သွေးဆုံးချိန်မှာ ခံစားရမယ့်အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အမျိုးသမီးတိုင်းလိုလိုကသွေးဆုံးတာကို မဖြစ်မနေရင်ဆိုင်ကြရမှာပါ။သွေးဆုံးတယ်ဆိုတာက ရှုပ်ထွေးတဲ့ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓါကိုယ်အတွင်းရော အပြင်ဘက်မှာပါပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာဖြစ်ပြီးသေချာဂရုစိုက်ဖို့လိုမှာလည်းဖြစ်ပါတယ်။ အရေပြားကတော့ အသိသာဆုံးထိခိုက်တဲ့ အစိတ်အပိုင်းပါ။ ဒီဆောင်းပါးလေးထဲမှာသွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာပြောပြပေးပါရစေ။

သွေးဆုံးခြင်း နဲ့ အသားအရေ

သွေးဆုံးတာက အသားအရေကိုပြောင်းလဲမှုတော်တော်လေးဖြစ်စေနိုင်ပါတယ်။သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာနဲ့ တစ်ဆက်တည်းမှာပဲ အရေပြားအောက်က အဆီအချို့ကလျော့ရဲလာပြီး အရေပြားရဲ့ ကျုံ့ဆန့်အားလည်း ကျဆင်းသွားပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် အရေပြားခြောက်သွေ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ လည်ပင်း၊မေးရိုးနဲ့ပါးတွေမှာအသားအရေတွဲကျတာတွေဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့မျက်လုံးထောင့်မှာ အရေပြားတွန့်တာတွေ၊ အပေါ်နှုတ်ခမ်းအထက်ပိုင်းမှာ အရေပြားတွန့်တာတွေဖြစ်လာမှာလည်းဖြစ်ပါတယ်။

သွေးဆုံးချိန်မှာ အရေပြားမှာဘယ်လိုပြောင်းလဲမှုတွေဖြစ်နိုင်သလဲ

အမျိုးသမီးရဲ့ အရေပြားက အမျိုးသားတွေထက် ၂၅ ရာခိုင်နှုန်းလောက်ပိုပါးလွှာပါတယ်။သွေးဆုံးချိန်မှာ အရေပြားကပိုပြီး ထိခိုက်လွယ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်ထဲမှာဟော်မုန်းပြောင်းလဲမှုတွေဖြစ်လာသလို ခန္ဓါကိုယ်ရဲ့ အခြေခံလုပ်ဆောင်မှုတွေကလည်းပြောင်းလဲလာပါတယ်။ အသားအရေကျန်းမာစေဖို့အတွက် ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုထိန်းညှိဖို့လိုသလို ခန္ဓါကိုယ်ကိုနေရောင်ခြည်ထိတွေ့မှုကနေကာကွယ်ပေးဖို့လည်း လိုပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုသလိုရေ နဲ့အာဟာရဓါတ်တွေကိုထိန်းသိမ်းပေးဖို့လည်းလိုပါတယ်။

သွေးဆုံးတဲ့အချိန်မှာ အရေပြားမှာ –

  • ခြောက်သွေ့တာ
  • အသားအရေလျော့ရဲတာ
  • အသားအရေကြမ်းတမ်းတာ
  • အရေးအကြောင်းတွေဖြစ်တာ
  • အရေပြားမှာ ရေဓါတ်နည်းပါးလာတာ
  • အက်စထရိုဂျင် ထုတ်လုပ်မှုနည်းလာတာကြောင့် အသားအရေ မွဲခြောက်ခြောက်ဖြစ်တာ
  • အသားအရေမှာ အစက်အပြောက်တွေဖြစ်တာ
  • အရေပြားခြောက်သွေ့ကွဲအက်တာတွေဖြစ်လာနိုင်ပါတယ်။

သွေးဆုံးချိန်မှာဖြစ်တဲ့အရေပြားပြဿနာတွေကိုဖြေရှင်းနည်း

အသားအရေကို သန့်ရှင်းပေးပါ

အသားအရေကို သန့်စင်တာက အသားအရေထိန်းသိမ်းမှုရဲ့ အရေးကြီးဆုံးအဆင့်တစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာလေလေ အရေပြားကခြောက်သွေ့လာလေလေပါ။ ဒါကြောင့် အရေပြားကို အရင်ကထက်ပိုပြီး အစိုဓါတ်ထိန်းပေးဖို့လိုပါမယ်။ မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်းရေဓါတ်ဖြည့်ပေးတဲ့ မျက်နှာသစ်ဆေးကိုရွေးချယ်လို့ရပါတယ်။

နေလောင်ကာခရင်မ်လူးပေးဖို့လိုပါမယ်

အရေပြား ကင်ဆာနဲ့အရေပြားမှာ အရေးအကြောင်းတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက သက်လတ်ပိုင်းအရွယ်မှာနေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့်ပါ။ ဒါကြောင့် ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးဖို့လိုပါမယ်။နေ့တိုင်း SPF 30 ဒါမှမဟုတ် SPF 30 ထက်ပိုမိုပါဝင်တဲ့နေလောင်ကာခရင်မ်ကိုလူးပေးဖို့လိုပါမယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ အစားအသောက်တွေစားပါ

ကော်လာဂျင်က အရေပြားကိုနုပျိုစေသလို အသားအရေကိုတင်းရင်းလှပစေမှာဖြစ်ပါတယ်။ အက်စထရိုဂျင်ပမာဏ ကျဆင်းသွားတဲ့အခါ အရေပြားကိုနုပျိုစေတဲ့ကော်လာဂျင်ထုတ်လုပ်မှုကလည်း ကျဆင်းသွားပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေပါဝင်တဲ့ အစားအသောက်တွေက အရေပြားကိုကျန်းမာသန်စွမ်းစေပါတယ်။ အရောင်တောက်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေစားသုံးပေးမယ်ဆိုရင် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုရရှိစေမှာဖြစ်ပါတယ်။

ရေဓါတ်ပြည့်ဝအောင်နေပါ

အသားအရေကို စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာကနေ ၃ လီတာလောက်အထိသောက်သုံးပေးဖို့လိုပါမယ်။ရေသောက်ဖို့ ပျင်းတယ်ဆိုရင်တော့ သဘာဝ သစ်သီးဖျော်ရည်တွေ နဲ့ ဆေးဖက်ဝင် လက်ဖက်ရည်တွေသောက်သုံးပေးလို့ရပါတယ်။ကော်ဖီ၊အချိုရည်နဲ့ အရက်တို့ကိုမသောက်သင့်ပါဘူး။နောက်ထပ်လုပ်လို့ရတာတစ်ခုကတော့ မျက်နှာနဲ့ခန္ဓါကိုယ်ကို အစိုဓါတ်ထိန်းခရင်မ်တွေလူးပေးဖို့ပါပဲ။

ဆဲလ်သေတွေကို ဖယ်ရှားပေးပါ

အရေပြားသန့်စင်စေဖို့နဲ့ ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့အတွက် တစ်ပတ်တစ်ကြိမ်လောက် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ သကြားနဲ့ပျားရည်ကို အသုံးပြုပြီးတော့လည်း အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားလို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်တိုင်းအတွက် အသားအရေကောင်းမွန်စေပါတယ်။သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ အသားအရေကောင်းမွန်စေဖိုပယောဂ ကစားတာဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓါကိုယ်မွှေးညှင်းပေါက်တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အသားအရေကိုလည်း တင်းရင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။လေ့ကျင့်ခန်းလုပ်တာက အရိုးပွတာကို ကာကွယ်ပေးနိုင်သလို နှလုံးကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေနိုင်ပါသေးတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သိုင်းရွိုက်ပြဿနာလား သွေးဆုံးခြင်းလား

သိုင်းရွိုက်အလုပ်လုပ်အားနည်း သွေးဆုံးခြင်း နောက်ဆက်တွဲပြဿနာတွေ အရိုးပွခြင်း ဆီးမကြာခဏသွားခြင်း သက်လတ်ပိုင်းအရွယ် သွေးဆုံးချိန်လက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

မိန်းမကိုယ် ပန်းကလေး မိန်းကလေး အမျိုးသမီးကျန်းမာရေး မိန်းမကိုယ်ကျန်းမာရေး ယားယံခြင်း အကြောင်းရင်းများ တစ်ကိုယ်ရည်သန့်ရှင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

မယ်လတိုနင် အိပ်ပျော်စေဖို့ သဘာဝပစ္စည်းများ အိပ်စက်ခြင်း လေဖြတ် ထိကရုန်း သွေးဆုံးခြင်း မဂ္ဂနီဆီယမ် လာဗန်ဒါ ပင်မှည့် ဂလိုင်စင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

အီစထရိုဂျင်ဟော်မုန်း ကိုယ်အလေးချိန် အပျိုဖော်ဝင်ခြင်း သွေးဆုံးခြင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်မိခင်နို့တိုက်ခြင်း ခံတွင်းပျက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 3 mins read
သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read
အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 16, 2020 . 2 mins read