ဒါတွေကြောင့် ရာသီလာချိန်ကိုက်ခဲတာ ပိုဆိုးသွားနိုင်ပါတယ် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဓမ္မတာလာချိန် ကိုက်ခဲတယ်ဆိုတာ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ ၁ လ တစ်ခါ ရှောင်လွဲလို့ မရတဲ့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုးကြီးပေါ့ ။

ရာသီလာချိန် ဗိုက်အောင့်တာ၊ ကိုက်ခဲတာ ဖြစ်ရတယ်ဆိုတာ သားဥနဲ့ သုက်ပိုးမတွေ့တော့ ကိုယ်ဝန်ရရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားတဲ့ သားအိမ်နံရံတွေ ကွာကျတဲ့ အရှိန်ကြောင့် ဖြစ်ရတာပါ။ မိန်းကလေးတော်တော်များများ ရာသီလာချိန် ကိုက်ခဲတဲ့ဒဏ်ကို ခံကြရပါတယ်။ ကိုယ့်ရဲ့ နေထိုင်ပြုမူပုံ စားသောက်မှု ပုံစံတွေပေါ်မူတည်ပြီး ကိုက်ခဲတဲ့ ဒီဂရီတွေ ပြောင်းလဲသွားတာဖြစ်လို့ ဘယ်လိုပုံစံမျိုးတွေ လုပ်မိရင် ဓမ္မတာကြောင့် ကိုက်ခဲတာတွေ ပိုဆိုးသွားနိုင်သလဲဆိုတာ ပြောပြချင်ပါတယ်။ ။

အိပ်ရေးပျက်ြခင်း ။ ။

ဓမ္မတာလာချိန်ဆို သွေးအားနည်းပြီး လူကအားမရှိသလိုဖြစ်တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့လိုပါတယ်။ ဒါကို အိပ်ရေးမဝ၊ အိပ်ချိန် နည်းသွားတဲ့အခါ ကိုယ်တွင်းဖိစီးမှု stress level တွေမြင့်လာပြီး ဓမ္မတာကြောင့် ကိုက်ခဲတာတွေ ပိုဆိုးတတ်ပါတယ်။

ကဖင်းဓါတ်များသော အချိုရည်များသောက်ခြင်း ။

ကဖင်းဓါတ်က ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဆိုပေမယ့် ဓမ္မတာလာချိန် သောက်ရင် ရာသီချုပ်သလိုဖြစ်သွားတတ်လို့ ပိုပြီး ကိုက်ခဲမှုတွေကို ခံစားရစေတတ်ပါတယ်။ ဒါကြောင့်ဘယ်လောက် ကော်ဖီ၊ လက်ဖက်ရည်ကြိုက်ကြိုက် ရာသီလာချိန် လျှော့သောက် ( ဒါမှမဟုတ်) မသောက်တာ အကောင်းဆုံးပါ။

ဆေးလိပ်သောက်ခြင်း ။

ဆေးလိပ်ဟာ ကိုယ်ခန္ဓါကို ဆိုးကျိုးတွေ ပေးတယ်ဆိုတာကို အားလုံးအသိပါ။ ဆေးလိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ မသောက်တဲ့ အမျိုးသမီးတွေထက် ဓမ္မတာလာချိန် ကိုက်ခဲမှုတွေ ပိုခံစားရတတ်ပါတယ်။

အရက်သောက်ခြင်း ။

အရက်က ရေဓါတ်ခမ်းခြောက်ြခင်းကို ဖြစ်စေတတ်သလို သွေးတွင်းမဂ္ဂနီဆီယမ်ဓါတ်ကိုလည်း လျော့ကျစေတဲ့အတွက် ရာသီလာချိန် ကိုက်ခဲတာ ပိုဖြစ်နိုင်ပါတယ်။

သကြား ။ ။

ရာသီလာချိန်မှာ ချိုတဲ့ အစားအသောက်တွေကို ပိုတောင့်တနေတတ်တာ မိန်းကလေးတိုင်းပါ။ သကြားဟာ အင်ဆူလင် ပမာဏကို မြင့်တက်စေပြီး အီစတိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်း ပမာဏကို ကမောက်ကမ ဖြစ်စေတာကြောင့် ရာသီလာချိန် ကိုက်ခဲတာကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် အချိုစားချင်တဲ့အချိန်ကျရင် သကြားအစား သစ်သီးအချိုတွေပြောင်းစားပေးပါ။

စိတ်ဖိစီးမှု

ရာသီလာချိန်မှာဆို စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး အလိုမကျ စိတ်တိုတာတွေ မိန်းကလေးဖြစ်ကြပါတယ်။ ဒါတွေ အားလုံးဟာ ဟော်မုန်းကိုသာ အပြစ်တင်ရမှာပါ။ အဲဒီအချိန်မှာ စိတ်ဖိစီးမှု တွေပါ ထပ်ဖြစ်လို့ကတော့ ဟော်မုန်းတွေ ကမောက်ကမ ပိုဖြစ်ပြီး ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာတွေ ပိုဆိုးစေမှာပါ။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း ။

ရာသီလာချိန် လေ့ကျင့်ခန်းတို့ ကိုယ်လက်လှုပ်ရှားမှုတို့ လုပ်ပေးရင် သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့် ဓမ္မတာကြောင့် ဖြစ်တဲ့ ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါကြောင့် ရာသီလာချိန်တွေဆို တစ်ချိန်လုံးထိုင်နေ လှဲနေမယ့်အစား လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။

ဆား ။ ။

ဓမ္မတာလာတဲ့အချိန်ဆိုတာ ကိုယ်ထဲကသွေးတွေ အများကြီးထွက်တာကြောင့် ရေဓါတ်ခမ်းခြောက်မှု အချိန်မရွေးဖြစ်နိုင်တဲ့အချိန်ပါ။ အဲဒီ အချိန်မှာ အငန်ကဲတဲ့ အစားအသောက်တွေ အများကြီး စားလိုက်မိရင် ပိုလျှံနေတဲ့ ကိုယ်တွင်း ဆိုဒီယမ် ( အငန်) ဓါတ်ကို ဖယ်ရှားဖို့ ဆီးများများသွားပေးရတာကြောင့် ရေဓါတ်ခမ်းခြောက်မှုတွေ ပိုဖြစ်လာပြီး ကိုက်ခဲတဲ့ဝေဒနာ ပိုဆိုးလာပါလိမ့်မယ် ။

ဒီလို ဓမ္မတာလာချိန် ကိုက်ခဲတယ်ဆိုတာကလည်း မိန်းကလေးတိုင်း တစ်လတစ်ခါ ရှောင်လွဲလို့မရအောင် ကြုံတွေတတ်တယ်ဆိုပေမယ့် ပိုဆိုးမသွားအောင်တော့ အပေါ်မှာ ပြောထားတဲ့အချက်တွေကို ရှောင်သင့်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

မြန်မာနိုင်ငံကို ရောက်လာနိုင်တဲ့ ရုရှားက ကိုဗစ်ကာကွယ်ဆေး Sputnik Vကို ထိုးမယ်ဆိုရင် အရက်ရှောင်ရမှာလားဆိုတာ ဒွိဟဖြစ်စရာ ကိစ္စပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဂျူးဒိတ်ကို အာထွာဆောင်းကနေ တွက်နိုင်သလို၊ ရာသီရက်ကနေလည်း တွက်နိုင်ပါတယ်။ နှစ်ခုက အခြေအနေပေါ်မူတည်ပြီး ရက်မကိုက်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 4 mins read
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read