ရာသီလာချိန် ဖျားချင်သလိုဖြစ်တာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
Share now

လေဒီလေးတွေဟာ လတိုင်း ရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်။ ဖျားချင်သလိုလို ခံစားရတဲ့ လေဒီလေးတွေလည်း ရှိပါတယ်။

ဒီလို ခံစားရမှုတွေကြောင့် လစဉ်ရာသီလာမှာကိုတောင် ကြောက်နေပြီဆိုတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး လစဉ်ရာသီလာတိုင်း ဖျားချင်သလိုလို ခံစားနေရတဲ့ ပြဿနကို ဖြေရှင်းလိုက်ပါ။

ရာသီလာချိန်မှာ ဘာလို့ ဖျားချင်သလိုလို ခံစားရတာလဲ။

ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။

ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။

အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။

ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျသွားတာကြောင့်ပါ။ ရာသီလာချိန်မှာ ဒီလို မအီမသာဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက Prostaglandins ပါ။ ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ ခန္ဓာကိုယ်အပူချိန်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ တုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့်ဖြစ်နေသလို ခံစားရတာပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ

ရာသီလာချိန်မှာ ဖျားချင်သလိုလိုဖြစ်တာကို သက်သာစေဖို့ဆိုရင်

စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

ရာသီလာချိန်မှာ ယောဂ လေ့ကျင့်တာ၊ အနှိပ်ခံတာ၊ တရားထိုင်တာလိုမျိုး စိတ်အပန်းပြေစေမယ့် အရာ​တွေကို လုပ်ဆောင်ပေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း မှန်မှန်လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ရာသီလာချိန်မှာ Squat ထိုင်တာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်တာက စိတ်ရောကိုယ်ပါ န်းဆန်းစေပြီး ဖျားချင်သလိုလို ခံစားရတာကို သက်သာစေနိုင်ပါတယ်။

ညီညွတ်မျှတအောင် စားပါ

ရာသီမလာခင် နှစ်ပတ်လာက်အလိုကတည်းက ဆား၊ အချို၊ကဖင်းစတာတွေကို လျှော့ပါ။ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်မီးကင်စတာမျိုးတွေကို စားပေးပါ။ ရေပြည့်ပြည့်ဝဝ သောက်ပါ။

အိပ်ရေးဝဝအိပ်ပါ

ညတိုင်းမျာ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်စက်ပါ။ ဒီလို အိပ်စက်တာက ကျန်းမာရေးအတွက် ကောင်းသလို ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

ဆေးလိပ် မသောက်ပါနဲ့

ဆေးလိပ်သောက်တာက ရာသီလာချိန် ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။

ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပါ။

ချင်း (ဂျင်း) ကကျန်းမာရေးအတွက် ကောင်းသလို အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ချင်း (ဂျင်း) ရေနွေးကြမ်းသောက်တာက ရာသီလာစဉ် ဖျားချင်သလိုဖြစ်တာ အပါအဝင် မအီမသာခံစားရတာတွေကို သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ အာရုံကြော မှာဖြစ်နိုင်တဲ့ ရောဂါတွေကလည်း များပြားလွန်းပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Allergy တစ်မျိုးမျိုးရှိနေရင် COVID ကာကွယ်ဆေးထိုးလို့ မရ

ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုချက်တွေအရ Pfizer/BioNTech ဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာခံစားဖူးသူတွေကို ထိုးနှံပေးလို့မရဘူးလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

စိတ်ရောကိုယ်ပါကျန်းမာမှပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။   စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကိုမေ့ထားလို့မဖြစ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အကြောလျှော့လေ့ကျင့်ခန်

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 1 min read