အစားသောင်းကျန်းတဲ့ သူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတွေ့နေ မြင်နေရမှာပါ။ အခုပဲ ထမင်းစားပြီးတယ်၊ ဗိုက်က ထပ်ဆာလာပြန်ပြီ၊ ဟိုဟာလေး စားချင်လိုက်တာ၊ ဒီဟာလေး စားချင်လိုက်တာ ဆိုပြီး ပြောနေကြတာ၊ ညဆိုရင် မအိပ်ဘဲ ရေခဲသေတ္တာတွေ၊ ကြောင်အိမ်ထဲ ဝင်မွှေနှောက် တွေ့ရာ ထမင်း၊ ဟင်း၊ မုန့်၊ အအေး ဘာမှမချန်ဘဲ အကုန် ပါးစပ်ထည့် စားပစ်လိုက်တာ စသဖြင့် ပုံစံမျိုးစုံတွေ့ရတတ်ပါတယ်။