အရေးပေါ်တားဆေးတွေက အကာအကွယ်မဲ့ လိင်ဆက်ဆံမှြုပုပြီးတဲ့နောက် ဒါမှမဟုတ် ပုံမှန်သုံးနေကျ သန္ဓေတားနည်းက တစ်ခုခု ချို့ယွင်းသွားလို့ (ဥပမာ …. ကွန်ဒုံးပေါက်သွားတာမျိုး) ..ဒါမှမဟုတ် တစ်နေ့တစ်လုံးသောက်နေကျသောက်ဆေးသောက်ဖို့မေ့သွားတဲ့အခါမျိုးမှာ သုံးရတဲ့ သန္ဓေတားနည်းပါ..။
အရေးပေါ်သန္ဓေတားနည်းအနေနဲ့ သောက်ဆေးနဲ့ အရေးပေါ်သားအိမ်အတွင်းထည့်နည်းဆိုပြီး နှစ်မျိုးရှိပေမယ့် အသုံးများတာက သောက်ဆေးဖြစ်တဲ့အတွက် သောက်ဆေးအကြောင်းကိုပဲ ပိုဆွေးနွေးလိုပါတယ်..။
အရေးပေါ်သောက်ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ေနာက် သုံးရက် (တချို့ဆေးတွေက ငါးရက် ) အတွင်းသောက်လို့ရပါတယ်..။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးပြီးချင်း စောစောသောက်လေ ပိုသန္ဓေတားနိုင်လေဖြစ်ပြီး ပိုစိတ်ချရပါတယ်..။ နောက်ကျလေ သန္ဓေတားနိုင်စွမ်းပိုနည်းပါးလေဖြစ်ပါတယ်..။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း.. ဗိုက်အောင့်ခြင်း…မအီမသာဖြစ်ခြင်း.. ပျို့အန်ခြင်းတွေခံစားရနိုင်ပါတယ်…။ ဒါ့အပြင် ရာသီရက်ပြောင်းခြင်း..ရာသီမမှန်ခြင်း..စောလာခြင်းတွေဖြစ်နိုင်ပါတယ်..။ ရာသီလာစဉ်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေကိုလဲ ပိုဆိုးစေနိုင်ပါတယ်..။
ဒါပေမယ့် ဒါဟာဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြထားတာသာဖြစ်ပြီး အရေးပေါ်တားဆေးသောက်တဲ့လူတိုင်း ဒီဘေးထွက်ဆိုးကျိုးတွေခံစားရမယ်လို့ မဆိုလိုပါဘူး..။ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့ပြီး မိမိက ကိုယ်ဝန်လည်းမလိုချင်ဘူးဆိုရင်တော့ အရေးပေါ်တားဆေးဟာ အင်မတန်သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ..။
တကယ်လို့ အရေးပေါ်တားဆေးကိုသောက်ပြီး နှစ်နာရီ သုံးနာရီအတွင်းမှာ ပြန်အန်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်တစ်ကြိမ်ထပ်သောက်ဖို့လိုပါလိမ့်မယ်..။
သတိထားရမယ့်အချက်တွေ
အရေးပေါ်တားဆေးဟာ ဆေးမသောက်မီ သုံးရက်ကနေ ငါးရက်အတွင်းဖြစ်လာနိုင်တဲ့ ကိုယ်ဝန်မရအောင်ကာကယ်တာသာဖြစ်ပြီးတော့ …. ဆေးသောက်ပြီးချိန်ကစပြီး နောက်ပိုင်း လိင်ဆက်ဆံမှုတွေကြောင့် ရလာမယ့် ကိုယ်ဝန်ကိုတော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး..။
ဒါကြောင့် အရေးပေါ်တားဆေးသောက်ပြီးမှ ထပ်မံအတူနေမယ်ဆိုရင် ကွန်ဒုံးလို အကာအကွယ်ပစ္စည်းသုံးတာမျိုးကသင့်တော်တဲ့ နည်းလမ်းဖြစ်မှာပါ..။
တချို့လူတွေဟာ အရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီးတိုင်းသောက်ရတဲ့ ဆေးအဖြစ်အလွဲသုံးနေကြပါတယ်..။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်..။
အရေးပေါ်တားဆေးဟာ နာမည်အတိုင်းအရေးပေါ်မှသာ သောက်သင့်တဲ့ဆေးတစ်မျိုးဖြစ်ပြီး တစ်လမှာ နှစ်ကြိမ်အထက်သောက်မိရင် ….ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်ပြီး ထိခိုက်စေနိုင်သလို သန္ဓေတားနိုင်စွမ်းပါ လျော့ကျပြီးမလိုလားအပ်တဲ့ ကိုယ်ဝန်ရစေနိုင်ပါတယ်..။ အဲဒီအစား တစ်နေ့တစ်လုံးဆေးသောက်ခြင်း… သုံးလခံဆေးထိုးခြင်း.. သားအိမ်တွင်းပစ္စည်းထည့်ခြင်း… လက်မောင်းတွင်းပစ္စည်းထည့်ခြင်း..အကာအကွယ်ပစ္စည်းသုံးခြင်း စတာတွေထဲက မိမိနဲ့သင့်တော်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးသင့်ပါတယ်..။
သတိပြုရမှာ တစ်ခုက ဘယ်သန္ဓေတားတဲ့ နည်းလမ်းကို သုံးသုံး… ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်မရအောင်ကာကွယ်နိုင်တာပဲရှိပြီး HIV အပါအဝင် လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုတော့ ကာကွယ်နိုင်စွမ်းမရှိပါဘူး..။ ကွန်ဒုံးတစ်မျိုးကသာ ကာကွယ်နိုင်မှာပါ..။
မေတ္တာဖြင့်
ဒေါက်တာစိမ်းမိုးစက်
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။