backup og meta

စိတ်ဝေဒနာ ဆိုတာဘာလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဝေဒနာ ဆိုတာဘာလဲ

    စိတ်ဝေဒနာ ဆိုတာဘာလဲ ဆိုတော့ စိတ်ဝေဒနာ ဆိုတာ ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခုဖြစ်ပါတယ်။ အတွေးအခေါ်ပိုင်း၊ စိတ်ခံစားမှု အပိုင်းမှာ လက်တွေ့နဲ့ လွတ်ကင်းပြီးတော့ မှားယွင်းနေတတ်ပါတယ်။

    စိတ်ဝေဒနာ ဆိုတာဘာလဲ

    စိတ်ဝေဒနာ ဆိုတာဘာလဲ ဆိုတာကို အတူတူ ပြောကြည့်လိုက်ရအောင်နော်။

    ဖြစ်နိုင်ခြေများ

    စိတ်ဝေဒနာဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုပေါင်းများစွာမှာ ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါ အခြေအနေတွေ ပါဝင်ပါတယ်။

    ဆေးဝါးများကြောင့်ဖြစ်သော စိတ်ဝေဒနာ။ ဆေးဝါးများသောက်သုံးမှု၊ ဆေးဖြတ်တောက်မှု စတာတွေကြောင့် ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ဆေးခြောက်၊ အင်ဖက်တမင်း စတဲ့ဆေးတွေ ဖြစ်ပါတယ်။ စိတ်ဝေဒနာလက္ခဏာများဟာ အချိန်အတိုင်းအတာ တခုအထိ ကြာနိုင်ပါတယ်။

    ရေတိုတန်ပြန်သော စိတ်ဝေဒနာ။ ရောဂါလက္ခဏာဟာ စိတ်ဖိစီးမှုကြီးကြီးမားမား ကြုံပြီးတဲ့အခါ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။

    စိတ်ကစဉ့်ကလျားဖြစ်ခြင်း။ အနည်းဆုံး ၆လခန့် ကြာအောင် ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်သူတွေဟာ အပြည့်အ၀ ပြန်ကောင်းနိုင်ပြီး ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါတယ်။

    စိတ်ကြွစိတ်ကျဝေဒနာ။ ဒီပြသနာကြောင့် စိတ်ဝေဒနာ ကြုံလာနိုင်ပါတယ်။

    စိတ်ကျခြင်း။ ဆိုးဆိုးရွားရွား စိတ်ဓါတ်ကျဆင်းနေသူတွေမှာ စိတ်ဝေဒနာဖြစ်နိုင်ပါတယ်။

    လက္ခဏာများ

    တွေ့ရများတဲ့ လက္ခဏာတွေကတော့

    ကနဦအဆင့် စိတ်ဝေဒနာ

    – အာရုံစိုက်ရခက်ခဲခြင်း

    – စိတ်ဓါတ်ကျခြင်း

    – အိပ်စက်မှုပုံစံပြောင်းခြင်း (အလွန်အိပ်ခြင်း၊ သိပ်ပြီးမအိပ်ခြင်း)

    – စိုးရိမ်ပူပန်ခြင်း

    – သံသယလွန်ကဲခြင်း

    – မိသားစု မိတ်ဆွေများနှင့် ခွဲခွာနေခြင်း

    – ပုံမှန်မဟုတ်သော အတွေးအခေါ် ယုံကြည်မှုများရှိခြင်း

    နောက်ပိုင်းအဆင့် စိတ်ဝေဒနာ

    – ယုံမှားလွန်ခြင်း

    – စိတ်ဓါတ်ခြောက်ခြားခြင်း

    – စကားပြောရာတွင် အစီအစဉ်တကျမရှိဘဲ ပြောဆိုတတ်ခြင်း

    – စိတ်ဓါတ်ကျခြင်း

    – စိုးရိမ်ပူပန်ခြင်း

    – မိမိကိုယ်ကိုသေကြောင်းကြံလိုသော အတွေးများ၊ လုပ်ရပ်များ ဖြစ်ပေါ်လာခြင်း

    – လုပ်ကိုင်ဆောင်ရွက်ရာတွင် ခက်ခဲခြင်း

    အကြောင်းအရင်းများ

    ဒီပြသနာကို ဖြစ်စေတဲ့ အကြောင်းအရင်း တခုထက်မက ရှိတတ်ပါတယ်။ အဲဒါတွေကတော့

    – Parkison ရောဂါ၊ Hungtington ရောဂါ စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများနဲ့ ခရိုမိုဆုမ်းဆိုင်ရာ ရောဂါများ

