ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုးမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

ကိုယ်ဝန် ပဋိသန္ဓေ တားဆီးနိုင်တဲ့ နည်းလမ်းတွေက အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။ ကွန်ဒုံး အသုံးပြုတာ၊ သန္ဓေတားကပ်ခွာ အသုံးပြုတာ၊ တားဆေး အသုံးပြုတာ၊ IUD (သားအိမ်တွင်းထည့် ပစ္စည်း) အသုံးပြုတာ စတာတွေပေါ့။

ခုခေတ်ကြီးမှာက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို စမ်းသပ်ပြုလုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေကိုသာ အများဆုံး သုံးစွဲဖြစ်ကြပါတယ်။

အရေးပေါ် သန္ဓေတားဆေးတွေက ပုံမှန်သောက်နေကျ တားဆေးတွေလောက် သန္ဓေတားနှုန်း မကောင်းတဲ့အတွက် ရေရှည်မသုံးစွဲသင့်ပါဘူး။ ကွန်ဒုံးအသုံးပြုတာကတော့ နည်းလမ်းကောင်းဖြစ်ပေမယ့် တစ်ခါတရံမှာ ပေါက်ပြဲတာတွေ သင့်လျော်တဲ့အမျိုးအစားကို မှန်ကန်စွာ အသုံးမပြုတာကြောင့် ကျွတ်ထွက်တာတွေဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။

အမှတ်မထင် ကြုံဆုံလာရတဲ့ မတော်တဆမှုလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာရတဲ့ လူငယ်တွေရှိလာနေသလို ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပဲ မိဘဖြစ်လာတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာနေပါတယ်။

အခု ဒီဆောင်းပါးလေးထဲမှာတော့ အရေးပေါ်အခြေအနေတချို့ကြုံလာချိန်မှာ ကိုယ်ဝန် မရအောင် ရှောင်လွှဲနိုင်စေမယ့် နည်းလမ်း ၄ ရပ်ကို ဖော်ပြပေးသွားမှာပါ။ ဆေးသောက်ဖို့ မေ့သွားတာ၊ ကွန်ဒုံးပေါက်ပြဲတာ၊ အလွန်အမင်း မူးယစ်နေတာကြောင့် အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသွားတာစတဲ့ ရုတ်ချည်းရင်ဆိုင်လာရတဲ့ အခြေအနေမျိုးတွေမှာ ခုဖော်ပြမယ့်နည်းလမ်းတွေက အကူအညီဖြစ်စေနိုင်ပါတယ်။

နည်းလမ်းတွေကတော့

  • သုက်ကို အပြင်မှာထုတ်တာ – ဒီနည်းက လူသိများပါတယ်။ အမျိုးသားရဲ့ သုက်ကို အပြင်မှာ ထုတ်လိုက်တဲ့အခါ ကိုယ်ဝန် ရနိုင်ခြေ နည်းပါးသွားပါတယ်။ နည်းပါးသွားတာပဲ ဖြစ်တဲ့အတွက် ရနိုင်ခြေတော့ရှိပါသေးတယ်။ အမျိုးသားရဲ့ သုက်ပိုးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပေမယ့် အပြင်ဘက်မှာတော့မ ရှင်သန်နိုင်ပါဘူး။ ဒီလိုနည်းလမ်းမျိုးဟာ ကိုယ်ဝန်ရနိုင်ခြေ နည်းပါးတာမှန်ပေမယ့် ကွန်ဒုံးအကာအကွယ်မပါပဲ ဆက်ဆံချိန်တွေမှာ အများဆုံး အသုံးပြုကြတာဖြစ်တာကြောင့် STI ကူးစက်ရောဂါတွေ ကူးစက်နိုင်ခြေရှိတာကို သတိထားသင့်ပါတယ်။ စိတ်ချရတဲ့ သားဆက်ခြားနည်း တစ်ခုလို့တော့ ယူဆလို့ မရပါဘူး။
  • စအိုနဲ့ လိင်ဆက်ဆံတာ – ကိုယ်ဝန်မရနိုင်တာကတော့ သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။ တစ်ခုရှိတာက အမျိုးသမီးတချို့က ဒီနည်းလမ်းကို မနှစ်သက်တတ်ကြပါဘူး။ တစ်ချို့ကတော့ လက်ခံကြပါတယ်။ ကိုယ်ဝန်ကို ရှောင်လွှဲပြီး လိင်လည်းဆက်ဆံချင်တယ်ဆိုရင် အသုံးပြုနိုင်တဲ့ နည်းတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် လိင်ကတဆင့်နိုင်တဲ့ ရောဂါတွေ ဝင်လာနိုင်တာ၊ ဒဏ်ရာရပြီး သွေးထွက်နိုင်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတာကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။
  • မပြီးမြောက်စေတဲ့နည်းလမ်း – Non-penetrative Sex လို့လည်း ခေါ်ပါတယ်။ ပြီးမြောက်အောင် မဆက်ဆံတဲ့ နည်းလမ်းမျိုးပေါ့။ တကယ်လို့ မထိန်းနိုင်လို့ အပြင်မှာပြီးမြောက်မယ်ဆိုရင်တော့ နံပါတ် ၁ နည်းလမ်းနဲ့ အတူတူပဲဖြစ်မှာပါ။ မထိန်းနိုင်ခဲ့ရင် နောက်ကနေ ပြဿနာတွေ တသီတသန်းကြီး ပါလာနိုင်တာကို မေ့မထားသင့်ပါဘူး။
  • ပါးစပ်နဲ့ ဆက်ဆံတာ – Oral Sex ဟာ ကိုယ်ဝန် မရနိုင်တဲ့ လိင်ဆက်ဆံနည်း တစ်မျိုးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အမျိုးသမီးတိုင်းက ဒီနည်းလမ်းကို လိုလိုလားလားရှိမှာမဟုတ်တာကိုတော့ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး STI ကူးစက်ရောဂါတွေက ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

တစ်ခုသိထားဖို့က ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်တားဆီးဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေမဟုတ်သလို အဘက်ဘက်က စိတ်ချရတဲ့ ပဋိသန္ဓေတားဆီးရေးနည်းလမ်းတွေကို ဘယ်လိုမှ မသုံးမချနိုင်တော့တဲ့ အခြေအနေမျိုးမှာမှ စဉ်းစားသင့်တဲ့ နည်းတွေဖြစ်တယ်ဆိုတာပါပဲ။ တတ်နိုင်ရင်တော့ ကွန်ဒုံးက အစပြုလို့ စိတ်ချရတဲ့ သန္ဓေတားနည်းလမ်းတွေကိုပဲ သုံးစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်အင်္ဂါရေယုန်နဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

လိင်အင်္ဂါရေယုန် ပါးစပ်ရေယုန် လိင်ကတဆင့်ကူးစက် ရေယုန်ဗိုင်းရပ်စ် ရေယုန်အရည်ကြည်ဖုများ လိင်အင်္ဂါအနာ ကွန်ဒုံး စိတ်ဖိစီးမှုများ ကိုယ်ခံအားကျ HSV 1 HSV 2

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတို့အတွက် နည်းလမ်းကောင်းများနဲ့ ကွန်ဒုံးအသုံးပြုနည်းတွေကဘာတွေများလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်တာပါပဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read