အမျိုးသမီးများ နဲ့ ဗီတာမင် D

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တစ်ခါတလေမှာနေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတြာဖစ်ဖြစ်၊ လမ်းလျှောက်တြာဖစ်ဖြစ်လုပ်ပေးတာကခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုရရှိစေနိုင်ပါတယ်။ ဗီတာမင် D ကလေဒီတို့ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D ကအရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ် ကတည်းကနေတောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကိုသောက်ဖို့ပြောကြတာပါ။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါကင်ဆာနာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D ကလေဒီတို့အတွက်တော်တော်လေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။

ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တော်များပါတယ်။နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D နည်းတဲ့အခါဟော်မုန်းမမျှတတာမျိုးတွေခံစားရနိုင်ပါတယ်။ တကယ်တော့ ဗီတာမင် D ကဘေဘီကနေစလို့ ဘိုးဘိုးဘွားဘွားတွေအထိလိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ခန္ဓါကိုယ်ကို စွမ်းအားတိုးစေသလို ဦးနှောက်ရဲ့လုပ်ဆောင်ရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့အတွက်လည်း လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။

လေဒီတို့အတွက် ဗီတာမင် D ကဒီလိုအထောက်အကူပြုပေးပါတယ်

ဗီတာမင်က အမျိုးသမ်းတွေအတွက် အခုလိုမျိုးအထောက်အကူပြုပေးပါတယ်။

သန္ဓေအောင်နိုင်စွမ်းတိုးစေတယ်

ခန္ဓါကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းများတာက အမျိုးသမီးတွေမှာ သန္ဓေအောင်နိုင်စွမ်းကျဆင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ ကိုယ်တါင်းမျာ အက်စထရိုဂျင်ဟော်မုန်းများနေတာကလေဒီတွေမှာဟော်မုန်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးမယ့် ဇာတ်လိုက်က ဗီတာမင် D ပါ။လေ့လာမှုတစ်ရပ်အရ ဗီတာမင် Dလျော့နည်းနေတာက သန္ဓေအောင်နိုင်စွမ်းကို ၇၅ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးတယ်

ရင်သားကင်ဆာခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဗီတာမင် Dလျော့နည်းနေတာကြောင့်ပါ။ ဗီတာမင် D က ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးသလို ရင်သားကင်ဆာဆဲလ်တွေ ထပ်ပွားမလာစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဗီတာမင် D က ဆဲလ်တွေထဲကို ဝင်ရောက်ပြီး ကင်ဆာဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းသွားအောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ဖြင်းဖြင့် ကင်ဆာဆဲလ်တွေကသေဆုံးသွားတာပါ။

အရိုးတွေသန်မာစေနိုင်တယ်

ခန္ဓါကိုယ်မှာ ဗီတာမင် Dပြည့်ဝမှ အရိုးနဲ့သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင် အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်ပါမယ်။

ကိုယ်ခံအားေကာင်းစေတယ်

ဗီတာမင် D ကပြင်ပရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ကူညီပေးပါတယ်။ ဒါကြောင့် ဖျားနာမှု နဲ့ရောဂါပိုးတွေအန္တရာယ်ကနေ ကင်းဝေးချင်တယ်ဆိုရင်တော့နေ့စဉ် ဗီတာမင် D ရရှိအောင်လုပ်ဆောင်ဖို့ လိုပါမယ်။

Polycystic Ovarian Syndrome (PCOS) မဖြစ်အောင်ကာကွယ်ပေးတယ်

Polycystic Ovarian Syndrome ဆိုတာက အပျိုဖော်ဝင်တဲ့အရွယ် မိန်းကလေးတွေမှာ အဖြစ်များတဲ့ဟော်မုန်းမမျှတတဲ့ အခြေအနေတစ်ရပ်ပါ။တွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့ကတော့ ကိုယ်အလေးချိန်တက်လာတာ၊ ဝက်ခြံတွေထွက်တာ နဲ့ သန္ဓေမအောင်တာမျိုးအဖြစ်များပါတယ်။ များသောအားဖြင့် ဒီဝေဒနာက ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့နေတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ အခုလိုပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် နေ့စဉ်ပုံမှန် မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို ထိတွေ့ပေးတာ။ ဗီတာမင် D အားဖြည့်ဆေးတွေသောက်သုံးပေးတာဖြစ်ဖြစ် လုပ်ဆောင်ပေးလို့ရပါတယ်။

ကဲလေဒီတို့ရေ ဒီလောက်တောင်အကျိုးများတဲ့ ဗီတာမင် D ကို မနက်ခင်းနေရောင်နွေးနွေးအောက်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်းရယူလိုက်ပါနော်……

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ...

ရေးသားသူ Ye Myo Myat

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
သင့်ရဲ့ စိတ်လေး ကျန်းမာပါစ။

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 1 min read