backup og meta

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

    အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ ….. သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။ အဖြစ်အပျက်တွေက ကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓာပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။

    အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

    အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

    အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ ဆိုတော့

    • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို တိုးတက်စေနိုင်ခြင်း

    သေလုဆဲဆဲဖြစ်နေတဲ့သူတွေ (သို့) အရမ်းကို နာမကျန်းဖြစ်နေတဲ့သူတွေ သူတို့ဘဝမှာ ဒုတိယအကြိမ် ထမြောက်ရှင်သန်ခွင့်ရခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဆန်းတွေကို  ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ သေလုဆဲဆဲ အနေအထားကနေ ပြန်လည်ရှင်သန်လာရတဲ့အကြောင်းအရင်းက ရှင်းပြဖို့ တော်တော်ခက်ခဲလှပါတယ်။ ဒါကလည်း လူနာတွေရဲ့ ဆိုးရွားလှတဲ့ အနေအထားတွေကနေ လွတ်မြောက်လိုတဲ့ဆန္ဒ နဲ့ အသက်ရှင်လိုစိတ်ပြင်းတာတွေက အဓိကအရင်းခံအကြောင်းအရင်းတွေဖြစ်ကြပါတယ်။ သူတို့အနေနဲ့ အကောင်းမြင်စိတ်ထားမယ်ဆိုရင် သူတို့က ဆက်လက်ရှင်သန်နေမှာပဲဖြစ်ပါတယ်။

    သိပ္ပံနည်းကျ ဖြေရှင်းချက်တွေအရ အကောင်းမြင်တဲ့ စိတ်ကူး တစ်ရပ်၊ အကောင်းမြင်တဲ့စိတ်ကူးလေးတစ်ခုလောက်တွေးတောလိုက်တာက ဦးနှောက်တွင်းကဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေကို အကောင်းမြင်စိတ်သဘောထားကို တုံ့ပြန်ဖို့ သတင်းပို့လိုက်ပါတယ်။ စွမ်းအင်ပြည့်ဝသွားတဲ့ စိတ်ဆန္ဒက အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

    တခါတလေ စိတ်ခံစားချက်ဆိုတာက တကယ်ဖြစ်နေတာမှမဟုတ်ဘဲ အရေးမကြီးပါဘူးလို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ ဥပမာပြောပြရရင် သင်မအီမသာခံစားရတဲ့အခါ သင်ဖျားနေပြီဆိုတာကို သင့်စိတ်ကပြောပြနေတာမျိုး ဖြစ်နိုင်ပါတယ်။ အမှန်က သင့်အနေနဲ့ တအားပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေတာကို စိတ်ထဲက သိနေတဲ့သဘောပါပဲ။ တကယ့်ကို ဖျားသွားတာမျိုးတော့မဟုတ်သေးပါဘူး။ နေမကောင်းဖြစ်ချင်တာလား၊ နေကောင်းချင်တာလားဆိုတာက သင့်စိတ်တိုင်းကျရွေးချယ်မှုအပေါ်မှာ မူတည်လို့နေပါတယ်။ အရာအားလုံးက စိတ်ကတွေးတောကြံဆတဲ့အတိုင်းဖြစ်နေတာပါ။

    • ပူပန်မှုနဲ့စိတ်ဖိစီးမှု ကင်းစင်အောင်နေထိုင်ခြင်း

    အဆိုးမြင်တဲ့စိတ်ကူးက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ စိတ်ဖိစီးမှုတွေက စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပြီး ရှိပြီးသား စိုးရိမ်ပူပန်မှုတွေကိုလည်း ပိုဆိုးစေပါတယ်။ ကြီးမားတဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဆိုးမြင်စိတ်ကူးက စိတ်ထဲမှာ အကြိမ်ကြိမ်ပေါ်ပေါက်လာတဲ့အခါ လူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုအပိုင်းမှာ ဆိုးကျိုးသက်ရောက်တာမျိုးတွေရှိလာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကပဲ စိတ်မူမမှန်တာနဲ့ စိတ်ရောဂါတွေကို ဖြစ်စေနိုင်တာဖြစ်ပါတယ်။

    လူတွေအသိစိတ်ပျောက်သွားတယ်။ ရူးသွားတယ်ဆိုတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အဆိုးမြင်လွန်းတဲ့ အတွေးတွေ စိတ်ထဲပြည့်နှက်သွားတဲ့အခါ အဆိုးမြင်စိတ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့် အသိစိတ်ပျောက်တာတွေ၊ ရူးသွပ်တာတွေဖြစ်လာရတာဖြစ်ပါတယ်။ သင်တို့မှာလည်း စိုးရိမ်စရာတွေရှိနေရင် ကိစ္စကြီးကြီး ၊ ငယ်ငယ်အရမ်းကြီးတွေးတာမျိုးမလုပ်ပါနဲ့။

    စိုးရိမ်စရာတွေကို တအားကြီးတွေးနေမယ့်အစား ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကိုပဲတွေးပါ။ အကြွေးတွေ တင်နေတယ်ဆိုပါစို့။ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။ အဲ့လိုမျိုးတွေးတာက အထောက်အကူမရဘဲ တစ်ပူပေါ်တစ်ပူဆင့်ပြီး စိုးရိမ်စရာပဲတိုးလာပါလိမ့်မယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။

    • ချင့်ချင့်ချိန်ချိန် အေးအေးဆေးဆေး တွေးတောစဉ်းစားနိုင်စေခြင်း

    အကောင်းမြင်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့  စဉ်းစားဆင်ခြင်နိုင်မှုကိုရရှိ စေနိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အထောက်အကူပြုပါတယ်။ စိတ်က ခိုင်မာတဲ့ စိတ်ကူးတွေကို တွေးတောမယ်ဆိုရင် ဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွတ်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။

    • အကောင်းမြင်စိတ်က အရည်အသွေးကိုတိုးတက်စေနိုင်ခြင်း

    မိနစ်အနည်းငယ်လောက်ပဲ ကောင်းမွန်တဲ့ခံစားချက်လေးတွေရရှိပြီးရင် အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးကို ရရှိမှုက အဆုံးမသတ်ပါဘူး။ အကောင်းမြင်စိတ်ရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက အရည်အသွေးတွေ တည်ဆောက်နိုင်စွမ်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

    အကောင်းမြင်စိတ်ကို ဘယ်လိုပျိုးထောင်မလဲ

    အကောင်းမြင်စိတ်က ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တာကြောင့် အကောင်းမြင်စိတ်ကို ပျိုးထောင်နိုင်မယ့် အယူအဆလေး ၃ ရပ်ကိုမျှဝေပေးလိုက်ပါတယ်။

    တရားထိုင်ပါ။

    နေ့စဉ် တရားထိုင်တာက အကောင်းမြင်စိတ်ကူးကို ပိုမိုရရှိစေပါတယ်။ တရားပုံမှန်ထိုင်တဲ့ သူတွေက အဖိုးတန်တဲ့ ရေရှည်အရည်အသွေးတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်တရားထိုင်သူတွေက စိတ်တညငြိမ်သလို၊ လူမှုဆက်ဆံရေးမှာလည်း အထောက်အပံ့ရရှိစေတဲ့အပြင် နာမကျန်းဖြစ်မှုတွေကိုပါ ကျဆင်းစေနိုင်ပါတယ်။

    စာရေးပါ။

    လေ့လာမှုတစ်ရပ်မှာ အုပ်စု ၂ စုခွဲပြီး တစ်စုကို တစ်နေ့တာမှာတွေ့ကြုံခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ကို ၃ ရက်ဆက်တိုက်ရေးချခိုင်းပါ။ နောက်တစ်ဖွဲ့ကိုတော့ အခြားအကြောင်းအရာတွေကိုပဲ ရေးခိုင်းခဲ့ပါတယ်။

    ၃ လကြာတဲ့အခါမှာတော့ ကောင်းမွန်တဲ့ အတွေ့အကြုံကို ချရေးတဲ့သူတွေက စိတ်ခံစားမှုပိုမိုကောင်းမွန် လာတာကိုတွေ့ရှိသလို နာမကျန်းဖြစ်တာလည်းလျော့ပါးသွားတာကိုတွေ့ရှိခဲံရပါတယ်။

    စိတ်ဝင်စားတဲ့ အားကစားတစ်ခုခုကိုလုပ်ပေးပါ။ (ကစားပေးပါ။)

    တစ်နေ့တာအချိန်ထဲမှာ အစည်းအဝေးတက်တာ၊ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တာနဲ့ အပတ်စဉ်လုပ်ငန်းတွေလုပ်ဆောင်တာအပြင် နေ့စဉ်လုပ်ငန်း ဆောင်တာတွေအတွက် အချိန်ခွဲဝေသတ်မှတ်မှုထဲမှာ ကသားရမယ့်အချိန်ကိုလည်း ထည့်သွင်းသတ်မှတ် ပေးပါ။

    သင့်ကိုယ်သင် ရယ်မောပြုံးရွှင်ချိန်ပေးပြီး အကောင်းမြင်စိတ်ရဲ့ ကောင်းကျိုးကို ခံစားလိုက်ပါ။ အားကစား တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခုကိုလုပ်ဖို့ အချိန်ပေးလိုက်တာက အရည်အချင်းသစ်တွေ တိုးတက်ရရှိစေပြီး ပျော်ရွှင်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

    အကောင်းမြင်တဲ့စိတ်ထားရှိစေနိုင်ဖို့ လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းများ

    • အကောင်းမြင်စိတ်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။

    တစ်နေ့တာလုံးမှာ အကောင်းမြင်စိတ်လေး ဖြစ်ပေါ်နေစေဖို့ဆိုရင် အရာရာအဆင်ပြေနေမှာဖြစ်ပါတယ်။ မနက်ခင်းမှာ စတင်တဲ့ပုံစံက တစ်နေ့တာလုံးအပေါ်အကျိုးသက်ရောက်မှုရှိနေစေမှာဖြစ်တာကြောင့် မိုးလင်း အိပ်ရာကနိုးထလာစဉ်ကတည်းက စိတ်ကို ကြည်လင်နေအောင်ထားရှိရမှာဖြစ်ပါတယ်။ မိမိကိုယ် မိမိမှန်ထဲမှာကြည့်ပြီး ဒီနေ့က ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါလို့ ပြောလိုက်ပါ။ တစ်နေ့တာလုံး ကောင်းတာတွေဖြစ်လာမှာပါလို့ ရေရွတ်ပေးပါ။

    • ကောင်းမွန်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ပါ။

    နေ့တိုင်းနီးပါးလောက် တွေ့ကြုံနေရတာက အခက်အခဲမရှိဘဲ တစ်နေ့တာ မပြီးဆုံးသွားတာပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့နေ့ရယ်ဆိုတာက မရှိသလောက်ကိုရှားပါတယ်။ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ပြဿနာအခက်အခဲထဲကနေ အမြတ်ရအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

    ဥပမာပြောပြရရင် ကားလမ်းပိတ်လို့ သွားလို့လာလို့မရဖြစ်နေတဲ့အခါမျိုးမှာ အကြိုက်ဆုံးသီချင်းကို နားထောင်တာမျိုးဖြစ်ဖြစ်၊ ကိုယ်စားချင်တဲ့ အစားအသောက်တစ်ခုခုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ရှုတာမျိုးဖြစ်ဖြစ်လုပ်ပါ။ ဒါမှမဟုတ် ကိုယ့်အတွက် အသိအမြင်အသစ်တစ်မျိုးမျိုး တိုးစေမယ့် ကိစ္စတစ်ခုခုကို လုပ်ဆောင်ပေးပါ။

    • ဆိုးဝါးတဲ့အခြေအနေတွေထဲကနေ ပျော်ရွှင်စရာကို ဖွေရှာပါ။

    ဆိုးဝါးလှတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ အကောင်းဆုံးကြိုးစားခဲ့ရက်နဲ့ ရှုံးနိမ့်ခဲ့တာမျိုးပဲဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ အဆိုးဆုံးအနေအထားကို နောင်တစ်ချိန်မှာ ဟာသလေးနှောပြီး ပြောနိုင်ဖို့ ကြိုးစားပါ။ ဒီအခြေအနေက နောက်ပိုင်းမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ်ကျန်ရှိနေစေအောင် လုပ်ဆောင်ပြီး အားအဖြစ်  မွေးမြူအသုံးချပါ။

    • ရှုံးနိမ့်မှုကကနေ သင်ခန်းစာယူပါ။

    လူတိုင်းမပြည့်စုံနိုင်ပါဘူး။ အမှားကင်းတဲ့လူရယ်လို့ မရှိပါဘူး။ အမှားတွေကနေ သင်ခန်းစာတွေရယူပါ။ အမှားပေါ်မှာ အာရုံစိုက်နေမယ့်အစား အမှားထဲကနေသင်ခန်းစာယူပြီး နောက်တစ်ခါမမှားအောင် လုပ်ဆောင်ပါ။

    • ပစ္စုပန်မှာ အာရုံစိုက်ပါ။

    ပစ္စုပန်ဆိုတဲ့နေရာမှာ ဒီနေ့၊ ဘယ်အချိန်ရယ်လို့ ပြောနေတာမဟုတ်ပါဘူး။ လက်ရှိဖြစ်နေတဲ့ အခြေအနေအထားပေါ်မှာအာရုံစိုက်ထားပြီး အကောင်းဆုံးဖြစ်အောင်ဖန်တီးပါ။

    • အပြုသဘောဆောင်တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းပါ။

    မိမိပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့သူတွေနဲ့ ဖန်တီးတည်ဆောက်ပါ။ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ သဘောထားတွေက ကောင်းမွန်တဲ့အရာတွေကို ဖြစ်ပေါ်စေပါတယ်။ အကောင်းမြင်တဲ့သူတွေနဲ့ မိမိပတ်ဝန်းကျင်ကို ဖန်တီးဖို့ဆိုတာက သိပ်မလွယ်ကူလှဘူးဆိုပေမယ့် အဆိုးမြင်တဲ့သူတွေနဲ့ မပေါင်းမိအောင်တော့ နေသင့်ပါတယ်။ ဒါမှသာ ဘဝမှာ အကောင်းဆုံးသောအရာတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement