အပ်စိုက်ခြင်းက သွေးဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို သက်သာစေပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 14, 2020 . 2 mins read
Share now

သွေးဆုံးတယ်ဆိုတာ နောက်ဆုံးရာသီလာပြီး ၁၂လတွင်ဖြစ်ကာ ရာသီစက်ဝန်းရဲ့ အဆုံးသတ်အဖြစ် သတ်မှတ်ပါတယ်။ အသက်၄၀နဲ့ ၅၀ပတ်ဝန်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးဆုံးတယ်ဆိုတာ သဘာဝအရဖြစ်တဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။ ကိုယ်ဝန်မဆောင်နိုင်တော့သော်လည်း ကျန်းမာစွာနေထိုင်နိုင်ပြီး လိင်လည်းဆက်ဆံနိုင်ပါသေးတယ်။

ဒါပေမယ့်လည်း သွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတစ်ချို့က အိပ်စက်ခြင်းကို ပြဿနာပေးတတ်ပြီး အားအင်လျော့နည်းစေနိုင်ပါတယ်။

မိန်းမအချို့ကိုတော့ ဝမ်းနည်းခြင်းနဲ့ ဆုံးရှုံးခြင်းလိုမျိုး ခံစားချက်သောကတွေ ပေးတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာတော့ အပ်စိုက်ကုသခြင်းက ကူညီပေးနိုင်ပါလိမ့်မယ်။

အပ်စိုက်ကုသခြင်းဆိုတာ ဘာလဲ။

– အပ်စိုက်ကုသခြင်းဆိုတာ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ တရုတ်ရိုးရာဆေးနည်းတစ်မျိုးပါ။ ယင်းကုသနည်းက မယ်ရီဒီယမ်လို့ခေါ်တဲ့ လမ်းကြောင်းတစ်လျောက်မှ ခန္ဓါကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းနေတဲ့ ချီလို့ခေါ်သော စွမ်းအားတစ်မျိုးအပေါ်မှာ အခြေခံထားတာပါ။

ခန္ဓါကိုယ်နေရာတစ်ချို့မှာ အပ်သေးသေးလေးများစိုက်ပြီး ကုသခြင်းဖြစ်ပါတယ်။ စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ အပူ၊ ဖိအားနဲ့ လျှပ်စစ်ဓါတ်အနည်းငယ်ကို တစ်ခါတစ်ရံ အပ်ဖြင့်တွဲပြီး အသုံးပြုပါတယ်။

– ရိုးရာအပ်စိုက်ကုသနည်းဟာ ကျန်းမာရေးကို ခြုံငုံသုံးသပ်ခြင်းအားဖြင့် ချဉ်းကပ်ပြီး နာမကျန်းဖြစ်ခြင်းကို ခန္ဓါကိုယ်ရှိဓါတ်များ မျှခြေတွင်မရှိတော့ခြင်းဟု သတ်မှတ်ပါတယ်။ မညီမျှမှုပုံစံနဲ့ အနည်းအများတွေက တစ်ဦးတစ်ယောက်ဖြင့်သာ သက်ဆိုင်ပါတယ်။

အပ်စိုက်ကုခြင်းအား ကျွမ်းကျင်ပိုင်နိုင်မှုဆိုသည်မှာ မညီမျှခြင်းတို့၏ရင်းမြစ်အား ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းနှင့် အသင့်တော်ဆုံးနည်းလမ်းတို့ကိုရွေးချယ်နိုင်မှုပေါ်မှာ မူတည်ပါတယ်။ ဘယ်နေရာမှာ အပ်စိုက်ရမယ်ဆိုတာကတော့ လူနာတစ်ဦးတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ သက်ဆိုင်ပါတယ်။

– ရိုးရာအပ်စိုက်နည်းကို ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

အပ်စိုက်ကုသခြင်းက သွေးဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။

– သွေးဆုံးခြင်းဆိုင်ရာ ပြဿနာတွေ ကုသဖို့အတွက် တကယ့်အစစ်အမှန် အပ်စိုက်ကုသခြင်းနှင့် အတုအယောင်ကုသခြင်းကြားမှာ ကွားခြားချက်မရှိပါဘူး။

– အပ်စိုက်ခြင်းက အနည်းဆုံး ဟော်မုန်းဆိုင်ရာကုသနည်းတွေလောက် ထိရောက်ပါတယ်။ တစ်ခါတစ်ရံ ပိုတောင်သာပါသေးတယ်။

– အရန်ထားအသုံးပြုတာက ပုံမှန်အားဖြင့်တော့ တိုးတက်မှုရှိပါတယ်။ ဂရုစိုက်ခြင်းနဲ့ Moxa အပင်ကို မီးရှို့ကုသခြင်းကလည်း ဘာမှမမလုပ်တာထက်တော့ သာပါတယ်။ အထက်ပါရလဒ်တွေကြောင့် အတုအယောင် အပ်စိုက်ကုသခြင်းဟာ သူဘာသာသူတော့ ထိရောက်မှုရှိပါတယ်။

ဒါကြောင့် အစစ်အမှန်အပ်စိုက်ခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုအဖြစ်အသုံးပြုခြင်းကို လျော့ချလိုက်ပါတယ်။ ဒါပေမဲ့လည်း ပိုမိုအဆင့်မြင့်တဲ့ လေ့လာမှုတွေပြုလုပ်ဖို့ လိုသေးတယ်ဆိုတာ ပြသနေပါတယ်။

အပ်စိုက်ခြင်းက အောက်ပါ သွေးဆုံးခြင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

· သွေးတွင်း အီစတာဒိုင်အောဟော်မုန်း၊ မျိုးဥလှုံ့ဆော်ဟော်မုန်းနဲ့ လူတီယိုထရောပစ်ဟော်မုန်းတို့ကို ချိန်ညှိပေးပါတယ်။

· တစ်ရှုးနဲ့ ကြွက်သားတွေမှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် အန်ဒေါဖင်နဲ့ အခြားအာရုံကြောဟော်မုန်းတွေကို ထွက်လာစေပါတယ်။ ယင်းကြောင့် ဦးနှောက်နဲ့ အာရုံကြောမကြီးမှာရှိတဲ့ နာကျင်ခြင်းဖြစ်စဉ်တွေ ပြောင်းလဲသွားပါတယ်။

· စိတ်ပြေလျော့စေခြင်း၊ စိတ်ဖိစီးမှုနည်းစေခြင်းနဲ့ အန်ဒေါဖင်တို့များစေခြင်းအားဖြင့် မကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ကူညီနိုင်ပါတယ်။

ရက်ချိန်းအတွက် ပြင်ဆင်ထားပါ။

– ဖြစ်နိုင်မယ်ဆိုရင် မိသားစုဝင် ဒါမှမဟုတ် ရင်နှီးသူတစ်ယောက်ကို ခေါ်သွားပါ။ သွားပြတဲ့အခါမှာ သိထားရမယ့်အကြောင်းအရာတွေ အများကြီးပြောမှာ ဖြစ်ပြီး အကုန်လုံး မှတ်မိဖို့ ခက်ခဲပါတယ်။

– ရက်ချိန်းမှာ အတိုချုံးပဲ ပြောတော့မှာဖြစ်လို့ သေသေချာချာ ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။

– လက္ခဏာတွေကို အမြဲသတိပြုနေပါ။ ဥပမာအားဖြင့် တစ်နေ့ ဒါမှမဟုတ် တစ်ပတ်အတွင်းမှာ ဖိန်းကနဲရှိန်းကနဲဖြစ်သွားတာတွေက ဘယ်နှစ်ကြိမ်ရှိလဲ၊ ဘယ်လောက်ပြင်းထန်လဲဆိုတာ စာရင်းလုပ်ထားပါ။

– သောက်သုံးလျက်ရှိသော ဆေးဝါးများ၊ ဘယဆေးများနဲ့ ဗီတာမင်အားဆေးများကို ချရေးထားပါ။ ဘယ်လောက်အချိုးအစားသောက်လဲ၊ ဘယ်နှစ်ကြိမ်လောက်သောက်လဲဆိုတာတွေ ပါပါတယ်။

ဒါ့အပြင် ဘယဆေးတွေ၊ အားဆေးတွေသောက်မယ်ဆိုရင်လည်း ဆရာဝန်ကို ကြိုပြောရပါမယ်။ အချို့ဘယဆေးတွေက အန္တရယ်ရှိနိုင်တဲ့အပြင် သောက်သုံးနေတဲ့ အခြားဆေးဝါးတွေနဲ့လည်း ဓါတ်ပြုနိုင်ပြီး သင့်ကျန်းမာရေးကို ချိန်းခြောက်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

မယ်လတိုနင် အိပ်ပျော်စေဖို့ သဘာဝပစ္စည်းများ အိပ်စက်ခြင်း လေဖြတ် ထိကရုန်း သွေးဆုံးခြင်း မဂ္ဂနီဆီယမ် လာဗန်ဒါ ပင်မှည့် ဂလိုင်စင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

အီစထရိုဂျင်ဟော်မုန်း ကိုယ်အလေးချိန် အပျိုဖော်ဝင်ခြင်း သွေးဆုံးခြင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်မိခင်နို့တိုက်ခြင်း ခံတွင်းပျက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

မဟော်မုန်း အစားထိုးကုသခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်များ

မဟော်မုန်း Estrogen အမျိုးသမီး မိန်းမကိုယ် အရိုးပါးရောဂါ ဟော်မုန်းအစားထိုးကုသခြင်း ရာသီစက်ဝန်း ရင်သားကင်ဆာ ကိုယ်ဝန် သွေးဆုံးခြင်း မမျိုးဥအိမ် မိဘမျိုးရိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဟော်မုန်းမမျှတခြင်းရဲ့ လက္ခဏာတွေ ။

ဟော်မုန်း ဟော်မုန်း မမျှတခြင်း အီစတိုဂျင် ပရိုဂျက်စတုန်း ကိုယ်အလေးချိန်တက် ဝက်ခြံ မိန်းမကိုယ်ခြောက်သွေ့ ဆံပင်ကျွတ် သွေးဆုံး အပူရှပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

သင့်အတွက် ရွေးချယ်ထားသည်

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 3 mins read
သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 16, 2020 . 2 mins read
သိုင်းရွိုက်ပြဿနာလား သွေးဆုံးခြင်းလား

သိုင်းရွိုက်ပြဿနာလား သွေးဆုံးခြင်းလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 13, 2020 . 2 mins read