backup og meta

ဆေးလိပ်ဖြတ်နည်း


Dr.Nyan Linn မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်နည်း

    ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးပါမကသင့်ပတ်ဝန်းကျင်ရှိလူများကိုပါကထိခိုက်စေသည်။ သို့သော်ဆေးလိပ်စွဲနေသူအများစုသည် ဆေးလိပ်သာနည်း မျိုးစုံဖြင့် စွဲသောက်နေကြကာ မည်ကဲ့သို့ဆေးလိပ်ဖြတ်ရမည်ကို မသိဖြစ်နေတတ်သည်။ အကယ်၍သင်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်နေခဲ့လျှင် ယခုဆောင်းပါးသည် အကျိုးရှိသည့် နည်းလမ်းများကို ပေးပါလိမ့်မည်။

    ဆေးလိပ်၏ဆိုးကျိုးများ

    ပင်မအာရုံကြောစနစ် – စီးကရက်၏ ပါဝင်မှုတစ်ခုဖြစ်သော နီကိုတင်းသည် စိတ်ကိုပြောင်းလဲစေနိုင်သည်။ ခဏတာသာ

    သင့်အားတက်ကြွလန်းဆန်းအောင်ဆောင်ရွက်ပေးနိုင်သောအရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်သင်သည် ဆေးလိပ်အားစွဲလမ်းလာ၍ပိုမိုပင်ပန်းလာတတ်သည်။

    အသက်ရှူလမ်းကြောင်းစနစ် – ဆေးလိပ်ငွေ့ကို အသက်ရှူလမ်းကြောင်းစနစ်ထဲသို့ရှူမိသောအခါသင်၏အဆုတ်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။ ကြာလာသောအခါ သင်၏အဆုတ်သည် ဘေးဥပဒ်ဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများအားစစ်ယူနိုင်သည့်စွမ်းအားကို ဆုံးရှံူးသွားလိမ့်မည်။

    အချို့သောအဖြစ်များသည့် အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါများမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊အအေးပက်ခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ဖြစ်သည်။

    နှလုံးနှင့်သွေးလည်ပတ်မှုစနစ် – နီကိုတင်းသည် နှလုံးနှင့်သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကို ထိခိုက်စေသည်။ ဆေးလိပ်ငွေ့အားရှူရှိုက်မိသောအခါ သင်၏သွေးထဲရှိသကြားဓါတ်သည် အနည်းငယ်မျှ တက်လာသည်။ တနည်းအားဖြင့်ဆိုသော် ဆေးလိပ်ငွေ့သည်ကောင်းသောကိုလက်စထရောပမာဏများကို လျော့ကျစေပြီးသွေးတိုးစေကာ သွေးခဲများဖြစ်ရန်ပိုမိုအားပေးတတ်သည်။

    အရေပြား၊ဆံပင်နှင့်လက်သည်း၊ခြေသည်းစနစ်များ – စီးကရက်ငွေ့သည် သင်၏အရေပြားပုံစံကို ပြောင်းလဲစေကာ အကွက်များ၊မှဲ့ခြောက်များနှင့်

    ရုပ်ရင့်ခြင်းတို့ကိုဖြစ်စေနိုင်သည်။

    အစာလမ်းကြောင်းစနစ် – ဆေးလိပ်သောက်ခြင်းသည် သွားများပျက်စီးခြင်း၊သွားကျွတ်ခြင်း၊နှင့်ခံတွင်း နံ့ဆိုးခြင်း စသည့် ခံတွင်းရောဂါများကို ဖြစ်ပွားစေနိုင်သည်။ အချို့သော ခံတွင်း၊လည်ချောင်းနှင့် အစာမျို ပြွန်ကင်ဆာများသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟုယူဆရသည်။

    ဆေးကုသမှုများ

    သင့်တော်သော ဆေးများ – မည်သည့်ဆေးဝါးများသည် သင်၏ နီကိုတင်းစွဲလမ်းမှုကို လျော့ကျ၍အစားထိုးပေးနိုင်သည်ကို သင်၏ဆရာဝန်အားမေးမြန်းပါ။

    နီကိုတင်းပီကယ်

    နီကိုတင်းကပ်ခွာ

    နီကိုတင်း နှာဖြန်းဆေး

    နီကိုတင်းရှူဆေး စသည်ဖြင့် ရှိတတ်သည်။

    အကြံဉာဏ်၊အကူအညီတို့ကို တောင်းခံခြင်း – ထိုသို့ပြုလုပ်ခြင်းမှ သင့်ကိုယ်သင် သတိထားမိကာ ဖြစ်ပွားရသည့်အကြောင်းအရင်းကို သိလာနိုင်သည်။ ထို့နောက် နည်းဗျူဟာများချကာ ဆေးလိပ်ဖြတ်ရန် ဖြစ်နိုင်သည့် စီမံကိန်းများကို ဆောင်ရွက်၍ ဆေးလိပ်ပြန်လည်စွဲခြင်းကို ကာကွယ်နိုင်ပါသည်။

    သင်၏ဗဟုသုတကို မြှင့်တင်ခြင်း – အင်တာနက်၊သတင်းစာတို့မှ သတင်းအမှန်အကန်များနှင့် နားလည်တတ်ကျွမ်းသောပညာရှင်များထံမှ ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးနှင့် ကိုယ်တစ်ခုလုံးကိုထိခိုက်စေနိုင်သည့်အကြောင်းကို ရှင်းလင်းစွာသိရန် လေ့လာမေးမြန်းပါ။

    တိုင်းတာခြင်းနှင့် မှတ်သားထားခြင်း – မည်မျှဆေးလိပ်သောက်သည်နှင့်မည်မျှ

    ဆေးလိပ်ဖိုးကုန်ကျသည်၊ဆေးလိပ်မသောက်ပါကမည်မျှစုဆောင်းနိုင်မည်ကို ရှင်းလင်းစွာသိစေရန်ဖြစ်သည်။

    နီကိုတင်း၏ဘေးအန္တရာယ်ကို သိလေလေ သင့်အတွက် ဆေးလိပ်ဖြတ်ဖို့အခွင့်အလမ်းပိုများလေလေဖြစ်သည်။

    ဆေးလိပ်ဖြတ်ခြင်းသည် သင်၏ကျန်းမာရေးနှင့်ခန္ဓါကိုယ်ကိုကောင်းမွန်စေသည်သာမက သင်၏ပတ်ဝန်းကျင်ရှိလူများ

    အထူးသဖြင့် သင်၏ကလေးနှင့်မိန်းမတို့ကိုလည်း ကောင်းသောအကျိုးကျေးဇူးများပေးနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement