backup og meta

ဗီဒီယိုဂိမ်းစွဲလမ်းမှုအကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီဒီယိုဂိမ်းစွဲလမ်းမှုအကြောင်း သိကောင်းစရာများ

    ယနေ့ခေတ်မှာ အွန်လိုင်းဂိမ်းတွေ တစထက်တစ ခေတ်စားလာတာကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ခန့်မှန်းချက်များအရ ကမ္ဘာပေါ်မှာ ကွန်ပျူတာဂိမ်းကစားသူပေါင်း တစ်ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ လူငယ်အများစုအတွက် ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်း၊ လက်ကိုင်ဂိမ်း ကစားခြင်းဟာ နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ဖြစ်နေပြီး အချို့လူငယ်တွေဆိုရင် ဂိမ်းစွဲလမ်းမှုပြဿနာကို ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

    ဂိမ်းစွဲလမ်းမှုဆိုတာဘာလဲ

    လူတစ်ယောက် ဂိမ်းစွဲလမ်းတဲ့အခါ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝရည်မှန်းချက်တွေ တဖြည်းဖြည်း ပျက်ပြားလာမှာ ဖြစ်ပါတယ်။

    သတိပြုသင့်တဲ့ ဂိမ်းစွဲလမ်းမှုလက္ခဏာတွေကတော့

  • ဂိမ်းကစားသည့် အချိန်အတိုင်းအတာ တဖြည်းဖြည်းများလာခြင်း
  • အခြားလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေစဉ် ဂိမ်းအကြောင်း တွေးမိနေခြင်း
  • လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် ပြဿနာများ၊ စိုးရိမ်ပူပင်မှု၊ စိတ်ဓါတ်ကျဆင်းမှုတို့မှ လွတ်မြောက်ရန် ဂိမ်းကစားခြင်း
  • ဂိမ်းကစားမှုကို ဖုံးကွယ်ရန် သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များကို လိမ်ညာခြင်း
  • ဂိမ်းကစားခြင်းကို လျော့ချဖို့ ကြိုးစားတိုင်း နေမထိထိုင်မသာဖြစ်ခြင်း
  • လူတွေ ဗီဒီယိုဂိမ်းကစားရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။

    ကွန်ပြူတာနဲ့ ဗီဒီယိုဂိမ်းကစားတဲ့အခါ မိမိတို့ရဲ့ ပင်ကိုယ်မူလပုံစံနဲ့ မတူကွဲပြားစွာ ပြုမူနိုင်ပါတယ်။ ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ ကလေးတစ်ယောက်ဟာ ရန်လိုကြမ်းတမ်းလာနိုင်သလို ရှက်ကြောက်တတ်တဲ့ ကလေးတစ်ယောက်ဟာလည်း ရုတ်တရက် အပေါင်းအသင်းမက်လာနိုင်ပါတယ်။

    ဒုတိယအချက်ကတော့ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ စွမ်းအားမရှိသလို ခံစားနေရတဲ့ လူငယ်တွေဟာ ဂိမ်းကစားခြင်းအားဖြင့် စစ်တပ်တစ်တပ်လုံးကို အမိန့်ပေးနိုင်ပြီး ကိုယ့်စိတ်ကြိုက် ကားမောင်းနိုင်၊ တိုက်ပစ်နိုင်သလို လက်တွေ့ဘဝအပေါ် သက်ရောက်မှုမရှိဘဲ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ ဗြောင်းဆန်အောင် ပေါက်ကွဲပစ်နိုင်တဲ့ အခွင့်အရေး အလိုအလျောက်ရရှိမှာ ဖြစ်ပါတယ်။

    တတိယအချက်ကတော့ ဆယ်ကျော်သက်လူငယ်တွေအတွက် လက်တွေ့ဘဝမှာ မိတ်ဆွေအပေါင်းအသင်းဖွဲ့ဖို့ ခက်ခဲလာခြင်းပဲ ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းတွေထဲမှာတော့ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံစရာမလိုဘဲ စိတ်ကူးယဉ်ကမ္ဘာထဲမှာ အလွယ်တကူ အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်။

    ဂိမ်းစွဲလမ်းမှုလက္ခဏာများ

    သင့်မှာအောက်ဖော်ပြပါ လက္ခဏာတွေရှိနေမယ်ဆိုရင် သင်ဟာ ဂိမ်းစွဲလမ်းမှုပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ ယူဆနိုင်ပါတယ်။ သင့်မှာဖြစ်နေတဲ့ လက္ခဏာများလေလေ ပညာရှင်နဲ့တွေ့ဆုံပြီး အကူအညီရယူဖို့ လိုအပ်လေ ဖြစ်ပါတယ်။

    ကျောင်းမတက်ရတဲ့ အချိန်အများစုကို ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်းကစားပြီး ကုန်လွန်စေခြင်း

    ကျောင်းမှာ တချိန်လုံးအိပ်ပျော်နေခြင်း

    ကျောင်းသင်ခန်းစာများ နောက်ကျကျန်နေခြင်း

    အဆင့်၊ ရမှတ်များ ကျဆင်းလာခြင်း

    ဂိမ်းကစားခြင်းနှင့် ပတ်သက်ပြီး လိမ်ညာပြောဆိုခြင်း

    သူငယ်ချင်းအပေါင်းအသင်းများနှင့် တွေ့မည့်အစား ဂိမ်းကစားခြင်း

    လူမှုရေးအသင်းအဖွဲ့အုပ်စုများ (ကလပ်များ၊ အားကစားအသင်းများ) တွင် မပါဝင်တော့ခြင်း

    ဂိမ်းမကစားရလျှင် စိတ်တိုလွယ်ခြင်း

    ဂိမ်းစွဲလမ်းတဲ့ ကလေးငယ်တွေဟာ အစားအသောက်နဲ့ အိပ်စက်ခြင်းဆိုင်ရာ တစ်ကိုယ်ရည်အလေ့အကျင့်တွေကို လျစ်လျူရှုလာနိုင်သလို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူရှိဖို့၊ အိမ်စာလုပ်ဖို့၊ အားကစားလုပ်ဖို့ အချိန်မပေးနိုင်တော့လောက်အောင် ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ ကလေးဟာ လူမှုအသိုင်းအဝန်းနဲ့ ကင်းကွာပြီး အထီးကျန်လာတဲ့အပြင် နဂိုရှိထားတဲ့ ဝါသနာတွေကို စွန့်လွှတ်လိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

    ဂိမ်းကစားခြင်းကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

    လက်ကောက်ဝတ် အာရုံကြောညပ်ခြင်း (Carpal tunnel syndrome)

    ကောင်းမွန်စွာ မအိပ်စက်နိုင်ခြင်း

    ခါးနာခြင်း၊ လည်ပင်းနာခြင်း

    ခေါင်းကိုက်ခြင်း

    မျက်သားခြောက်ခြင်း

    အစားအသောက်မမှန်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို လျစ်လျူရှုခြင်း

    စွဲလမ်းတဲ့ ဂိမ်းအမျိုးအစားပေါ်မူတည်ပြီး ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရလဒ်တွေ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရဲ့ ပြင်းထန်မှုဟာလည်း ဂိမ်းစွဲလမ်းမှု အတိုင်းအတာနဲ့ ဆက်စပ်နေပါတယ်။ အကယ်၍ သင်ဟာ ကျန်းမာရေးအခံ မကောင်းဘူးဆိုရင်တော့ ဂိမ်းစွဲလမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို စောစောစီးစီး ခံစားရနိုင်ချေရှိတယ်ဆိုတာ သတိပြုသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement