သားအိမ်ထုတ်ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သားအိမ်ထုတ်တယ်ဆိုတာ ဗိုက်အောက်ပိုင်းကနေ ခွဲစိတ်ပြီး သားအိမ်ကိုဖယ်ရှားတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ရာမှာ partial hysterectomy (သားအိမ်ကိုပဲဖယ်ရှားပြီး သားအိမ်ခေါင်းကို နဂိုအတိုင်းချန်ထားခဲ့တာ) နဲ့ total hysterectomy (သားအိမ်နဲ့ သားအိမ်ခေါင်းကို လုံးဝဖယ်ရှားလိုက်တာ) ဆိုပြီးရှိပါတယ်။

တစ်ခါတလေ total hysterectomy ခွဲစိတ်မှုမှာ သားဥအိမ်၊ သားဥပြွန် သို့မဟုတ် နှစ်ခုစလုံးကိုပါ ဖယ်ရှားရတာတွေ ပါဝင်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မိန်းမကိုယ်ကနေသားအိမ်ထုတ်ခွဲစိတ်ခြင်း(vaginal hysterectomy) အပါအဝင် တခြားနောက်ဆုံးပေါ် သားအိမ်ထုတ်ခွဲစိတ်နည်းတွေ ရှိပါသေးတယ်။ ဆိုးကျိုးအနည်းဆုံးနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

ခွဲစိတ်ပြီးတဲ့အခါ

ခွဲစိတ်မှုပြီးတဲ့အခါ ကိုယ့်ရဲ့ဆရာဝန်၊ ဆရာမတွေက –

  • နာကျင်မှုနဲ့ပတ်သက်တဲ့လက္ခဏာတွေ စောင့်ကြည့်ကုသပေးကြမယ်၊
  • နာကျင်မှုသက်သာစေဖို့နဲ့ ခွဲစိတ်ဒဏ်ရာပိုးမဝင်စေဖို့ ဆေးတွေပေးမယ်၊
  • ခွဲစိတ်မှုသက်သာလာတာနဲ့ ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် အားပေးကူညီကြပါလိမ့်မယ်။

နာလန်ထူမယ့် ကာလ

အမျိုးသမီးအများစုအတွက်တော့ ဝမ်းဗိုက်ကနေခွဲစိတ်မှုနောက်ပိုင်းမှာ ပြန်လည်နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ  –

  • ကောင်းကောင်းအနားယူပါ။
  • ခွဲစိတ်ပြီးနောက်ပိုင်း ၆ ပတ်အတွင်း အလေးအပင် မ မပါနဲ့။
  • လူက လှုပ်လှုပ်ရှားရှားနေပါ သို့သော် ပထမ ၆ ပတ်အတွင်း အားစိုက်ရတဲ့၊ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။
  • လိင်မှုကိစ္စအတွက် ၆ ပတ်ကျော်တဲ့အထိ စောင့်ပေးပါ။
  • ပုံမှန်လုပ်နေကျအလုပ်တွေပြန်မစခင် ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ပါ။

သားအိမ်ထုတ်ပြီးပြီဆိုရင်

သားအိမ်ထုတ်ခွဲစိတ်မှုပြုလုပ်လိုက်ပြီဆိုရင် ပြောင်းလဲသွားမယ့်အရာတွေရှိပါတယ် –

  • ရာသီမလာတော့ဘူး၊ ကိုယ်ဝန်ဆောင်လို့မရတော့ဘူးဆိုတာ သိထားပြီးသားဖြစ်မှာပါ၊
  • ကိုယ်က သွေးမဆုံးသေးတဲ့အရွယ်ဆိုရင် သားအိမ်နဲ့အတူ သားဥအိမ်တွေကိုဖယ်ရှားလိုက်တဲ့အခါ သွေးဆုံးသွားပြီဖြစ်ပါတယ်။
  • သွေးမဆုံးခင်မှာ သားအိမ်ထုတ်လိုက်ရပြီး သားဥအိမ်တွေကို မထုတ်ခဲ့ဘူးဆိုရင် သွေးဆုံးမယ့်ပုံမှန်အသက်အရွယ်ထက် စောပြီး သွေးဆုံးခြင်းကိုခံစားရနိုင်ပါတယ်။
  • partial hysterectomy ခွဲစိတ်မှုကိုခံယူထားပြီး သားအိမ်ခေါင်းက နဂိုအတိုင်းကျန်ရှိနေတယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေရှိနေပါသေးတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
  • သားအိမ်ထုတ်ပြီးနောက်ပိုင်းမှာ လိင်မှုကိစ္စ ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။

သားအိမ်ထုတ်လိုက်ပြီးနောက်ပိုင်း ကိုယ့်မှာဆုံးရှုံးမှုကြီးဖြစ်သွားသလို စိတ်ဓာတ်ကျတာ၊ ပူပန်တာတွေ ဖိစီးနေဖို့မလိုပါဘူး။ ကျန်းမာအောင် နေထိုင်စားသောက်ပြီး ပုံမှန်အတိုင်းဆက်လက် နေထိုင်သွားလို့ရပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု

ဟော်မုန်း သွေးဆုံးချိန် အီစထရိုဂျင် ပရိုဂျက်စတုန်း သွေးဆုံးကိုင်ဝေဒနာ အရိုးသိပ်သည်းဆ ရင်သားကင်ဆာ သားအိမ်ကင်ဆာ သားဥအိမ်ကင်ဆာ နှလုံးသွေးကြောကျဉ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ညီမငယ်တို့ သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှု

သားအိမ်ခေါင်းကင်ဆာ သားအိမ်ခေါင်း သားအိမ် မိန်းကလေး ညီမငယ် ကြိုတင်ကာကွယ်မှု ကာကွယ်ဆေး ဆေးထိုးခြင်း ဆိုးကျိုး အန္တရာယ် နောက်ဆက်တွဲပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သားအိမ်ထဲမှာ ကြိုး ပျောက်နေပြီဆိုရင်

ကြိုး သားအိမ် အရေးပေါ်တားဆေး အကာအကွယ်မပါ သားအိမ်ခေါင်း ရာသီလာ သားအိမ်ထဲထည့်တဲ့ပစ္စည်း ချမ်းတုန်ဖျား ပေါက်ထွက် ultrasound tampon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

မိန်းမကိုယ် ပန်းကလေး မိန်းကလေး အမျိုးသမီးကျန်းမာရေး မိန်းမကိုယ်ကျန်းမာရေး ယားယံခြင်း အကြောင်းရင်းများ တစ်ကိုယ်ရည်သန့်ရှင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်
ချက်တဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 2 ဖတ်ရန် ကြာချိန်
ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 ဖတ်ရန် ကြာချိန်
ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 3 ဖတ်ရန် ကြာချိန်