backup og meta

အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ


Kyaw Thura Htun မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ

    Obsessive compulsive disorder (OCD) ဆိုတာစိုးရိမ်ကြောင့်ကြမှုရောဂါတစ်မျိုးဖြစ်ပြီးပြန့်ကြဲနေတဲ့အတွေးတွေကြောင့်မကျေနပ်ခြင်း၊စိတ်ထဲစွဲနေခြင်းအပေါ်မူတည်ပြီးရောဂါသတ်မှတ်ပါတယ်။OCD ကိုဆေးနည်းတွေ၊စိတ်ပညာကုထုံးတွေနဲ့ကုသနိုင်ပါတယ်။

    OCD ကိုထိန်းချုပ်ဖို့သင့်ဘာသာသင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုပြောပြသွာူမှာကဘယလိုထိန်းချုပ်ရမလဲဆိုတဲ့အချက်လေးတွေပါ။

    OCD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတီးမိခေါက်မိလေ့လာပါ။

    OCD ဆိုတာစိုးရိမ်ကြောင့်ကျခြင်းရောဂါတစ်မျိုးလို့နားလည်ထားခြင်းက OCD ကိုထိန်းချုပ်နိုင်ဖို့ပထမဆုံးခြေလှမ်းပါ။လေ့လာမှုတွေအရလူဦးရေစုစုပေါင်းရဲ့၂ရာခိုင်နှုန်းလောက်ကသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာ OCD ကိုခံစားရတာတွေ့ရပါတယ်။ ရောဂါလကဏာတွေကတော့အသက်၁၉ လောက်မှာစပေါ်ပြီးဒါတွေကသင့်ဘဝကိုနည်းအမျိုးမျိုးနဲ့ပြသနာရှာပါလိမ့်မယ်။

    သင့်ရဲ့စိုးရိမ်ကြောင့်ကြခြင်းအကြောင်းသင်နားလည်ထားပါ။

    ဘယ်အခြေအနေတွေကသင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေလဲဆိုတာ တွေးကြည့်ပါ။ သင်ကိုယ်တိုင်သင့်ရဲ့အကြောက်တရားကလက်တွေ့မကျမှန်းသိပေမယ့်တကယ်ကြုံလာတဲ့အခါရပ်တန့်လို့မရပါဘူး။ သင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အတွေးတွေကိုရေးမှတ်ထားပြီးတစ်ခုချင်းစီကိုရှင်းပါ။ သူတို့ကလက်တွေ့ကျတာတွေဘဖြစ်ဖြစ်လက်တွေ့မကျတာတွေဘဖြစ်ဖြစ်အလုပ်ဖြစ်ပါတယ်။ အရင်ကဘာတွေဖြစ်ဖူးလဲဆိုတာတွေစဉ်းစားပြီးဘာကသင့်ကိုစိုးရိမ်ကြောင့်ကြစေလဲရှာကြည့်ပါ။

    သင့်ရဲ့အခြေအနေကိုကောက်ချက်ချနိုင်စွမ်းကိုစိန်ခေါ်ပါ။

    သင့်ရဲ့အကြောက်တရားတွေကိုတွေးကြည့်ပြီးဒါတွေကလက်တွေ့ကျလား ? ဒါမှမဟုတ်တခြားအချက်တွေနဲ့ရောထွေးပြီးကြောက်တာလား ? သိအောင်လုပ်ပါ။ ဒါ့အပြင်သင့်အတွေးတွေကတိကျလား၊ဒီအတွေးရဲ့မကောင်းတဲ့ဘက်မှာဘာရှိလဲစတာတွေကိုပါစဉ်းစားကြည့်ပါ။ သင့်အကြောက်တရားနဲ့သင်စိန်ခေါ်ပြီးယှဉ်ပြိုင်နေချိန်မှာတခြားအတွေးအသစ်တွေတွေးပြီး အကြောက်တရားကိုအနိုင်ယူပါ။

    OCD ကသင့်ဘဝကို နှောင့်ယှက်နေတယ်ဆိုတာလက်ခံပါ။

  • သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုကိုထိန်းချုပ်ဖို့ကလက်ခံတတ်ဖို့ကပထမခြေလှမ်းပါ။
  • မှတ်စုလေးတစ်ခုဆောင်ထားပါ။
  • သင့်ကိုစိုးရိမ်ကြောင့်ကျစေတဲ့မလိုချင်တဲ့အတွေးတွေ၊အလိုလိုရောက်လာတဲ့အတွေးတွေကိုရေးမှတ်ထားပါ။ ဒါ့အပြင်ဒီအတွေးတွေကိုတိုက်ထုတ်ဖို့သင်ဘာနည်းလမ်းတွေသုံးလဲဆိုတာကိုလည်းသတိပြုပါ။
  • သင့်ရဲ့စိတ်အစွဲကြီးမှုကိုတဖြည်းဖြည်းချင်းဖြတ်ပါ။
  • ဥပမာပြောရရင်သင့်အဝတ်လျှော်စက်ကိုပိတ်ထားလားမပိတ်ထားလားဆိုတာ၁၀ကြိမ်လောက်လှည့်ကြည့်နေမိတယ်ဆိုပါတော့။ ဒါကိုတစ်ဖြည်းဖြည်းနဲ့၈ကြိမ်၅ကြိမ်၃ကြိမ် နောက်ဆုံး၁ကြိမ်ဘဲကြည့်တော့တဲ့ထိကြိုးစားကြည့်ပါ။ တကယ်လို့ OCD ကမသက်သာလာဘူးဆိုရင်ဆရာဝန်ဆီသွားပြီးတခြားဆေးနည်းတွေတောင်းတာဘဖြစ်ဖြစ်စိတ်ဆရာဝန်ဆီသွားပြီးသင့်အခြေအနေနဲ့ကိုက်ညီမယ့်မိမိကိုယ်မိမိကူညီနိုင်မယ့်နည်းလမ်းတွေကိုတောင်းပါ။

    သင့်ရဲ့လုပ်ရိုးလုပ်စဉ်တွေကို နှေးကြည့်ပါ။

    ဥပမာပြောရရင်သင်တစ်ခုခုကိုထိထားရင်ချက်ချင်းလက်ဆေးရမယ်ဆိုရင်ချက်ချင်းမဆေးသေးဘဲ၁မိနစိ၃မိနစ်၅မိနစ်ကြာအောင် စောင့်ပြီးမှဆေးကြည့်ပါ။ ဒီလိုဘဲအဖြစ်အပျက်တစ်ခုခုနဲ့သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကြားကအချိန်ကို နောက်ဆုံးဘာမှမလုပ်ရလဲအဆင်ပြေတဲ့အထိနှေးသွားပါ။ စိတ်စွဲနေတဲ့အတွေးတွေရှိနေတဲ့သူတစ်ဦးချင်းစီကသူတို့ရဲ့ဘဝမှာသက်တောင့်သက်သာမရှိကြပါဘူး။ သင်ဘာဘဲလုပ်လုပ်၊အဆင်ပြေအောင်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့အကူအညီရှိပါတယ်။ ကုသမှုနဲ့ကိုယ်တိုင်ပြုလုပ်ရတဲ့နည်းလမ်းတွေကသင့်ကို OCD မဖြစ်စေတော့ဘဲပုံမှန်ဘဝကိုပြန်ရစေပါလိမ့်မယ်။

    Hello Health Group does not provide medical advice, diagnosis or treatment.

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement