လူရယ်လို့ဖြစ်လာရင် လူ့အသိုင်းအဝိုင်းဆိုတာ လိုအပ်ပါတယ်။ မိတ်ဆွေဖွဲ့တာက လူမှုပတ်ဝန်းကျင် ကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့နေရာမှာလည်း ခင်မင်မှုအဓွန့်ရှည်စေဖို့ အချက်အများအပြားလိုအပ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်ခြင်းကလည်း အဆိုပါအချက်များစွာထဲက တစ်ချက်ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လက်ရှိဆက်ဆံရေး တွေကိုခိုင်မြဲစေရုံသာမက အခြားမသိသေးသူတွေနဲ့ မိတ်ဆွေဖွဲ့ရာမှာလည်းအသုံးဝင်ပါတယ်။ လူတိုင်းဟာသူတို့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုပေးတာမျိုး လိုချင်ကြပါတယ်။ တကယ်လို့ မိတ်ဆွေတိုးချင်တယ်ဆိုရင်တော့ လူတွေကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့။
၂။ ကျေးဇူးတင်စကားဆိုတာက ကောင်းမွန်စွာအိပ်စက်ခွင့်ရစေပါတယ်။
အသုံးချစိတ်ပညာမှာဖော်ပြခဲ့တဲ့လေ့လာမှုအရ ကျေးဇူးတင်စကားဆိုတတ်တဲ့ သူတွေဟာ အခြားသူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရပါတယ်။ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို မခံစားရသလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်တာကိုတွေ့ရပါတယ်။ အိပ်စက်မှုဆိုင်ရာပြဿနာ ဖြစ်ပေါ်နေမယ်ဆိုရင်ပဲဖြစ်ဖြစ် အိပ်ဆေးသောက်မှ အိပ်ပျော်တယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးဇူတင်စကားဆိုတဲ့ အလေ့အကျင့် ကုထုံးကိုသုံးကြည့်ပါ လို့ပြောပါရစေ။ စာရွက်နဲ့ဘောလ်ပင်ယူပြီး ဘဝမှာတွေ့ကြုံခဲ့ ရတဲ့ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကိုရေးချပါ။ တကယ်လို့များ အမြင်အာရုံ၊ အကြားအာရုံ၊ လက်တွေခြေတွေဆုံးရှုံးခဲ့ရင် ဘယ်လိုများနေမလဲဆိုတာကိုတွေးကြည့်ပါ။ အခုထိ ဒီအရာတွေရှိနေသေးတာကို ကျေးဇူးတင်လိုက်ပါ။ တစ်ခါတရံမှာ တန်ဖိုးရှိတဲ့အရာတွေက အရမ်းကိုမြင်သာပြီး ကျွန်တော်တို့က ၎င်းတို့ရဲ့တန်ဖိုးအစစ်အမှန်ကို နားမလည်ပဲဖြစ်နေတတ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ကျေးဇူးတင်လောက်တဲ့အရာတွေကို တွေးတောရေးမှတ်တာက အိပ်စက်ရာမှာ ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်စေမှာဖြစ်ပြီး သင်ကအရမ်းကိုကံကောင်းတဲ့သူတစ်ဦးဆိုတာကို သိခွင့်ရ စေမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။