    – ဦးနှောက်အကျိတ် အရည်အိတ်ဖြစ်ခြင်းများ

    – မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ

    – HIV ကူးစက်ခြင်း၊ ကာလသားရောဂါနှင့် အခြား ဦးနှောက်ကို ထိခိုက်နိုင်သော ရောဂါများ

    – အတက်ရောဂါအချို့

    – လေဖြတ်ခြင်း စတာတွေ ဖြစ်ကြပါတယ်။

    ရောဂါရှာဖွေခြင်းနှင့် စမ်းသပ်ချက်များ

    စိတ်ဝေဒနာဆိုတာ ရောဂါမဟုတ်ဘဲ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ရောဂါရှာဖွေခြင်းနည်းတွေနဲ့ ရောဂါရင်းမြစ်ကို သိနိုင်ပါတယ်။ လက္ခဏာတွေဆိုတာ ရောဂါရင်းမြစ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ကုသသူတွေဟာ ရောဂါရာဇဝင်၊ မိသားစုရာဇဝင် စတာတွေကနေ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေအထိ ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်ပါတယ်။

    ကုသမှုများ

    ရောဂါကုထုံးတွေဟာ စိတ်ဝေဒနာကို ကုသဖို့ အရေးကြီးပါတယ်။ အောက်ပါ ကုထုံးတွေ ပါဝင်ပါတယ်။

    – သိမှတ်မှု အပြုအမူပိုင်းဆိုင်ရာကုထုံး။ ဒီကုထုံးဟာ ဝေဒနာရှင်တွေကို သူတို့ကြုံတွေ့နေရတာတွေဟာ တကယ့်အစစ်အမှန်လား တကယ်မဟုတ်ဘူးလား ဆိုတာ အကဲဖြတ်ဖော်ထုတ်ပေးစေပါတယ်။

    – အထောက်အကူပြု စိတ်ပိုင်းဆိုင်ရာကုထုံး။ ကုသသူဟာ ဝေဒနာရှင်ရဲ့ အတွေးအကြံတွေ ပိုကောင်းအောင်၊ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေ လျော့သွားအောင် ကူညီပေးပါတယ်။

    – သိမြင်မှု တိုးတက်မှုပိုင်းဆိုင်ရာ စိတ်ကုထုံး။ သိမြင်နားလည်မှုနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ တွေးခေါ်မှုကို အစီအစဉ်ကျနစေတာတွေဟာ ကုသမှုရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

    – မိသားစု စိတ်ပိုင်းဆိုင်ရာ ထောက်ပံကူညီမှု။ ဝေဒနာရှင်ရဲ့ မိသားစုကပါ ကုသရေးမှာ လိုက်ပါဆောင်ရွက်ပြီး ပြသနာတွေဖြေရှင်းပေးတာ တဦးဆီကတဥိး သင်ယူတာ စတာတွေ ပါဝင်ပါတယ်။

    ဆေးဝါးကုသမှုများ

    ပထမမျိုးဆက် စိတ်ဝေဒနာကုဆေးဝါးများ။ ဒီဆေးတွေဟာ လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြသနာတွေ၊ ကြွက်သားတုန်ခါတာတွေ (ရေတိုရေရှည်) တောင့်တင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

    ဒုတိယမျိုးဆက် စိတ်ဝေဒနာကုဆေးဝါးများ။

    – သူတို့ကို ပုံစံကွဲဆေးများလို့လည်း ခေါ်ပါတယ်။ သူတို့ဟာ dopamine ဓါတ်ကို သိပ်ပြိး မပိတ်ဆို့ဘဲ လှုပ်ရှားမှုပိုင်းပြသနာတွေကိုလည်း နည်းစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement