backup og meta

ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

    Body Language လို့ခေါ်တဲ့ ကိုယ်အမူအရာ ဟာ လူအချင်းချင်းအကြား ဆက်ဆံရေးမှာ သိပ်ကိုအရေးပါလှတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီးကို ကိုယ်အမူအရာကပြောပြနိုင်ပါတယ်။

    တချို့သော ကိုယ်အမူအရာတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်နဲ့ ကုန်ကုန်ပြောရရင် လိင်စိတ်ခံစားချက်ကိုပါ ဖွင့်ဟအချက်ပြနေတာ ဖြစ်တယ်ဆိုတာကိုတော့ သိသူနည်းလှပါတယ်။ ကိုယ့်စိတ်မှာ တွေးမိလိုက်တဲ့ အတွေးစလေးကို ခန္ဓာကိုယ်က ရုတ်တရက်တုံ့ပြန်လိုက်တာမို့ တစ်ခါတစ်ရံမှာ ထိန်းချုပ်ဖို့တောင် အချိန်မရလိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

    ကိုယ့်ရဲ့ အသိမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်သူရဲ့ အပြုအမူတွေ၊ ကိုယ်နေဟန် တွေ၊ ကိုယ်အမူအရာတွေက ဘယ်လိုစိတ်ခံစားချက်မျိုးကို အချက်ပြနေတာလဲဆိုတာကို သိနားလည်ထားတယ်ဆိုရင်လည်း ဆက်ဆံပြောဆိုရမယ့် ကိစ္စအဝအဝမှာ ပိုပြီးအဆင်ပြေနိုင်တာပေါ့။

    လူတွေရဲ့ အတွင်းစိတ်က တစ်စုံတစ်ရာကို တွေးတောမိချိန်မှာ ဘယ်လို ကိုယ်အမူအရာတွေကို တုံ့ပြန်ပြသတတ်သလဲဆိုတာကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

    ကိုယ်အမူအရာ က အချက်ပြနေတဲ့ လိင်စိတ်ဆန္ဒများ

    • နှုတ်ခမ်းကို လျှာဖြင့်သပ်ခြင်း – နှုတ်ခမ်းထောင့်တွေကို လျှာနဲ့သပ်နေမိတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု တစ်ခု ပြုမူလိုက်တာပါ။ သူက တဖက်လူကို နှစ်နှစ်ကာကာချစ်နေမိတယ်၊ သူနဲ့ လိင်ဆက်ဆံဖို့ တွန့်ဆုတ်မနေဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
    • လက်ဆွဲနှုတ်ဆက်ခြင်း – လက်ဆွဲနှုတ်ဆက်ချိန်မှာ ချက်ခြင်းပြန်ရုတ်လိုက်တာမျိုးက အလွန်ရှက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ခပ်ကြာကြာ ခပ်တင်းတင်းဆုပ်ထားမယ်ဆိုရင် လေးလေးနက်နက် သဘောထားတယ်ဆိုတဲ့ အချက်ပါ။
    • ခေါင်းငြိမ့်ခြင်း – ခေါင်းခဏခဏ ငြိမ့်နေတယ်ဆိုရင် စကားပြောရတာကို သဘောကျပြီး စိတ်ဝင်စားမှုလည်းရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ စကားပြောဆိုနေချိန်မှာ ပြုံးပြီး ခေါင်းငြိမ့်ပြတာက တစ်ဖက်သားကိုလည်း စိတ်ကျေနပ်မှုဖြစ်စေပါတယ်။
    • ဂိုက်ပေးကြမ်းခြင်း – တချို့က တမင်ကြီး ဟိတ်ဟန်ထုတ်နေတတ်ပါ။ သိသိသာသာကြီးကိုပေါ့။ ဒီလို ကိုယ်အမူအရာ မျိုးက စိတ်ခံစားချက်ကို လိုတာထက်ပိုပြီး ဖော်ပြချင်တာဖြစ်ပါတယ်။ သိတယ်၊ တတ်တယ်၊ ဂုဏ်ယူတယ်ဆိုတာမျိုးကို ဖော်ပြချင်တာပါ။
    • မျက်နှာနဲ့ ဆံပင်ကို ခဏခဏ ထိတွေ့ ကိုင်တွယ်ခြင်း – ဆံပင်ကို သပ်တင်လိုက်၊ မျက်နှာကို ဟိုကိုင်ဒီကိုင်လုပ်လိုက်ဆိုရင် လှနေတယ်၊ ပြင်ဆင်ခြယ်သထားတယ် ဆိုတာကို သိစေချင်တာပါ။
    • မျက်လုံးချင်းဆုံခြင်း – မျက်လုံးချင်းဆုံပြီး ကြည့်တာက စိန်ခေါ်ချင်တာဖြစ်နိုင်သလို စိတ်ဝင်စားမှုကို ပြသတာလည်းဖြစ်နိုင်ပါတယ်။ မျက်နှာအမူအရာနဲ့ တွဲဖက် တွေးတောယူရမှာပါ။

    • ပြုံးပြခြင်း – ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက်ကောင်းမွန်မှုကို ဖော်ပြတာပါ။ ကမ်းလှမ်းမှုကို လက်ခံနိုင်တယ်ဆိုတဲ့ သဘောမျိုး၊ ဆက်နွယ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့။
    • လက်ပိုက်ပြီး ခပ်တည်တည်နေခြင်း – တဖက်လူနဲ့ ဆက်ဆံလိုခြင်းမရှိဘူး။ မပတ်သက်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး လက်ပိုက်တဲ့အနေအထားမြင့်လေလေ ပိုပြီး ပြတ်သားလေလေပါပဲ။
    • လက်အမူအရာပြခြင်း – စကားပြောဆိုချိန်မှာ လက်ဟန်ခြေဟန်တွေပါဝင်လာတာဟာ ပြောချင်တာကို တဖက်လူ ပိုနားလည်စေချင်တဲ့ စိတ်ဆန္ဒကြောင့်ဖြစ်ပါတယ်။
    • နှုတ်ခမ်းကို စုထားခြင်း – နှုတ်ခမ်းကို ရှုံ့ပြီးစုထားတာဟာ တစ်ဖက်လူကို မယုံကြည်ရတဲ့ အကြောင်းအရာတွေကို ပြောနေတယ်ဆိုတဲ့ အမူအရာပါ။ လိမ်ညာတတ်တဲ့သူတွေက ဒီလိုပိုပြီး လုပ်တတ်ပါတယ်။
    • ခပ်ခွာခွာနေခြင်း – တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုကို ပြသတာဖြစ်နိုင်သလို မဆက်ဆံချင်လို့ ရှောင်ဖယ်တာလည်းဖြစ်နိုင်ပါတယ်။
    • မသိမသာ မျက်နှာပေးပြခြင်း – မဲ့လိုက်တာမျိုး၊ မသိချင်ယောင်ဆောင်တာမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုမျိုးပြုလုပ်တာက သဘောမကျတာ၊ ခပ်ရွဲ့ရွဲ့ပြုမူတာမျိုးပါ။
    • လိုက်တုခြင်း – တဖက်လူပြောတာ ဆိုတာ ပြုမူတာတွေကို လိုက်ပြီး တူညီအောင် ပြုမူတာမျိုးက တစ်ဖက်လူကို နားလည်တယ်ဆိုတာကို ပြသတာဖြစ်ပြီးတော့ စိတ်ဝင်စားမှုကိုလည်း ပြသရာရောက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement