ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါဖြစ်နိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သွေးအားနည်းရောဂါဆိုတာ သွေးထဲမှာ သံဓါတ်လျော့နည်းခြင်းဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓါတ်ကအရေးပါပါတယ်။ သွေးအားနည်းခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေကသွေးဆုံးရှုံးမှုများခြင်း၊ကပ်ပါးပိုးဝင်ခြင်း၊အာဟာရဓါတ်ချို့တဲ့ခြင်း၊အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ပါဝင်ပါတယ်။ သံဓါတ်ချို့တဲ့တဲ့အခါ ခန္ဓါကိုယ်အနှံ့ကဆဲလ်တွေကအောက်ဆီဂျင်ချို့တဲ့လာပါတယ်။သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်းသွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။

အမျိုးသမီးတွေက လတိုင်းဓမ္မတာသွေးဆင်းတဲ့အခါသွေးနီဥဆဲလ်မှာပါသွားတဲ့ သံဓါတ်လည်းဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့သံဓါတ်ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ်ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။သွေးဆင်းများတဲ့အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိချိန်နဲ့နို့တိုက်ကျွေးချိန်အတွင်း ကလေးကြီးထွားဖွံ့ဖြိုးစေဖို့ သံဓါတ်လိုအပ်မှုကပိုများလာပါတယ်။ သံဓါတ်အားနည်းရင် အမေရောကလေးအတွက်ပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် သံဓါတ်အလုံအလောက်ရရှိဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ိတိုက်ကျွေးချိန်တွေမှာ သံဓါတ်အားနည်းတတ်ကြပါတယ်။

သွေးဆင်းများခြင်းလက္ခဏာတွေက

  • ၇ ရက်ထက်ပိုကြာပြီး ရာသီလာခြင်း
  • သွေးခဲလေးတွေဆင်းခြင်း
  • ပင်ပန်းနုံးချိနေခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
  • ပုံမှန်ရာသီလာချိန်မဟုတ်ဘဲ တစ်လအတွင်း သွေးထပ်ဆင်းခြင်း
  • သွေးဆုံးပြီးမှသွေးဆင်းခြင်း

အကြောင်းရင်းများ

ရာသီသွေးဆင်းများစေတဲ့ အကြောင်းရင်းကအများကြီးရှိပါတယ်။ အဖြစ်များတာတွေက –

ဟော်မုန်းပြဿနာ – လစဉ်လတိုင်း သားအိမ်အတွင်းမှာ ဖြစ်တည်လာတဲ့ အမြှေးပါးက ရာသီသွေးအဖြစ်နဲ့ဆင်းလာတာဖြစ်ပါတယ်။ဟော်မုန်းပမာဏမညီမျှရင်တော့ ခန္ဓါကိုယ်ကအမြှေးပါးအရမ်းထူလာပြီး ကွာကျတဲ့အခါရာသီသွေးဆင်းတာများလာနိုင်ပါတယ်။

သားအိမ်အတွင်းအလုံးတည်ခြင်း – သားအိမ်အမြှေးပါးအတွင်းမှာ အလုံးတွေဖြစ်တည်လာတတ်ပါတယ်။ ကင်ဆာဖြစ်စေတဲ့ အကျိတ်လုံး နဲ့ ကင်ဆာမဖြစ်စေသော အကျိတ်လုံးတို့နှစ်မျိုးလုံးကသွေးဆင်းတာပိုများစေ၊ ရက်ပိုကြာစေနိုင်ပါတယ်။

IUD ထည့်သွင်းထားခြင်း – သားဆက်ခြားနည်းလမ်းအဖြစ်နဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကိုအသုံးပြုထားတဲ့အမျိုးသမီးတွေရှိပါတယ်။ IUD ကဟော်မုန်းမပါတဲ့အမျိုးအစားဖြစ်ခဲ့ရင် ရာသီသွေးဆင်းတာပိုများနိုင်ပါတယ်။

အမျိုးသမီးကင်ဆာရောဂါတချို့ –ဖြစ်ခဲတယ်ဆိုပေမယ့် သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ရှိနေတဲ့အမျိုးသမီးတချို့မှာ ရာသီသွေးဆင်းများသလို အသွင်နဲ့သွေးအလွန်အကျွံဆင်းတတ်ပါတယ်။

ဆေးဝါးတချို့ –သွေးကျဲဆေး သို့မဟုတ်ရောင်ရမ်းမှုလျော့ကျစေတဲ့ဆေးဝါးတွေက ရာသီသွေးဆင်းများစေပါတယ်။

တခြားရောဂါများ –အမျိုးသမီးတွေမှာသွေးဆင်းများစေတဲ့အကြောင်းရင်းက သိုင်းရွိုက်ပြဿနာ၊ တင်ပါးဆုံခွက်ရောင်ရမ်းမှုရောဂါ((PID)၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စတဲ့ရောဂါတချို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

အထက်ပါလက္ခဏာတွေမဟုတ်ဘဲ ရာသီသွေးဆင်းတာပုံမှန်ရှိသူတွေနဲ့ အနည်းငယ်များသူတွေကတော့ ဆုံးရှုံးသွားတဲ့သံဓါတ်ကိုပြန်ဖြည့်တင်းနိုင်ဖို့ ဂရုစိုက်ပေးရင်လုံလောက်ပါတယ်။ ဗီတာမင်စီနဲ့သံဓါတ်များတဲ့အသီးတွေ၊ငါး၊ ပင်လယ်စာနဲ့အခွံမာငါးတွေအပြင် ပဲပိစပ်၊ပဲနီလေး၊အုတ်ဂျုံ၊ကိုက်လန်၊အစေ့အဆံတွေစတဲ့ အစားအစာတွေကနေ သံဓါတ်ဖြည့်တင်းနိုင်လို့ မျှတစွာစားသုံးပေးပါ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read
အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read