးရဲ့လား။ ရာသီဥတု အေးအေးလေးက ဆွေးစရာလေးနော်။ ဆောင်းရာသီဆိုတာ အနုပညာသမားတွေအတွက်  ခံစားလို့ ကောင်းတဲ့ ရာသီဥတုပါနော်။ ဒါပေမယ့် အေးတဲ့ ရာသီဥတုက လွမ်းမောလွန်းရင်တော့ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်တဲ့။ အခုတလော စိတ်ဓာတ်ကျနေတာက သင့်မှာ စိတ်ဖိစီး နေတာထက် အေးမြတဲ့ ရာသီဥတုကြောင့်လည်း ဖြစ်နေနိုင်ပါတယ်နော်။ 

    စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

    ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး စိတ်အခြေအနေ ပြောင်းလဲနိုင်ပါတယ်။ ဒီအခြေအနေကို ရာသီဥတု အခြေအနေကြောင့် ဖြစ်တဲ့ စိတ်အခြေအနေ ပြောင်းလဲမှုလို့ ခေါ်ပါတယ်။ ဒါကို ရာသီဥတု ပြောင်းလဲမှု ဖြစ်တဲ့ အချိန်တိုင်းမှာ ခံစားရနိုင် ပါတယ်။

    ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလို ဆောင်းကုန်ခါနီး မှာလည်း ခံစားရနိုင် ပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ အအေး ပိုကဲလာပြီး နေရောင်ကို ထိတွေ့ရချိန် နည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။

    လူအများစုက ရာသီဥတု အေးတဲ့အချိန်မှာ ချမ်းအေးမှုနဲ့ နေရောင် နွေးနွေးနဲ့ ထိတွေ့ခွင့်ရတာ နည်းတာကြောင့် လူက စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျ ရောဂါအခံ ရှိသူတွေက ဒီအချိန်မှာ ပိုပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ ရာသီဥတု အေးတာက လူကို ပျင်းရိစေပြီး စိတ်ခံစားမှုကို ထိုင်းမှိုင်းစေတာတော့ အမှန်ပါ။

    အအေးဒဏ် ပိုခံရလေလေ ရာသီဥတုကြောင့် စိတ်ဓာတ်ကျမှု ဝေဒနာကို ပိုခံစားရနိုင်လေလေပါ။

    ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ

    • အချိန် တော်တော်များများမှာ စိတ်ဓာတ်ကျနေနိုင်ပါတယ်။
    • အရင်က စိတ်ဝင်စားတဲ့ အလုပ်တွေကို မလုပ်ချင် မကိုင်ချင် ဖြစ်နေမယ်။
    • အားမရှိသလို ခံစားနေရမယ်။
    • အိပ်မပျော်ဘူး ဖြစ်နေမယ်။
    • စားချင်စိတ် မရှိတာမျိုး ဖြစ်နေမယ်။
    • ကိုယ်အလေးချိန် အပြောင်းအလဲ ဖြစ်နေမယ်။
    • အရမ်း အိပ်နေမိမယ်။
    • အချိုတွေ ပိုစားချင်မိနေတာမျိုး ဖြစ်နိုင်တယ်။
    • ခြေကုန်လက်ပမ်းကျ နေနိုင်တယ်။
    • ထိုင်းမှိုင်းလေးကန်နေမယ်။ စိတ်တိုစိတ်ဆတ်လွယ်နေမယ်။
    • အာရုံစိုက်ရခက် နေမယ်။
    • မျှော်လင့်ချက် မဲ့သလို ဖြစ်နေမယ်။ ကိုယ့်ကိုကိုယ် အပြစ်ရှိသူလို ခံစားနေရမယ်။
    • တစ်ခါတလေ အရာရာကို စိတ်ကုန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင် ဖြစ်မိနိုင်ပါတယ်။

    ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ မနက်ခင်း အပြေးလေ့ကျင့်တာမျိုး၊ အေရိုးဗစ် ဆော့တာမျိုးက အထောက်အကူဖြစ်မှာ အသေအချာပါ။ ကိုယ်လုပ်နိုင်မယ့် လေ့ကျင့်ခန်း တစ်ခုခုကို ပုံမှန် လုပ်ပေးပါ။

    ဆောင်းအေးအေးနဲ့ ခွေမနေပါနဲ့။ တောင်တောင်မြောက်မြောက် လျှောက်တွေးရင်း စိတ်ဓာတ်ပိုကျသွားနိုင်ပါတယ်။ သဘာဝကပေးတဲ့ ဗီတာမင် D အရင်းအမြစ်ဖြစ်တဲ့ နေရောင်နွေးနွေးလေးနဲ့ ထိတွေ့ပေးလို့ ကျနေတဲ့ စိတ်ဓာတ်လေးကို ကောက်တင်ရအောင်လား။
    • အချိန်ဇယား ဆွဲပါ
    အာရုံစိုက်စရာ တစ်ခုခုရနေရင် လူက စိတ်ဓာတ်ကျနိုင်ခြေ  နည်းသွားပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် အချိန်ဇယား တစ်ရပ်ကို ကိုယ်တိုင် ရေးဆွဲပါ။ အိပ်ချိန်နဲ့ စားချိန်ကိုလည်း သေချာလေး ထည့်ဆွဲပါနော်။
    ခရီးထွက်တာက စိတ်ဖိစီးမှုတွေကို အဝေးကို လွှင့်ပစ်နိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ခရီးရှည် မဟုတ်ရင်တောင် တစ်ညအိပ်လောက် ဖြစ်ဖြစ် အလုပ်တွေကို မေ့ပြီး ပျော်ပျော်ရွှင်ရွှင် ခရီး ထွက်လိုက်ပါ။
    • ရယ်စရာရုပ်ရှင်ကြည့်ပါ
    ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ရယ်စရာကောင်းတဲ့ ရုပ်ရှင်မျိုး ကြည့်ပြီး စိတ်လက်ပေါ့ပါးစွာ ရယ်ချလိုက်ပါ။ ဒါကလည်း စိတ်လက်ပေါ့ပါးသွားစေပြီး စိတ်ခံစားမှု ကောင်းမွန်လာစေနိုင်ပါတယ်။
    ကဲ စိတ်ဓာတ်ကျနေတာ ရာသီဥတုကြောင့်လား၊ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အကောင်အထည်ဖော်လို့ စိတ်ဓာတ်လေးကို မြှင့်တင်လိုက်ရအောင်နော်။ စိတ်ဖိစီးမှု ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း …………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement