backup og meta

နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ

    ချစ်သူဘဝကနေ မိသားစုလေး တစ်ခု စတင် ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦး မိသားစုဘဝလေးက အရမ်းကိုလှပနေမှာ ပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်း ပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ ဆန်လာပါ တော့မယ်။ ဘဝဆိုတာ အချစ် တစ်ခုတည်းမှ မပြီးတာလေ။ ဒီတော့ နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေ ကြိုတွေးသင့်ပြီလဲ ဆိုတာကို ပြောပြပေးမယ်နော်။

    ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေ တိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေ အတွက် အကောင်းဆုံး အကြံဉာဏ် တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘကို အသိပေးလို့ ကြည်ဖြူ သဘောတူညီမှုကို ရထားဖို့ လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခု ဖြစ်လာဖို့ အရေးပါတဲ့ အချက် တစ်ခုပါပဲ။

    သဘောတူ ကြတယ်ဆို နှစ်ကိုယ်ကြားတိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။

    နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ

    နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ ဆိုတော့

    (၁) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ

    ကိုယ့်ချစ်သူကို တကယ် ယုံကြည်ပြီလား၊ ယုံလို့ရော ရလား သုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှု ဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့ အရာတစ်ခု ဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။

    (၂) ဘယ်မှာနေကြမလဲ

    မိဘ အိမ်မှာပဲ အတူနေကြမှာလား၊ အိမ်ဝယ်မှာလား၊ အိမ်ငှားမှာလား ဆိုတာတော့ အရင်ဆုံး တိုင်ပင်ရပါလိမ့်မယ်။ ဟိုးရှေးကလို တဲအိုပျက်လည်း ရှိမှ မရှိတာလေ။ ကိုယ်တွေ စုထား ဆောင်းထားတာလေးတွေနဲ့ ပြင်ဆင်မလား၊ မိဘတွေက ကူညီထောက်ပံ့မှာလား ဆိုတာတော့ အခြေအနေချင်း မတူညီကြဘူးပေါ့နော့။

    (၃) ဝင်ငွေအခြေအနေဘယ်လိုရှိလဲ

    မိသားစု အသစ် စက်စက်လေးကို တည်ဆောက်တော့မှာ ဖြစ်တဲ့အတွက် အရာရာ အသစ်တွေ ချည်းပါပဲ။ တစ် ကနေ စတင်တဲ့ အချိန် လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်တိုင် ရပ်တည်နိုင် ရပါမယ်။ ပြောရရင် ကိုယ့်အထွာနဲ့ ကိုယ် ထိုက်သင့်တဲ့ အတိုင်းအတာတော့ ဝင်ငွေရှိသင့်တဲ့ အချိန် ဖြစ်ပါတယ်။

    (၄) သားသမီး ဘယ်အချိန်ယူမှာလဲ

    အိမ်ထောင်ပြုပြီးရင် ကလေး ဘယ်တော့ယူမှာလဲ၊ ဘယ်နှယောက် ယူမှာလဲ စတဲ့ မိသားစု စီမံကိန်းကိုလည်း ကြိုပြီး တိုင်ပင် ညှိနှိုင်းသင့်တယ်နော်။ ဒီအချက်ကို ဖယ်ထားလို့ ဘယ်ရမလဲ။ ကိုယ်တို့ နှစ်ဦးရဲ့ မျိုးဆက်သစ် ရတနာလေးတွေ ဆိုတာ မိသားစုမှာ အရေးကြီးဆုံးဖြစ်လာတော့မှာ။

    (၅) မိသားစုရှေ့ရေးအတွက် ဘာတွေအစီအစဉ်ရှိလဲ

    ကိုယ်တိုင် တည်ဆောက်တဲ့ မိသားစုလေး အတွက် ငွေရှာမယ်၊ ကျွေးမွေးမယ်၊ စောင့်ရှောက်မယ် ဆိုတာနဲ့ မပြီးပါဘူး။ နောင်ရေးအတွက် စုတာဆောင်းတာ အစီအစဉ် တစ်ခုခု ရှိထားသင့်ပါတယ်။ ဥပမာ – ဘဏ်မှာ ငွေစုထားမလား၊ လုပ်ငန်းလေးလုပ်ထားမလား စတာတွေပေါ့။ ဒီနေရာမှာ အရင်ကတွေးလေ့မရှိကြတာတစ်ခုက မိသားစုအတွက် အာမခံတစ်ခုခုထားဖို့ပါပဲ။

    လက်ထပ်ကာစမှာ ဘာလို့ အာမခံထားသင့်လဲဆိုတော့ စတဲ့အချိန်စောလေ အာမခံကြေးက ပိုတန်ဖိုးများလေ မို့လို့ပါပဲ။ အသက်အာမခံ၊ကျန်းမာရေးအာမခံ၊ သဘာဝဘေး အာမခံ၊ ပိုင်ဆိုင်မှုအာမခံ စတဲ့အမျိုးအစားအစုံရှိပါတယ်။ မိသားစုမှာ ဆုံးရှုံးနစ်နာတာ တစ်စုံတစ်ခု ရှိလာတာနဲ့ ဖြေရှင်းပေးမယ့် အကူအညီ ရနိုင်တာပေါ့။

    သာယာပျော်ရွှင်ရတဲ့ မိသားစု အသိုက်အမြုံလေးတည်ဆောက်မယ့် သူတွေအတွက် ဒီအချက်လေးတွေကို ထည့်စဉ်းစားသင့်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement