မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံးလုပ်မိတာကဖေ့ဘုတ်ခ် စဖွင့်တာများလား။ အခုနောက်ပိုင်းမှာလူတော်တော်များများလုပ်မိနေကြတာက မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်အရင်ဆုံးလုပ်မိတာက ဖုန်းဖွင့်ပြီးဖေ့ဘုတ်ခ်ကြည့်တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်လို့ပြောပါရစေ။
ဖေ့ဘုတ်ခ်ရှိတာကကောင်းတာရှိသလို ဆိုးတာတွေလည်းရှိပါတယ်။ အဝေးရောက်နေတဲ့ လူတွေကို အလွယ်တကူဆက်သွယ်ထိတွေ့ခွင့်ရစေနိုင်သလို သိချင်တာတွေကိုလည်း အလွယ်တကူရှာလို့ရပါတယ်။ ဒါပေမယ့် အရာရာက တန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ကိုယ်အသုံးပြုတဲ့ပုံစံပေါ်မှာမူတည်ပြီးကောင်းတာတွေဖြစ်လာနိုင်သလို ဆိုးတာတွေလည်းဖြစ်လာနိုင်ပါတယ်နော်။
ဖေ့ဘုတ်ခ်ကြောင့်ဘာတွေဖြစ်နိုင်သလဲ
လေ့လာမှုတွေအရဖေ့ဘုတ်ခ်ကိုအလွန်အကျွံအသုံးပြုသူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေတိုးလာသလို၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါခံစားရနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးပြုတာများလာလေလေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေများလာလေလေပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ စွဲလမ်းလွန်းသူတွေဟာ စိတ်အားထက်သန်မှုလျော့ကျလာတယ်လို့လည်းသိရပါတယ်။
ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ
ဖေ့ဘုတ်သုံးတဲ့အခါ အစားအသောက်တွေကို စားဖို့မေ့နေတာမျိုးတွေဖြစ်နိုင်သလို ဆီးတွေဝမ်းတွေမသွားဘဲအောင့်ထားတာမျိုးဖြစ်နိုင်ပါတယ်။ဖေ့ဘုတ်ခ်သုံးရင်း အိပ်ရာဝင်နောက်ကျတာမျိုးဖြစ်နိုင်ပါတယ်။ မျက်လုံးအားစိုက်ရလွန်းတာကြောင့် မျက်ကြောတွေထိခိုက်နိုင်သလို တစ်ချိန်လုံးအာရုံစိုက်နေရတဲ့အတွက် ဇက်ကြောတွေတာင့်တင်းတာ၊ လက်ကကြွက်သားတွေတောင့်တင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ခါးနာတာနဲ့ လက်ကောက်ဝတ်နာကျင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ ဒါတွေကရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့။နောက်ထပ်ဖြစ်လာနိုင်တာကတော့ ပုံမှန်လုပ်နေကျလှုပ်ရှားမှုတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်မိတာကြောင့် ကိုယ်အလေးချိန်တက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ
ဖေ့ဘုတ်ခ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလည်းရှိနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးများတဲ့သူတွေဟာ အခြားသူတွေထက် စိတ်ပူပန်မှုပိုများကြသလို စိတ်ပိုင်းဆိုင်ရာမသက်မသာဖြစ်တာကိုခံစားရနိုင်ခြေကလည်း ပိုများနေပါတယ်။ ဖေ့ဘုတ်ခ်အသုံးပြုမှုကြောင့် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာနဲ့ စိတ်ပူပန်တာတွေခံစားရနိုင်ခြေက အတော်လေးများနေပါတယ်။ နောက်တစ်ချက်က စိတ်ထိခိုက်မှုကိုခံရနိုင်ခြေပိုများနေတာပါ။
ဖေ့ဘုတ်ခ်ကြောင့် ဒီလိုတွေလည်းထိခိုက်နိုင်ပါသေးတယ်
[embed-health-tool-bmi]