- Anterior prolapse (cystocele). – (ဆီးအိမ်ကျခြင်း) – တင်ပဆုံကြွက်သားတစ်ဝိုက် အားလျော့လာတယ်ဆိုတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားလေးလည်း အားလျော့သွားပြီး သားအိမ်နဲ့အတူ ဆီးအိမ်ပါလိုက်ကျလာတတ်ပါတယ်။
- Posterior vaginal prolapse (rectocele).(ဝမ်းအိမ်ကျခြင်း) – ဝမ်းအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားတွေလည်း အားနည်းသွားတာကြောင့် နောက်ပိုင်း သားအိမ်ကျတာနဲ့အတူ ဝမ်းအိမ်ပါ လိုက်ကျလာတတ်ပါတယ်။
ဝမ်းအိမ်ကျတာကြောင့် ဝမ်းသွားရတာမှာ အခက်အခဲရှိသလို ဆီးအိမ်ကျတာကြောင့် ဆီးသွားရင် ဆီးကျန်သလိုခံစားနေရတာ ဆီးသွားရင် မဝတာနဲ့ ဆီးမထိန်းနိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။
- အရမ်းကိုဆိုးတဲ့သားအိမ်ကျတဲ့ပြဿနာတွေမှာဆို သားအိမ်နဲ့အတူ မိန်းမကိုယ်ဘေးအတွင်းသားတွေပါ အပြင်ကိုလိုက်ထွက်လာပြီး အဝတ်တွေနဲ့ပွတ်မိပြီး အနာဖြစ်တာ၊ ပိုးဝင်တာတွေအထိ ဆိုးရွားစွာ ဆက်ဖြစ်သွားတတ်ပါတယ်။
ဒါကတော့ သားအိမ်ကျခြင်း ဆိုတဲ့ သက်ကြီးပိုင်း သွေးဆုံးပြီးသား အမျိုးသမီးတွေ ကြောက်ရတဲ့ မီးယပ်ရောဂါ တစ်ခုအကြောင်းပါ။ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့ ပြဿနာတွေကလည်းများ သားအိမ်ကျတဲ့ပြဿနာကလည်းဖြစ်တဲ့သူမရှားတော့ ကိုယ့်စိတ်ထဲ သားအိမ်များကျနေပြီလားလို့ သံသယရှိနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားကိုသွားပြဖြစ်ဖို့တော့လိုလိမ့်မယ်နော်။ စောစောပြတော့ စောစောသိ စောစောကုသမှုခံယူလိုက်တော့ နောက်ဆက်တွဲ ဆိုးရွားတာတွေ ဆက်မဖြစ်တော့ဘူးပေါ့ ။ ။
ရေးသားသူ− Dr Thin Yadanar @ Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။