backup og meta

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

    လိင်သံဝါသပြုတယ်ဆိုတာ နာကျင်ခံစားရဖို့ မဟုတ်ပါဘူး။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းမွန်တဲ့ ခံစားချက်မျိုးကို ကျေနပ်ပိုင်ဆိုင်နိုင်ဖို့ပါ။ ဒါပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်ကန်နေလိမ့်မယ်လို့ ယုံကြည်မထားပါနဲ့။ လိင်ဆက်ဆံ တိုင်း ပျော်ရွှင်စရာတွေပဲတော့ မဟုတ်ပါဘူး။

    ကိစ္စတိုင်းမှာ ချွင်းချက်ရှိတာမို့ လိင်ကိစ္စမှာလည်း ဒီလိုပါပဲ။ လိင်မှုကိစ္စတွေဟာ နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးပါ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ဆိုပြီး သိမ်မွေ့ဖို့ လိုအပ်တယ်မဟုတ်လား။

    လိင်ဆက်ဆံခြင်းဟာ ဘယ်လောက် စိတ်ကျေနပ်နှစ်သက်စရာ ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုပါစေဦး။ တစ်ခါတစ်ရံမှာတော့ ထင်မှတ်မထားတဲ့ ဝေဒနာတွေကိုလည်း ဆောင်ယူလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာမျိုးပါ။

    လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

    တချို့တွေက ဒီလို မိန်းမကိုယ်နာကျင်တာက သာမန်ကိစ္စလို့ ထင်မြင်ယူဆတတ်ကြပြီး အများစုက ဘာကြောင့် ခုလိုနာကျင်မှန်းမသိကြပါဘူး။ အကြောင်းအရင်းကတော့ အမျိုးသမီးအများစုဟာ ဒီလိုနာကျင်မှုဟာ ထိုးသွင်းဆက်ဆံမှုကြောင့် ကျန်ရစ်ခဲ့တဲ့ နာကျင်မှုလို့ သာမန်ကာလျှံကာ တွေးဆမိသွားကြတာကြောင့်ပါ။

    လိင်ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်နာကျင်တာက ဂရုစိုက်ဖို့လိုအပ်တဲ့ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိစ္စပြီးမြောက်ချိန်မှာ မိန်းမကိုယ်နာကျင်နေတာဟာ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ပတ်သက်နွယ်နေတာကြောင့်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

    လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    ၁။ မိန်းမကိုယ် ပိုးဝင်ခြင်း

    လိင်ဆက်ဆံနေချိန် ဒါမှမဟုတ် လိင်ဆက်ဆံပြီးချိန်တိုင်း မိန်းမကိုယ် တဝိုက်မှာ နာကျင်နေတယ်ဆိုရင် လိင်ကြောင့်ရောဂါပိုးကူးစက်ခြင်း (STI) ဖြစ်နိုင်ပါတယ်။ ChlamydiaGonorrhoea ဒါမှမဟုတ် Genital herpes တို့ဖြစ်နိုင်ပါတယ်။

    ၂။ ဟိုမုန်းအပြောင်းအလဲ

    ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းလယ်ဗယ် ပြောင်းလဲနေရင်လည်း မိန်းမကိုယ်နာကျင်တတ်ပါတယ်။ ဒီလို ဟိုမုန်းပမာဏပြောင်းလဲစေတဲ့အချက်တွေကတော့ သွေးဆုံးခါနီးနေတာ၊ သွေးဆုံးနေတာ နဲ့ ကိုယ်ဝန်ဆောင်ထားရတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီး နာကျင်တာဖြစ်ပါတယ်။

    ၃။ စိတ်မပါလို့

    သံဝါသပြုနေပေမယ့် ဆက်ဆံမှုအပေါ်  စိတ်ပါခြင်းမရှိဘူးဆိုရင်လည်း နာကျင်ခံစားရနိုင်ပါတယ်။ စိတ်မပါတာကြောင့် ခန္ဓာကိုယ်က သဘာဝချောဆီ လုံလောက်စွာထုတ်မပေးနိုင်တာ ဒါမှမဟုတ် မထုတ်လုပ်ပေးတာမျိုးကြောင့် ခုလိုနာကျင်ရတာပါ။

    ၄။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ်နာကျင်နေရတဲ့ နောက်ထပ်တစ်ချက်က ဆီးလမ်းကြောင်း ပိုးဝင်နေတာကြောင့်ပါ။ ဒီလိုဖြစ်တယ်ဆိုရင်တော့ ဖျားနာတာနဲ့ တွဲတွေ့ရတတ်ပါတယ်။

    ၅။ ဓာတ်မတည့်လို့

    သုက်ရည်၊ ကွန်ဒုံးမှာအသုံးပြုတဲ့ ရာဘာ၊ ပလတ်စတစ်စတာတွေနဲ့ ချောဆီစတာတွေထဲက တစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း သင့်ရဲ့ မိန်းမကိုယ် နာကျင်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို ကြိုတင်သိရှိအောင် ကြိုးစားထားသင့်ပါတယ်။

    ၆။ ကျန်းမာရေးမကောင်းလို့

    တကယ်လို့ ကိုယ်က ဖျားတာနာတာအပါအဝင် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေမယ်ဆိုရင်လည်း လိင်ဆက်ဆံချိန်နဲ့ ဆက်ဆံပြီးချိန်တွေမှာ မိန်းမကိုယ်နာကျင်နေတတ်ပါတယ်။ ဒီနာကျင်မှုက ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးဖြစ်ပြီး သွေးထွက်တာမျိုးလည်းဖြစ်တတ်ပါတယ်။

    ၇။ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့

    ကိုယ်ကပဲဖြစ်ဖြစ် ကိုယ့်ဆက်ဆံဖော်ကပဲဖြစ်ဖြစ် စိတ်ကြမ်းကိုယ်ကြမ်းနဲ့ ဆက်ဆံခဲ့တယ်ဆိုရင် ထိခိုက်နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ သိပ်မသိသာပေမယ့် ဆက်ဆံပြီးချိန်မှာတော့ နာကျင်မှုဝေဒနာကိုခံစားရနိုင်ပါတယ်။

    အပေါ်မှာ လိင်ဆက်ဆံမှုကြောင့် မိန်းမကိုယ် နာကျင်မှုအကြောင်းအရင်းတွေကို ဖော်ပြခဲ့ပြီးပြီဆိုတော့ အောက်မှာ အိမ်တွင်းကုထုံးလေးတွေအကြောင်းကို ဆက်ပြီး ဖော်ပြပေးချင်ပါတယ်။

    လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အခါ သက်သာစေဖို့

    လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အခါ သက်သာစေနိုင်တဲ့ နည်းလမ်း ၄ သွယ်ရှိပါတယ်။ ဒါတွေကတော့

    • ရေနွေးစိမ်တာ -ရေနွေးစိမ်ပေးတာက နာကျင်မှုဝေဒနာကို သက်သာစေနိုင်သလို ထိခိုက်ပွန်းပဲ့တာတွေကိုလည်း လျင်လျင်မြန်မြန်သက်သာစေပါတယ်။
    • ရေခဲကပ်ပါ – ပေါင်ခြံကြားတွေကို ရေခဲကပ်ပေးခြင်းကလည်း မိန်းမကိုယ် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ဆီကို တိုက်ရိုက်မကပ်မိဖို့တော့ သတိထားပါနော်။
    • ချောဆီသုံးပါ – လိင်မဆက်ဆံခင်ချိန်မှာရော၊ ဆက်ဆံနေချိန်မှာပါ ချောဆီအသုံးပြုပေးတာက သင့်ကို မိန်းမကိုယ်နာကျင်မှုဝေဒနာမခံစားရအောင် ကူညီပေးနိုင်ပါတယ်။
    • ဝါဂွမ်းနဲ့ ဖန်တီးထားတဲ့ အတွင်းခံ ဝတ်ဆင်ပါ – အတွင်းခံဝတ်ဆင်ရာမှာ တခြားချည်သားမျိုးတွေထက် ဝါဂွမ်းကို အခြေပြုပြီး ဖန်တီးထားတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်တာက မိန်းမကိုယ်နာကျင်နေတာကို သက်သာစေနိုင်ပြီး ထိခိုက်ပွန်းပဲ့မှုတွေကိုလည်း အလျှင်အမြန်သက်သာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement