backup og meta

အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့်အရာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 03/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့်အရာများ

    လူတိုင်းလူတိုင်းဟာ သူတို့အလုပ်တွေပြီးစီးနိုင်ဖို့ အာရုံစူးစိုက်မှုလိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေကိစ္စတစ်ခုခုကြောင့် စူးစိုက်မှုပျက်ပြားတတ်တယ်။ ဒါကြောင့် ဒီလိုအာရုံလွဲတာတွေ မဖြစ်ရအောင် အာရုံစူးစိုက်မှုပျက်ပြားစေတဲ့ အချက်လေးတွေသိထားသင့်ပါတယ်။

    အလုပ်များများ တစ်ခါတည်းလုပ်ခြင်း

    အတော်များများတွေးကြတာက အလုပ်များများ တစ်ခါတည်းလုပ်ခြင်းဟာ အချိန်ကုန်သက်သာစေတယ် ဆိုတာပါပဲ။ တကယ်တော့ မမှန်ပါဘူး။ အလုပ်တစ်ခုကနေတစ်ခုကိုအာရုံပြောင်းနေရတာကအချိန်ပိုကုန်စေပါတယ်။ အလုပ်တွေကအာရုံစူးစိုက်မှု သိပ်မလိုရင် ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်နေမှသာအလုပ်များများ တစ်ခါတည်းလုပ်သင့်တယ်။

    ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများ

    ဖုန်းနဲ့ စကားပြောရင်အချိန်တော်တော်ကုန်ပါတယ်။ ချက်ချင်းဖုန်းသံမြည်လာတာကလဲကိုယ်စိတ်အာရုံကိုပျက်စေတတ်တယ်။ ဒါ့အပြင် လူမှုဆက်သွယ်ရေးတွေဖြစ်တဲ့ facebookနဲ့ twitter တို့ကသင့်ကို လိုင်းပေါ်မှာကြာကြာရှိစေနိုင်ပြီးလိုင်းသုံးတာ chatting ထိုင်တာအတွက် အချိန်တော်တော်ပုပ်သွားစေနိုင်တယ်။

    မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေခြင်း

    မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေတာကလက်ရှိအလုပ်ပေါ်အာရုံစူးစိုက်မှုလျော့စေတယ်။ နည်းလမ်းတစ်ခုကတော့ မပြီးသေးတဲ့ အလုပ်တွေကိုစာရွက်တစ်ခုပေါ်ချရေးတာပါ။ အံ့သြစရာကောင်းတာကဒါဟာသင့်ကိုကောင်းကောင်းနားရစေတယ်။

    ဗိုက်ဆာခြင်း

    ဗိုက်ဆာပြီး အားပြတ်နေတာဟာ အာရုံစူးစိုက်မှုပျက်စေတတ်တယ်။ ဒါကြောင့် သင့်တစ်နေ့တာကိုဗိုက်ဟောင်းလောင်းနဲ့ မစတင်ပါနဲ့။ တူညီတာတစ်ချက်ကလဲသင်ပင်ပန်းနေရင် အာရုံလွတ်နိုင်တယ်။ အကြောင်းရင်းကတော့ သင်အိပ်ရေးမဝလို့ပါ။ အကောင်းဆုံးနည်းကတော့ ညဘက်၈နာရီပြည့်အောင်အိပ်ပါ။ အလုပ်လုပ်ဖို့ပင်ပန်းနေရင်လည်း တစ်ရေးလောက်အိပ်နိုင်ပါတယ်။

    အလုပ်အရမ်းများနေခြင်း

    လုပ်စရာတွေကတောင်လိုပုံနေတဲ့အခါ သင့်မှာအသက်ရှူ ရတောင်ခက်လာပြီးအာရုံမစိုက်နိုင်တော့ပါဘူး။ ဒီကိစ္စကိုstress လို့လည်းခေါ်ပါတယ်။ ခံစားရတာတွေကတော့ ခေါင်းကိုက်တာ ရင်တုန်တာနဲ့ ဇက်ကြောတက်တာတွေဖြစ်ပါတယ်။

    ပျင်းရိခြင်း

    ကျွန်တော်တို့ပျင်းရိငြီးငွေ့လာပြီဆိုရင် လုပ်နေတဲ့အလုပ်ကလွဲပြီးကျန်တာတွေကတော်တော်စိတ်ဝင်စားဖို့ကောင်းလာတတ်တယ်။ ဒီအချက်ကိုဖြေရှင်းဖို့ကကောဖီသောက်ဖို့နားတာတို့ဘာတို့လုပ်ပြီးမှ အလုပ်ဆက်လုပ်ပါ။

    အာရုံစူးစိုက်မှုပျောက်ဆုံးနေတာဟာ ဖန်တီးနိုင်စွမ်းကိုကျစေရုံသာမက စိတ်ပျက်စရာလည်းဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ စူးစိုက်မှုကောင်းတာဟာ အလုပ်နဲ့စာမှာပါ ဖန်တီးမှုအားကောင်းစေပါတယ်။ ဒီလို အာရုံစူးစိုက်မှုပျက်ယွင်းစေတဲ့အရာတွေကနေ ဝေးဝေးနေပြီး အလုပ်ကိုအောင်မြင်အောင်လုပ်တတ်ပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 03/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement