ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 29, 2020 . 2 mins read
Share now

ခေါင်းစည်းကြိုး လှလှလေးတွေကို လက်မှာ အလှပတ်ကြတာ၊ လိုတဲ့ အခါ ခေါင်းစည်းဖို့ ဆိုပြီး လက်ကောက်ဝတ် မှာ ပတ်ထားကြတာ တွေ့ဖူးပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ မိန်းကလေးတွေ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။

ဒါပေမယ့် ခေါင်းစည်းကြိုးတွေ၊ သရေကြိုးတွေကို လက်မှာ စည်းထားတာက ဘယ်လောက် အန္တရာယ် များလဲ ဆိုတာ ပျိုမေတို့ မသိသေးလို့ပါ။ ဒီလို လက်မှာ မပတ်ကြဖို့ ဘာကြောင့် သတိပေးရသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ –

(၁) သွေးလည်ပတ်မှု မကောင်းတော့ဘူး။

သားရေကြိုး ပါတဲ့ ခေါင်းစည်းကြိုး ကို လက်ကောက်ဝတ် မှာ ပတ်စည်းလိုက်မယ် ဆိုရင် လက်ကောက်ဝတ်မှာ ရှိတဲ့ သွေးကြောတွေကို ဖိညှစ်ထားလိုက်သလိုပါပဲ။ ဒီလိုဆို သွေးလည်ပတ်မှုက ဘယ်လို ဖြောင့်ဖြူးနိုင်တော့မလဲ။

အဲဒီကနေ လက်အာရုံကြောတွေ ထုံကျဉ် အားနည်းတဲ့ ရောဂါ ဖြစ်လာနိုင်တယ်၊ ကာလတာရှည် နာကျင်မှု နဲ့ လက်ချောင်း ထုံကျဉ်တာ တွေ ခံစားရပါလိမ့်မယ်။

(၂) လက် အရေပြား ကို ပိုးဝင်နိုင်တယ်။

ခေါင်းစည်းကြိုးကို အချိန်ကြာကြာ ပတ်ထားတဲ့အခါ အဲဒီမှာ ချွေးတွေ၊ ဖုန်တွေ၊ အညစ်အကြေး နဲ့ ပိုးမွှားတွေ ကပ်ငြိနေနိုင်တယ်။ လက်ကောက်ဝတ် အရေပြားက နုတဲ့အပြင် သွေးကြောတွေနဲ့ နီးတာမို့ ခေါင်းစည်းကြိုး ကြောင့် အရေပြား ပွန်းတာ၊ ပွတ်တိုက်မိတာတွေကနေ ရောဂါပိုးတွေ ဝင်ရောက်သွားနိုင်ပါတယ်။

တကယ်လို့ ဘက်တီးရီးယားတွေက အရေပြားအတွင်းထဲ အထိ ရောက်ရှိသွားတာမျိုး၊ အဲဒီရောဂါပိုးက အန္တရာယ်ရှိ အမျိုးအစားတွေ ဖြစ်နေတာမျိုး ဆိုရင် အသက်အန္တရာယ်ထိ ခြိမ်းခြောက်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုး တွေက ကြောက်စရာပါ။

(၃) ယားနာ ဖြစ်နိုင်တယ်

လက် ဆိုတာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ဆောင်သမျှတွေထဲ အလှုပ်ရှားရဆုံး၊ အရာဝတ္တုတွေနဲ့ ထိတွေ့မှု အများဆုံး အစိတ်အပိုင်းပါ။ အဲ့ဒီလက် အဖျားနားက လက်ကောက်ဝတ် မှာမှ ပတ်ထားမိတဲ့ ခေါင်းစည်းကြိုးဟာ ရောဂါပိုးမွှားတွေ မျိုးစုံ ကပ်နေမှာ သေချာပါတယ်။

တချို့ ပိတ်စလေးတွေ၊ အမွှေးလုံးလေးတွေ နဲ့ အလှချုပ်ထားတဲ့ ‌ခေါင်းစည်းကြိုးတွေဆို အကြိမ်ကြိမ်သုံးနေကြပေမယ့် တော်ရုံ မလျှော်တတ်ကြပါဘူး။ ဆံပင်မှာ စည်းလိုက်၊ လက်မှာ ပတ်လိုက်နဲ့ ဆိုတော့ လက်က ပိုးတွေ ဆံပင်ကိုရောက်၊ ဆံပင်က ပိုးတွေ လက်ကို ရောက်စေတဲ့ ရောဂါပိုး သံသရာ ဖြစ်လာနိုင်တယ်လေ။

ဒီလို ခေါင်းစည်းကြိုးတွေကို အခါခါသုံးမယ်၊ အကြာကြီး ပတ်ထားမယ် ဆိုရင် အရေပြားမှာ ယားနာ ဖြစ်လာနိုင်ပါတယ်။

(၄) ကူးစက်ရောဂါတွေ အန္တရာယ် မကာကွယ်နိုင်ဘူး

ကူးစက်နိုင်တဲ့ ရောဂါတွေ ကို ကာကွယ်ရာမှာ အများအားဖြင့် လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ တိုက်တွန်းကြပါတယ်။ လက်ကို မကြာခဏ ဆေးနေပေမယ့် အနီးဆုံး လက်ကောက်ဝတ် ပေါ်မှာ မသန့်ရှင်းတဲ့‌ ခေါင်းစည်းကြိုးက အခန့်သား ရှိနေမှတော့ သွားပြီပေါ့။

ဒါဆိုရင် တော်ရုံတန်ရုံ ရောဂါပိုးတွေတင် မကဘဲ Covid-19 လို ကပ်ရောဂါတွေ အတွက်ပါ စိုးရိမ်စရာ ကောင်းသွားပါပြီ။ လက်ကို မြှောက်ပြီး ဆံပင် သပ်တင်တာတို့၊ မျက်နှာ ရှေ့ ဝဲပြီး လှုပ်ရှားမိတာတို့ဆို ခေါင်းစည်းကြိုး မှာ ကပ်နေတဲ့ ရောဂါပိုးက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်း ထဲ တန်းဝင်သွားနိုင်ပါတယ်။

ကဲ…ပျိုမေ တို့ရေ။ ယူတို့ရဲ့ ခေါင်းစည်းကြိုး လှလှလေးတွေကို ခေါင်းမှာ စည်းရင်စည်း၊ ဒါမှမဟုတ်ရင် အိတ်ထဲသာ ထည့်ထားလိုက်ပါနော်။ ကိုယ့်ရဲ့ အပြုအမူ အသေးအဖွဲလေးတွေက စပြီး ဘေးမဖြစ်ကြစေဖို့ သတိပေးလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ကိုဗစ် ကာကွယ်ဆေး ကပ်ရောဂါ ကပ်ဘေး အအေးမိ တုပ်ကွေး ဝက်သက် ခွေးရူးပြန် ရောဂါပိုး လေထု ထိန်းချုပ် မြန်မာနိုင်ငံ ပထမလှိုင်း လက်ဆေး ဆပ်ပြာ မိသားစု Covid-19 Mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အသားအရေက အလှတိုးစေသလို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read