backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အောက်ဆီတိုစင်ဟော်မုန်း Oxytocin၏ ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ်အကျိုးသက်ရောက်မှု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အောက်ဆီတိုစင်ဟော်မုန်း Oxytocin၏ ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ်အကျိုးသက်ရောက်မှု

အကျိုးသက်ရောက်မှုများ

အောက်ဆီတိုစင်ဟော်မုန်း၏ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားရမှုများနှင့် လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ အခန်းကဏ္ဍများကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် မကြာခင်က ပြုလုပ်သော လေ့လာမှုအသစ် တစ်ခုတွင် ထိုဟော်မုန်း၏ ကျေးဇူးတရားနှင့် ပတ်သက်သော ခံစားချက်များ ၊ အကောင်းမြင်ခြင်း ခံစားချက်များတွင် ပါဝင်မှုကိုလည်း ဖော်ပြခဲ့သည့်အတွက် သုတေသီများက ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် နေထိုင်ကောင်းမှုတွင် စိတ်တည်ငြိမ်ခြင်း မှတစ်ဆင့် ရရှိလာသော အကျိုးကျေးဇူးများတွင်လည်း ထိုဟော်မုန်းက ပါဝင်ပတ်သက်နေမှုများကို လေ့လာရန် အချက်အလက်များကို ဖော်ပြခဲ့ကြသည်။

အောက်ဆီတိုစင်ဟော်မုန်း၏အခန်းကဏ္ဍ

အမျိုးသမီးများတွင် အောက်ဆီတိုစင်ဟော်မုန်းသည် အရေးပါသော ဟော်မုန်းတစ်ခု ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ ဟိုက်ပိုသဲလ်မက်စ် ( Hypothalamus ) ဟုခေါ်သော နေရာမှ ထိုဟော်မုန်းကို ထုတ်လုပ်သည်။ မီးဖွားခြင်း ၊ နို့ချိုတိုက်ကျွေးခြင်း နှင့် လိင်မှုရေးရာကိစ္စများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အောက်ဆီတိုစင်ဟော်မုန်းကို ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်သော ဟော်မုန်းဟုလည်း ခေါ်ဆိုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ခြင်း ဥပမာ-မိခင်နှင့် ကလေးပွေ့ဖက်ခြင်းတို့ ကဲ့သို့ပြု မူချိန်များတွင် ခန္ဓါကိုယ်မှ ထုတ်လုပ်သော ဟော်မုန်းဖြစ်သောကြောင့် ဖြစ်ပါသည်။

ထိုဟော်မုန်းသည် ပရော်စတာဂလန်ဒင် ( Prostagladin ) ထွက်ရှိမှုကို အားပေးကာ မီးဖွားသော ဖြစ်စဉ်တစ်လျှောက် ပါဝင်သည့် အပြင်သင်၏ ဉာဏ်အားကိုလည်း တိုးတက်စေပါသည်။ ထိုအာနိသင်ကို အသုံးပြု၍ အောက်ဆီတိုစင်ဟော်မုန်းကို အမျိုးသမီးများ မီးဖွားခြင်းကိစ္စများတွင် သဘာဝအတိုင်း မီးဖွားခြင်းမပြုလုပ်နိင်သောအခါ (သို့မဟုတ်) မိခင်၏ သားအိမ်ညှစ်အားကနည်းနေသောအခါ သားအိမ်ညှစ်အားကောင်းစေရန် ပေးလေ့ရှိပါသည်။

အမျိုးသားများတွင်လည်းအမျိုးသမီးများကဲ့သို့ပင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်ဆံမှုကိုအထောက်အကူပြုပေးပါသည်။ ၂၀၁၂ ခုနစ်တွင်ပြုလုပ်ခဲ့သောလေ့လာမှုတွင် အောက်ဆီတိုစင်ပါဝင်သောနှာခေါင်းဆေးဖျန်းရေကို အသုံးပြုသောဖခင်များသည် သူတို့၏ ၅ လအရွယ်ကလေးများနှင့် နီးကပ်စွာဆော့ကစားသောအခါ နှာခေါင်းဆေးဖျန်းရည်အသုံးမပြုသောဖခင်များထက်ပိုမိုနီးကပ် ရင်းနှီးမှုရှိသည်ဟုဖော်ပြထားပါသည်။ ထို့ပြင် အခြားလေ့လာမှုတစ်ခု၌ အောက်ဆီတိုဟော်မုန်းပါဝင်သောဆေးရည်ကိုအသုံးပြုထားသော အိမ်ထောင်ရှိအမျိုးသားများသည် ဟော်မုန်းဆေးအသုံးမပြုသည့် အမျိုးသားများထက်ဆွဲဆောင်မှုရှိသောအမျိုးသမီးများကို တွေ့ရှိသောအခါစိတ်ပါဝင်စားမှုပိုမိုမရှိဘဲ ထိုအမျိုးသမီးထံမှပို၍ဝေးစွာနေနိုင်သည်ကို တွေ့ရပါသည်။

အောက်ဆီတိုစင်နှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလေ့လာချက်

ချစ်ခြင်းမေတ္တာ၏ ဆန်းကျယ်မှုကို လေ့လာသော ရှုထောင့်မှကြည့်လျှင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦး လုံခြုံနွေးထွေးစွာ ပေါင်းသင်းဆက်ဆံမှု ၊ ကျွန်ုပ်တို့၏ ကလေးငယ်များကို နွေးထွေးစွာဆက်ဆံမှုများတွင် ခန္ဓါကိုယ်က သဘာဝအရ ထုတ်လွှတ်ပေးသည်ကို အံ့သြဖွယ်တွေ့မြင်ရပါသည်။ မကြာခင်က ပြုလုပ်သော လေ့လာမှုတစ်ခုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ ဖြစ်နိုင်ခြေရှိသောအာနိသင်ဖြစ်သည့် ကိုယ်ချင်းစာတရားကို ပေးစွမ်းနိုင်ခြင်း ၊ ယုံကြည်မှု ၊ လူမှုဆက်ဆံရေးနှင့် တစ်ကိုယ်ကောင်းမဆန်ခြင်းတို့တွင် ပါဝင်နေမှုတို့ကိုလည်း မီးမောင်းထိုးပြထားပါသည်။ Duke တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်မှုကို သိရှိရန် အမျိုးသားများကို နှစ်အုပ်စုခွဲ၍ တစ်အုပ်စုကိုဟော်မုန်းပေး၍လေ့လာပြီးကျန်တစ်အုပ်စုကို အခြားသော အာနိသင်မရှိသော ဆေးဝါးများပေး၍ လေ့လာခဲ့ပါသည်။ ပါဝင်သောအမျိုးသားများမှာ အသက် ၃၅ နှစ်မှ ၆၄ နှစ်အထိအမျိုးသား ၈၃ ဦးပါဝင်ပြီး နှာခေါင်းမှာဆေးဖျန်းခြင်းဖြင့် အောက်ဆီတိုစင် (သို့မဟုတ် ) အာနိသင်မရှိသော ဆေးတစ်မျိုးကိုဖျန်း၍ လေ့လာခဲ့ကြပါသည်။ ထို့နောက် ထိုဆေးကိုဖျန်းပြီးသောအခါ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို မေးခွန်းအနေနှင့် ပြုလုပ်၍ လေ့လာခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် အဆင့်မြင့်သော အာရုံခံစားမှုများ ၊ ကမ္ဘာကြီးက နေထိုင်သောလူသားတို့၏ ဘဝအတွက် ပေးစွမ်းသော အဓိပ္ပါယ်များကို ဆိုလိုရည်ညွှန်းပါသည်။ ထိုလေ့လာမှုတွင် ပါဝင်သော အုပ်စုနှစ်စုမှ အမျိုးသားများရော သုတေသီများပါ မည်သည့်အမျိုးသားက ဟော်မုန်းဆေးရည်ကို ရရှိပြီး မည်သည့်အမျိုးသားက အာနိသင်မရှိသော ဆေးရည်ကို ရရှိသည်ကို မသိကြပါ။

ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်သော ဟော်မုန်းဟု ခေါ်ဆိုရခြင်းမှာ ကျေးဇူးသိတတ်သော ခံစားမှုနှင့် စိတ်ကို ပိုမိုသိမ်မွေ့ညင်သာအောင် ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါသည်။ လေ့လာမှုပြုလုပ်စဉ်နှင့် တစ်ပတ်အကြာတွင် အမျိုးသားအုပ်စုနှစ်ခုစလုံးကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ အောက်ဆီတိုစင်ဟော်မုန်းကို ရရှိခဲ့သော အမျိုးသားများက သူတို့၏ ဘဝနေထိုင်မှုတွင် အရေးပါသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့် ပတ်သက်၍ ခံစားမှုများကို ပိုမို၍ ပြောပြနိုင်ကြောင်း တွေ့ရှိရပါသည်။ သုတေသီများက လေ့လာမှုမစခင်က ရှိခဲ့သောပါဝင်သည့် အမျိုးသားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုလည်း နှိုင်းယှဉ်၍ လေ့လာခဲ့ကြပါသည်။ ထိုအမျိုးသားများ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးအလိုက် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အမူအရာများ ပြောင်းလဲသွားပုံကို လေ့လာခဲ့ကြပါသည်။

လေ့လာမှုတွင် ပါဝင်သော အမျိုးသားများကို စိတ်တည်ငြိမ်သည့် ကျင့်စဉ်များ အားထုတ်စေပြီးသောအခါ အောက်ဆီတိုစင်ဟော်မုန်းကို ရရှိခဲ့သော အမျိုးသားအဖွဲ့တွင် ပါဝင်သော အမျိုးသားများက အပြုသဘောဆောင်သော စိတ်ခံစားမှုများကို ပိုမိုခံစားရကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် အံ့သြခြင်း ၊ ကျေးဇူးသိတတ်ခြင်း ၊ မျှော်လင့်ချက် ၊ စိတ်ပါဝင်စားမှုရှိခြင်း ၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ပိုင်းဆိုင်ရာ မွန်မြတ်ကောင်းမွန်မှုတို့ ဖြစ်ပါသည်။

သုတေသီများက တွေ့ရှိသည်မှာ လေ့လာမှုတွင် ပါဝင်သော အမျိုးသားများအားလုံး အပေါ်တွင် အောက်ဆီတိုစင်ဟော်မုန်း၏ အကျိုးသက်ရောက်မှုသည် တူညီခြင်းမရှိသည့် အချက်ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ အပေါ်တွင် ဟော်မုန်း၏ သက်ရောက်မှုမှာ CD38 ဗီဇပါသော အမျိုးသားများတွင် ပိုမို၍အာနိသင် ထက်မြက်သည်ကို တွေ့ရပါသည်။ ထို CD38 ဗီဇဂျင်း (Gene)သည် ဦးနှောက်မှ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးသောဗီဇဂျင်း ဖြစ်ပါသည်။

သုတေသီများသည် ထို CD38 ဂျင်းကိုထွက်ရှိစေသော DNA ကိုပါ လေ့လာခဲ့ကြရာ ထိုဂျင်းသည် ဦးနှောက်ဆဲလ်များမှ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးကြောင်း အခိုင်အမာ တွေ့ရှိခဲ့ပါသည်။ ထိုဗီဇဂျင်းပါဝင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် ပိုမို၍ တိုးတတ်ကောင်းမွန်ခြင်းကို အောက်ဆီတိုစင်ဟော်မုန်းက ဖြစ်စေနိုင်ကြောင်းကိုပါ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါသည်။ Dr. Van Cappellen က စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုများသည် အလွန်ရှုပ်ထွေးပြီး အခြားသော အချက်အလက်များ၏ လွှမ်းမိုးမှုလည်း ပါဝင်သက်ရောက်နေသည် ဟုဆိုပါသည်။ သို့သော်လည်း အောက်ဆီတိုစင်ဟော်မုန်းသည် ကမ္ဘာကြီးတွင် နေထိုင်ရပ်တည်မှုနှင့် ပတ်သတ်သည့် ခံစားချက်များအပါအဝင် ကျွန်ုပ်တို့၏ ယုံကြည်လက်ခံမှုများတွင် အကျိုးသက်ရောက်မှု ရှိသည်ကိုတော့ တွေ့ရှိရပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement