backup og meta

သင်၏အိမ်ထောင်ရေးကို ပျက်ဆီးစေနိုင်သော အလေ့အထ(၈)ရပ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်၏အိမ်ထောင်ရေးကို ပျက်ဆီးစေနိုင်သော အလေ့အထ(၈)ရပ်

    သင့်အိမ်ထောင်ဖက်နှင့်အတူနေဆက်ဆံရေးအခြေအနေက ကျဆင်းနေပါသလား။ အတူနေဆက်ဆံရေးမှာ ကွဲပြားခြားနားသောအဆင့်အမျိုးမျိုးရှိနိုင်ပါသည်။ ဒါပေမယ့်လည်း တစ်ဦးနှင့်တစ်ဦးကြားမှာပြဿနာပဋိပက္ခအကြီးအကျယ်ဖြစ်လာနိုင်သော အခိုက်အတန့်များလည်းရှိလာနိုင်ပါသည်။ အောက်ဖော်ပြပါ အကြောင်းအချက်များကတော့ သင်၏အိမ်ထောင်ရေးကို တဖြည်းဖြည်းနှင့်ပျက်ဆီးစေနိုင်သည့် အကြောင်းအချက်များပင်ဖြစ်ပါသည်။

    ၁။ လိင်ဆက်ဆံဖို့ရှောင်ရှားခြင်း

    လက်ပွန်းတတီးနေခြင်းဟာ အိမ်ထောင်ရေးတစ်ခုကို အတူတကွစုစည်းပေးနိုင်သည့် အရေးပါသည့်အရာတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍ သင်ဟာ သင့်အိမ်ထောင်ဖက်နှင့် အတူနေဖို့ရှောင်ရှားနေခြင်း၊ လိင်ဆက်ဆံရေး၏ အရေးပါမှုကို ဥပက္ခာပြုနေသည်ဆိုပါက သင်ဟာ သင်တို့အိမ်ထောင်ရေးကို အန္တရာယ်ရှိသော အခြေအနေသို့ အရောက်ပို့နေခြင်းပင်ဖြစ်ပါသည်။ သင်ဟာ လိင်ဆက်ဆံဖို့ စိတ်ပါချင်မှပါပါလိမ့်မည်။ ဒါပေမယ့် ဒီလိုစိတ်မပါတာဟာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီဆိုပါက သင့်အိမ်ထောင်ဖက်အတွက် အဆင်မပြေဖြစ်လာပါလိမ့်မည်။ အိမ်ထောင်ရေးပညာရှင်တစ်ဦး အကြံပြုထားတာကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် မကောင်းမြင်စိတ်ထက် အကောင်းမြင်စိတ်နှင့်ကြည့်ဖို့ အကြံပြုထားပါသည်။ သင့်အိမ်ထောင်ဖက်ဟာ သင့်ကိုအတူနေဖို့တောင်းဆိုလာသောအခါ ဟင့်အင်းလို့ငြင်းမည့်အစား အကောင်းဘက်ကမြင်ပြီး သဘောတူလိုက်လျောဖို့အကြံပြုထားပါသည်။

    ၂။ အပြောအဆိုကျဲလာခြင်း

    စကားအပြောအဆိုမတတ်လျှင် လင်မယားများရန်များတတ်ပါသည်။ ဒါပေမယ့် လုံးဝစကားမပြောခြင်းကတော့ ပိုပြီးတော့အန္တရာယ်ရှိသော ပြဿနာတစ်ခုပင်ဖြစ်ပါသည်။ လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်စကားပြောခြင်း၊ တစ်ယောက်ပြောတာတစ်ယောက်နားထောင်ပေးခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် ပိုပြီးကိုယ်ချင်းစာပေးနိုင်မည်။ ဂရုဏာသက်ပေးနိုင်မည်။ ထို့အပြင် သူတို့ဘာလိုအပ်သလဲဆိုတာကိုပါ သိရှိနိုင်ပါသည်။ ပြဿနာဖြစ်ပေါ်လာလျှင်လည်း အတူတကွဖြေရှင်းနိုင်ပါသည်။ စကားအပြောအဆိုအဆက်အဆံကျဲလာခြင်း သို့မဟုတ် အေးတိအေးစက်ပြောဆိုခြင်းများသည် အိမ်ထောင်ဖက်အပေါ် အထင်အမြင်မှားခြင်းများနှင့်ပဋိပက္ခများကိုဖြစ်ပေါ်စေပါသည်။

    ၃။ အမြဲတစေ ရန်ဖြစ်နေသော စုံတွဲနှင့် အမြဲတစေ ရန်မဖြစ်သော စုံတွဲ

    သင့်မှာ စိတ်ညစ်စရာ တစ်ခုခုကြုံပြီးတဲ့အခါမှာ သင်ရဲ့ဒေါသတွေအတွက် ထွက်ပေါက်တစ်ခုတော့ လိုအပ်ပါလိမ့်မည်။ သို့သော် သင့်ဒေါသတွေကို သင်၏အိမ်ထောင်ဖက်အပေါ် ပုံချခြင်းအပြစ်တင်ခြင်းဟာတော့ ကောင်းမွန်တဲ့ထွက်ပေါက်တစ်ခုမဟုတ်ပါဘူး။ အကယ်၍ သင့်အိမ်ထောင်ဖက်နှင့် စကားများမည်ပြဿနာတက်ကြမည်ဆိုလျှင်ပိုပြီးတောင် စိတ်တိုစိတ်ညစ်စရာကောင်းပါလိမ့်မည်။ တချို့စုံတွဲတွေတော့ ရန်ဖြစ်ရမှာကို ကြောက်တဲ့အပြင် မည်သို့သော အကြောင်းနှင့်မျှ ရန်မဖြစ်အောင် နေကြပါသည်။ ရန်ဖြစ်ခြင်းကို ရှောင်ရှားကြပါသည်။ ထိုအတွဲတွေက တစ်ယောက်ပြောသမျှတစ်ယောက် သဘောတူခေါင်းညိတ်တတ်ကြပါသည်။ ထိုအခါမှာ အိမ်ထောင်ရေး၏စိတ်လှုပ်ရှားမှုက ကျဆင်းသွားနိုင်ပါသည်။ ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းခြင်းကတော့ ဤအရာနှစ်ခုကို ညီမျှအောင် ချိန်ထိုးသင့်ပါသည်။ ပဋိပက္ခအငြင်းပွားစရာရှိလာလျှင် အငြင်းပွားလိုက်ပါ။ လိုအပ်တဲ့အခါမှာလည်း ငြိမ်းချမ်းရေးပြန်ယူပြီး တစ်ယောက်နှင့်တစ်ယောက်ချစ်ချစ်ခင်ခင်ပြန်နေကြပါ။

    ၄။ ငွေကြေးပြဿနာ

    ငွေကြေးနှင့် ပက်သက်ပြီး အငြင်းပွားမှုများသည် ကွာရှင်းပြတ်ဆဲခြင်းများ၏ အဖြစ်အများဆုံး အကြောင်းအရင်းများ ဖြစ်ကြပါသည်။ ငွေကြေးနှင့် ပက်သက်ပြီး အရှုပ်အရှင်းများဖြစ်ပေါ်လာပါက လင်မယားများသည်ပို၍ခက်ထန်မာကြောသော စကားလုံးများကို အသုံးပြုလေ့ရှိကြပြီး ငွေကြေးကြောင့်ဖြစ်ပေါ်လာသော ထိုခက်ထန်မာကြောသောစကားလုံးများဟာ မေ့ပျောက်ဖို့နှင့် ခွင့်လွှတ်ပေးဖို့ခက်ခဲပါသည်။

    ၅။ တတိယလူ ကြားဝင်လာခြင်း

    အားလုံးခြုံကြည့်လိုက်လျှင် သင်နှင့်သင့်အိမ်ထောင်ဖက်သာ အရေးအကြီးဆုံးဖြစ်ပါသည်။ သင့်သူငယ်ချင်းနှင့် ဘယ်လောက်ခင်ခင် ၊ သင့်ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်ချစ်ချစ်၊ နောက်ဆုံးပြောရလျှင် သင့်ကလေးကိုပင် ဘယ်လောက်ချစ်ချစ် နေရာတိုင်းကို အကန့်များခွဲထားပါ။ မည်သူတစ်ဦးတစ်ယောက်ကြောင့်မှ သင်တို့နှစ်ယောက်၏ အိမ်ထောင်ရေးကို အထိခိုက်မခံပါနှင့်။

    ၆။ အသေးအဖွဲကိစ္စရပ်များပေါ်တွင် တဖျစ်တောက်တောက်ပြောခြင်း

    သင်၏ စိတ်မကျေနပ်ခြင်းများနှင့် ပတ်သက်ပြီး တောက်လျှောက်မြည်တွန်တောက်တီးခြင်း၊ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေ အပေါ်မှာတောင် ဥပမာ အိမ်အလုပ်လိုဟာ မျိုးအပေါ်မှာတောင် ပွစိပွစိပြောနေမယ်ဆိုလျှင် သင့်အိမ်ထောင်ဖက်ကိုစိတ်ရှုပ်စေပါသည်။

    ၇။ စိတ်စွဲလမ်းခြင်း

    သင်ဟာဖေ့စ်ဘွတ်နှင့် အခြားလူမှုရေးကွန်ယက်များကို အလွန်အမင်းစွဲလမ်းနေပါသလား သို့မဟုတ် သင်၏ ဝါသနာအကျင့်တစ်ခုခုကို အလွန်အမင်း စွဲလမ်းနေပါသလား။ အကယ်၍ သင်ဟာဖေ့စ်ဘွတ်အပါအဝင် လူမှုရေးကွန်ယက် သို့မဟုတ် သင်၏အခြားဝါသနာရပ်များကို သင်နှင့်သင့်အိမ်ထောင်ဖက်၏ နေ့စဉ် လုပ်နေကျ အလုပ်တွေ ထိခိုက်သည်အထိစွဲလမ်းနေပြီဆိုပါက သင်ဟာ သင်နှင့်သင့်အိမ်ထောင်ဖက်အကြား ဝေးကွာစေသော ကွက်လပ်တစ်ခုကို ဖန်တီးနေခြင်းသာဖြစ်ပါသည်။

    ၈။ အရေးပါသောဆုံးဖြတ်ချက်များအပေါ်တွင်အမြင်မတူခြင်း

    သင်သိထားဖို့က အရာရာတိုင်းကို သင့်သဘောနှင့်သင် ဆုံးဖြတ်လို့မရပါဘူး။ သင့်အိမ်ထောင်ဖက်နှင့် သေသေချာချာဆွေးနွေးပြီးတော့မှ အရေးပါသောဆုံးဖြတ်ချက်ကိုချပါ။ ဤသို့ဖြင့်နောက်ပိုင်းတွင်ပဋိပက္ခဖြစ်ခြင်းများ၊ အရှုပ်အထွးဖြစ်ခြင်းများကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement