backup og meta

သနားကြင်နာစိတ် ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်နိုင်မည့် နည်းလမ်း ၅ သွယ်


Wathun Myat Chal မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သနားကြင်နာစိတ် ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်နိုင်မည့် နည်းလမ်း ၅ သွယ်

    မေတ္တာနဲ့ သနားကြင်နာမှုက မရှိမဖြစ်ပါ၊ ဇိမ်ခံဖို့ မဟုတ်ပါဘူး။ ဒါတွေမရှိပဲ လူသားတွေ မရှင်သန်နိုင်ပါဘူး။ (ဒလိုင်းလားမား)

    ဒလိုင်းလားမား စေတနာနဲ့ ထောက်ပြထားသလိုပဲ သနားကြင်နာမှုက လူသားတွေ အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ တာဝန်ယူမှုတွေကို မလွှတ်ချပဲနဲ့ လူတစ်ယောက်က ဘယ်လိုမျိုး သူ့ သနားကြင်နာမှုကို ထုတ်ပြနိုင်မှာလဲ။

    ကူညီခြင်းက ကွဲပြားစေပါတယ်

    ကျွန်တော်တို့ အကူအညီက မလုံလောက်ဘူး၊ ဒီထက် ပိုပြီး လိုအပ်နေမှာ လို့ စဉ်းစားပြီး ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ တချို့ပြဿနာတွေမှာ ကျွန်တော်တို့ သနားကြင်နာမှုကို မပြသတော့ပဲ လစ်လျူရှုလာကြပါတယ်။ ဒီစုပုံလာတဲ့ အတွေးတွေက ကျွန်တော်တို့စိတ်ဓါတ်တွေကို မကြင်နာတတ်တဲ့ပုံစံဆီ တဖြည်းဖြည်း ရောက်သွားစေပါတယ်။ အဲ့နောက်မှာ ကျွန်တော်တို့ဟာ ဂရုစိုက်သလို ပြုမူပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်တော့ပါဘူး။

    ဒီကိစ္စတွေမှာ ကူညီတာက ရေပုံးထဲက ရေတစ်စက်လောက်ပဲ ဖြစ်မှာလို့ စဉ်းစားလာကြပါတယ်။ ဘယ်လောက် သေးငယ်တဲ့ ကိစ္စလို့ ထင်ရပါစေ၊ တခြားတစ်ဖက်မှာ အကူအညီ ရတယ်ဆိုတာ အဲ့လူအတွက် ကမ္ဘာတစ်ခုလုံးစာလောက် အဓိပ္ပါယ်ရှိနေတတ်ပါတယ်။ ခပ်ပါးပါး သနားကြင်နာမှု တစ်ခုက တစ်ယောက်ယောက်အပေါ် အမြဲတမ်း အပြုံးတစ်ပွင့် ဖြစ်သွားစေနိုင်ပါတယ်။

    လေ့ကျင့်ယူရင် ရေရှည် ဖြစ်နိုင်ပါတယ်

    ပိုသနားကြင်နာတတ်အောင် စိတ်ဓါတ်ပိုင်းကို လေ့ကျင့်ပါလို့ ဆိုချင်တာပါ။ အဲ့လိုဖြစ်ဖို့ တရားထိုင်ခြင်း၊ ယောဂ စတဲ့ နည်းလမ်းတွေ ရှိပါတယ်။ သနားကြင်နာမှု ဖွံ့ဖြိုးစေတဲ့ ဒီနည်းလမ်းတွေက စိတ်ခံစားမှုကို ပိုပြီး ထိန်းချုပ်နိုင်ခြင်း၊ လူမှုဆက်ဆံရေး ပိုကောင်းလာခြင်း၊ နေ့ဒဓူဝ စိတ်ဖိအားတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ရင်ဆိုင်လာနိုင်ခြင်း အစရှိတဲ့ ရလဒ်ကောင်းတွေဆီ ခေါ်ဆောင်သွားနိုင်တယ်ဆိုတာ သက်သေနဲ့တကွ ရှိပါတယ်။ ဒီလို လေ့ကျင့်မှုတွေက တခြားသူတွေအပေါ် သနားကြင်နာမှု ပျောက်သွားတာကနေ ကာကွယ်ပေးပါတယ်။

    တခြားသူနေရာက ဝင်ခံစားကြည့်ပါ

    သနားကြင်နာမှုမှာ တခြားသူရဲ့ ဝေဒနာကို နားလည်ချင်စိတ်နဲ့ နားလည်နိုင်စွမ်း လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံး နာကျင်မှုနဲ့ ပျော်ရွှင်မှုကို ပုံစံတစ်မျိုးတည်းနဲ့ ခံစားရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ယေဘုယျတော့ ခံစားရပါတယ်။ တခြားသူတွေရဲ့ အခြေအနေကို ပိုကောင်းကောင်းမွန်မွန် နားလည်ချင်ရင် သင်ကိုယ်တိုင် အဲ့အခြေအနေမှာဆို ဘယ်လိုခံစားရမလဲ တွေးကြည့်ပါ၊ ဒါမှမဟုတ် အလားတူပုံစံမျိုး ခံစားရတုန်းက အချိန်ကို ပြန်တွေးကြည့်ပါ။

    ဒါ့အပြင် ဒီသဘောထားကို လေ့ကျင့်ဖို့ တခြားနည်းလမ်းက၊ တစ်ယောက်ယောက်က သင့်ကို တခုခု လုပ်လို့ ပေါက်ကွဲခါနီးမှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပါ။ ဘယ်သူမှ မနာကျင်ချင်သလို ဘယ်သူ့ကိုမှလည်း နာကျင်စေမှာ မဟုတ်ဘူးဆိုတဲ့ ယေဘူယျအတွေးကို တွေးပါ။ ဒါဆို တကယ်လို့ နောက်တခါ သင်မကောင်းတာတခုခု အလုပ်ခံရရင် လုပ်တဲ့သူနေရာကဝင်ပြီး သူဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို ကျိုးကြောင်းဆက်စပ် တွေးဖို့ ကြိုးစားပါ။ ဒီလို ခံစားတတ်ဖို့ သင့်အတ္တကို ဖျောက်ရတဲ့အတွက် အစပိုင်းမှာတော့ အချိန်ယူရပါလိမ့်မယ်။ အကျင့်ရလာတဲ့အခါ သင်ဟာ မတူညီတဲ့ လူတစ်ယောက် ဖြစ်လာတာကို သင်ကိုယ်တိုင် တကယ် မြင်လာနိုင်မှာပါ။

    သနားကြင်နာမှုက ကျွန်တော်တို့ကို လုံးဝ လူဆိုပြီး ဖြစ်စေတဲ့ အရာတွေထဲမှာ ပါပါတယ်။ ဒါ့ထက်ပိုပြီး တခါတရံမှာ ကျွမ်းကျင်မှုတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။ ဓါးတစ်လက်ဟာ သွေးဖို့ လိုအပ်သလို၊ စိတ်ဓါတ်အဖို့ စာဖတ်ဖို့ လိုအပ်သလို၊ ကျွမ်းကျင်မှုတစ်ခုဟာလည်း လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်မှု ရရှိဖို့အတွက် သနားကြင်နာခြင်းကို လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ တခြားသူတွေအတွက် ကောင်းမှုတွေ လုပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ခဏ ရပ်တန့်နိုင်စွမ်း ရှိမယ်ဆိုရင် အဲ့ဒီအချိန်ခဏလေးမှာ ကျွန်တော်တို့ စိတ်ထဲ ထိုးဖောက်လာတဲ့ ပီတိက ကျွန်တော်တို့ကို ကောင်းမွန်တဲ့ ခံစားမှု ပေးတယ်ဆိုတာ တကယ်ကို ခံစားရမှာပါ။ ဒါက အကူအညီ ပေးတဲ့သူ၊ အကူအညီ ယူတဲ့သူတွေ အားလုံးကို သနားကြင်နာမှုက လုပ်ပေးတဲ့ အရာပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement