သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အမျိုးသမီးတွေ မလွဲမသွေကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကျန်းမာနေအောင်လုပ်ဆောင်ဖို့ကအရေကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေစားရင်း သက်သာအောင်လုပ်လို့ရပါတယ်။

သွေးဆုံးချိန်မှာ သားဥအိမ်တွေကoestrogen ထုတ်လွှတ်မှုကိုရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓါကိုယ်မှာ မအီမသာဖြစ်စေတဲ့ လက္ခဏာတွေကိုဖြစ်ပေါ်လာစေတာပါ။သွေးဆုံးချိန်မှာခန္ဓါကိုယ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေက အမျိုးသမီးတွေအတွက်တော်တော်လေးခံရခက်ပါတယ်။oestrogenဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးသလို အရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဘာတွေစားသောက်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးပါရစေ။

သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကျန်းမာစေမယ့် အစားအသောက်များ

အမျှင်ဓါတ်

သွေးဆုံးချိန်မှာ အမျှင်ဓါတ်များများစားသုံးပေးတာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေက ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးသလို၊ ကိုလက်စထရောနဲ့သွေးတွင်းအချိုဓါတ်ကိုကျဆင်းစေတဲ့အပြင်သွေးဆုံးတာကြောင့် ခံစားရနိုင်တဲ့ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။

ကယ်လ်ဆီယမ်

အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက အားနည်းလာပါတယ်။သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့estrogen ထုတ်လုပ်မှု နည်းလာတာကြောင့် အရိုးပွရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကိုကြံ့ခိုင်စေဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။သွေးဆုံးပြီးချိန်မှာ အရိုးပွရောဂါခံစားရတာ၊ အရိုးကျိုးလွယ်တာမျိုး မဖြစ်စေဖို့အတွက် နို့သောက်ပေးတာ၊ လိမ္မော်ရည်သောက်ပေးတာ၊ အယ်လ်မွန်စေ့ နဲ့ ဆယ်လ်မွန်ငါးစားပေးတာတွေလုပ်ပေးလို့ရပါတယ်။

ပဲပိစပ်

အမျိုးသမီးတွေအနေနဲ့သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေသက်သာစေဖို့အတွက်ဟော်မုန်းတွေကို ညီမျှအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ ပဲပိစပ်မှာပါတဲ့phytoestrogens ကသွေဆုံးချိန်မှာ ခံစားရတဲ့ဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

အဆီ

နေ့စဉ်စားသုံးတဲ့ အစားအစာတေါထဲမျာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဖို့လိုအပ်ပါတယ်။ အသက်ဘယ်အရွယ်ပဲဖြစ်ဖြစ် ခန္ဓါကိုယ် ကျန်းမာအောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီက ကိုယ်တါင်းကဟော်မုန်းတွေကို ထိန်းညှိပေး ရမှာအထောက်အကူပေးပါတယ်။

ပဲနီလေး

phytoestrogen ကိုရရှိနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့်သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ဟော်မုန်းတွေကို တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးတဲ့အပြင်သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။

အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ မဂ္ဂနီဆီယမ်နဲ့ဗီတာမင် C ပမာဏမြင့်မားစွာပါဝင်တာကြောင့်adrenal glandsတွေကို အထောက်အပံ့ပေးပြီးoestrogenတွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

အခွံမာသီးနဲ့အစေ့အဆန်တွေ

ကယ်လ်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ thyroid hormone ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ ဇင့်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ရေညှိ

ရေညှိမှာ အိုင်အိုဒင်းကြွယ်ဝစွာပါဝင်တာကြောင့်သွေးဆုံးချိန်မှာထုတ်လုပ်မှုလျော့ကျသွားတတ်တဲ့ သွိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

အဆီများတဲ့ငါး

ဟော်မုန်းအချို့ထွက်ရှိစေဖို့နဲ့omega 3 ရရှိစေနိုင်မယ့် ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။

အုန်းဆီ

oestrogen ထုတ်လုပ်မှုအတွက် အရေးပါတဲ့ပြည့်ဝအဆီတစ်မျိုးပါ။

ကြက်သွန်ဖြူ၊ကြက်သွန်နီ

အသည်းကျန်းမာစေဖို့အတွက် အထောက်အကူပြုပေးပါတယ်။

အခုလောက်ဆိုရင် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊မေမေတွေကို ဂရုစိုက်ပေးချင်ရင်ပဲဖြစ်ဖြစ် အသုံးတည့်မယ်ထင်ပါတယ်။ အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်။ ဒါပေမယ့် စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read