backup og meta

ကျွမ်းကျင်သူများ ပြောပြသောအိမ်ထောင်ကွဲခြင်း အကြောင်းရင်း၈ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွမ်းကျင်သူများ ပြောပြသောအိမ်ထောင်ကွဲခြင်း အကြောင်းရင်း၈ခု

    သင်၏နေ့စဉ်အပြုအမူတို့က သင့်အိမ်ထောင်ရေးကို ဖျက်ဆီးနိုင်ပါသည်။ သုတေသနအဆိုအရ နှစ်ဦးသားဆက်ဆံရေးတွင်ကြီးမားသော ပြဿနာများကိုဖြစ်စေသည်မှာ သေးငယ်သောအမှုကိစ္စများက စသည်ဟုဆိုပါသည်။ သတင်းကောင်းတစ်ခုကတော့ သင့်တွင် ထိုအကျင့်ဆိုးများရှိရုံဖြင့် အိမ်ထောင်ကွဲမည်ဟုမဆိုလိုပါ။ လေ့လာချက်တစ်ခုအရ စုံတွဲများ ပြုလုပ်ကြိုးစားကြည့်နိုင်သော အရာများစွာရှိပါသည်။ ထိုသို့ဆိုလျှင် အောက်ပါ အချက်လေးများကို လေ့လာဆင်ခြင်ကြည့်ပါ။

    ကျွမ်းကျင်သူများပြောပြသောအကျင့်ဆိုးများ

    (၁)တစ်ဦး၏မကောင်းသတင်းကိုတစ်ဦးကကွယ်ရာတွင်ပြောခြင်း

    သင့်၏အိမ်ထောင်ဖက်အကြောင်း ကွယ်ရာတွင်စကားအတင်းဆိုခြင်းသည် မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့်အမျိုးသမီးများသည် ထိုကဲ့သို့သဘောရှိသောအမျိုးသမီးချင်းဆုံမိသောအခါတွင် ပို၍ပြောမိတတ်ကြသည်။ သင်နှင့်ရင်းနှီးသူများက သူတို့၏ခင်ပွန်းသည်များ မကောင်းကြောင်းကိုပြောမိကြသည့်အခါ သင်ပါအလိုလို ထိုစကားဝိုင်းထဲ ရောက်သွားလိမ့်မည်။ သို့သော်ထိုကိစ္စသည် အသေးအဖွဲတော့မဟုတ်ပါ။ သင့်ခင်ပွန်းသည်က ထိုအကြောင်းကိုသိရှိသွားလျှင် သူ့အပေါ်ထားသော သင်၏လေးစားမှုကိုသိရှိသွားပြီး ဆက်ဆံရေးအဖုအထစ်ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့်ဝေဖန်ပြစ်တင်မဆုံးဖြစ်လာပြီး သင်မသိလိုက်ခင်မှာပင် သင်တို့ဆက်ဆံရေးသည် လျှင်မြန်စွာပျက်စီးအေးစက်သွားပေလိမ့်မည်။

    (၂)ခင်ပွန်းသည်မဖြစ်ချင်သည်များကို ပုံသွင်းရန်ကြိုးစားခြင်း

    သင့်အနေဖြင့် သင်၏အမျိုးသားကို အခြားသူတို့၏ခင်ပွန်းသည်တို့ကဲ့သို့တည်တံ့ခန့်ညားစွာနေရန်စေခိုင်းခြင်း(သို့မဟုတ်) အခြားသူများနှင့် သူ့ကိုနှိုင်းယှဉ်ခြင်းက အတော်ဆိုးသောအမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။ သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း အလုံးစုံမဖြစ်နိုင်သည်ကို သင့်အနေဖြင့်သတိရသင့်သည်။ သင့်သူငယ်ချင်းများက သင့်ခင်ပွန်းကို အားကျ၊ မနာလိုခြင်းမျိုးပင်ရှိနေနိုင်ပါသည်။ သို့ဖြစ်၍ သင်သဘောမကျ စိတ်မတွေ့၍ ဗိုက်ခေါက်ဆွဲလိမ်ချင်သော အမူအကျင့်မျိုးပင်ပြုမူပါစေ၊ ပြဿနာမရှာပါနဲ။ နူးညံ့ညင်သာသော နည်းကိုသာသုံး၍ အကောင်းဘက်ရောက်အောင် အားထုတ်ပါ။

    (၃) မိမိအိမ်ထောင်ဖက်၏နေရာမှ နေ၍ တစ်ခါမှမစဉ်းစားခြင်း

    အမျိုးသားများအနေဖြင့် အခြားသူများ၏သဘောထားကို နားလည်ခြင်းသိပ်မရှိဟုဆိုပါက သင်လက်ခံနိုင်ချင်မှ လက်ခံလိမ့်မည်။ ကျွမ်းကျင်သူများကမူ အမျိုးသမီးများက ကိုယ်ချင်းစာတရား ပိုရှိကြပြီး အမျိုးသားများက ထိုစွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ဖို့လိုအပ်သည်ဟု ဆိုပါသည်။ ထိုသို့ဆိုခြင်းဖြင့် အမျိုးသမီးများကပဲ အမြဲနားလည်ပေးနေရမည်ဟု မဆိုလိုပါ။ အမျိုးသားများကလည်း သူတစ်ပါးခံစားချက်ကို နားလည်လိုကြပါတယ်။ ပြဿနာတစ်ခုကို နှစ်ယောက်နှစ်လုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကိုယ်ချင်းစာနားလည်ပြီး ဖြေရှင်းဖို့ကြိုးစားပါ။

    (၄) ရန်လိုရန်ထောင်ခြင်း

    အမျိုးသမီးများသည် ကိစ္စတစ်ခုဖြေရှင်းရာတွင် အမျိုးသားများထက် ပို၍ရန်လိုတတ်သည်။ အဘယ်ကြာင့်မူအမျိုးသားများသည် စိတ်ပြေငြိမ်းလွယ်ပြီး အခြေအနေ တစ်ခုကိုဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိကြသော်လည်း အမျိုးသမီးများကမူ မပြီးနိုင်မစီးနိုင် ခံစားတတ်ကြသည်။ ထို့ကြောင့်ပဋိပက္ခ္ခဖြစ်တိုင်း ဆူပူအော်ဟစ်ခြင်းကိုလျှော့ပါ။ သူကသင့်ဘက်တွင်ဘာကြောင့်မရှိရခြင်းကိုသာ အဖြရှာပါ။

    (၅)ရန်ဖြစ်ခြင်းကို ရပ်တန့်သင့်မှန်း မသိခြင်း

    အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက အဆုံးသတ်ရန် ခက်ခဲတတ်သည်။ တစ်ဦးဦးကဖြေလျှော့ပေးခြင်းဖြင့် ပြဿနာကိုဖြေရှင်းရလွယ်ကူစေပြီး စကားပြောရလည်းလွယ်ကူစေသည်။ တစ်ခါတစ်ရံ ရှေ့ဆက်ပြောဆိုဖို့ ပင်ခက်ခဲတာမျိုးကြုံရနိုင်သည်။ ထိုအချိန်မျိုးတွင် အငြင်းပွားမှုကိုခဏရပ်ခြင်း နောက်မှဆွေးနွေးခြင်းမျိုးပြုရန် မစဉ်းစားမိကြပေ။ ထိုသို့သာတွေးမိပါကသင်တို့ကို အိမ်ထောင်ကွဲမှုမဖြစ်စေဘဲ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်မှုကိုသာ ရစေမည်ဖြစ်သည်။

    (၆)ဟန်ဆောင်ခြင်း

    သင့်အနေဖြင့် တည်ငြိမ်စိတ်ပြေဟန်ဆောင်နေသော်လည်း သင့်ခန္ဓါကိုယ်က ထိုသို့မဟုတ်မှန်းပြနေသည်။ ထိုသို့မကြာခဏဟန်ဆောင်ပြီး သင့်အိမ်ထောင်ဖက်ကို သင်ခံစားနေရသည်များကို ဖွင့်ဟမပြောဘဲ ဖုံးကွယ်ထားပါက ကြာလျှင် ခင်ပွန်းသည်က သင့်ကိုနားလည်ဖေးမမှုနှင့် သင့်ပြဿနာများကို ဖြေရှင်းပေးလိုစိတ်များ နည်းပါးသွားပါလိမ့်မည်။

    (၇) ပွင့်လင်းစွာ ဖွင့်မပြောခြင်း

    သင့်အား အနှောင့်အယှက်ဖြစ်စေသော အရာများကို ဖွင့်ထုတ်မပြောဘဲ အဆင်ပြေဟန်ဆောင်နေခြင်းက သင်တို့နှစ်ယောက်ဆက်ဆံရေးကို ကောင်းမွန်အောင် ကြိုးစားနေရာမရောက်ပါ။ ဒီလိုဆိုလျှင် သူနဲ့ ရန်ဖြစ်ခိုင်းခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံနှစ်ဦးသားသဘောထား မတိုက်ဆိုင်မှုများကို ဖွင့်ထုတ်ဖြေရှင်းခြင်းက တအုံ့နွေးနွေးနေခြင်းထက် ကောင်းမွန်သည်ဟုဆိုလိုပါသည်။

    (၈) ပြဿနာများကို ဖြေရှင်းရန် ဝန်လေးခြင်း၊ အချိန်ဆွဲခြင်း

    သင့်အနေဖြင့် ပြောရခက်သော မပြောမဖြစ်စကားမျိုးကို ဆိုရန်ဝန်လေးတာမျိုးရှိလိမ့်မည်။ သို့သော် သူ့အချိန်နှင့်သူဖြေရှင်းမှ အကျဉ်းအကြပ်သို့မရောက်ဘဲ ပြေလည်မည်ဖြစ်သည်။ မနှစ်မြို့သောအကြောင်းအရာများကို ချန်လှပ်ထားသောအခါ ကြာလေ ဖေရှင်းရခက်လေဖြစ်လာတတ်သည်။ ထိုသို့ဆိုလျှင် သင့်မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီလား ။ ထိုသို့အဓိပ္ပါယ်မသက်ရောက်ပါ။ တစ်ခုသာသတိရပါ။ သင် အချိန်ဆွဲထားတာကြာလေ သင်တို့အိမ်ထောင်ရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အချိန်ပိုကြာလေဆိုတာပါပဲ။

    အောင်မြင်သော အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့နှစ်ဦးစလုံး အားစိုက်ထုတ်ဖို့လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement