ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 16, 2020 . 2 mins read
Share now

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။

ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။

သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။

ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံက သွေးတွေ ထွက်လာတယ်ပေါ့။

ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် သွေးတိတ်အောင်ဆိုပြီး ပရိုတိန်းလေးတွေ ထုတ်ပေးတတ်ပါတယ်။ ဒီပရိုတိန်းလေးက သွေးခဲစေတာပေါ့။ ခုလည်း ဒီလိုမျိုးပဲ သွေးခဲစေလို့ သွေးတုံးလေးတွေ ဖြစ်လာတာပါ။

နောက်တစ်ခုက သွေးတွေက ဆင်းလာတဲ့အခါ သားအိမ်အောက်ခြေမှာ အနည်းငယ် ဝပ်နေတတ်ပါတယ်။ ဒီသွေးတွေက ကြာလာတဲ့အခါ ခဲသွားပါတယ်။ နောက်မှ တဖြည်းဖြည်း အပြင်ကို ထွက်လာတာပါ။ ကြာနေပြီဖြစ်လို့ အရောင်က အညိုပုပ်ရောင် ပြောင်းသွားပါတယ်။

ဒါကြောင့် ရာသီစလာလာချင်းမှာ သွေးခဲတွေက ရဲနေတတ်ပြီး ရက်နည်းနည်းကြာလာရင် အညိုရောင် ဖြစ်သွားတာပါ။ ဒါက စိုးရိမ်စရာ မရှိပါဘူး။

ဘယ်လိုသွေးခဲတွေက မစိုးရိမ်ရဘူးလဲ။

  • သွေးခဲအရွယ်အစားသေးရင်
  • ရာသီစလာလာချင်း တစ်ရက် နှစ်ရက်မှာပဲ ဆင်းရင်
  • အနီရောင် ဒါမှမဟုတ် အနီရင့်ရောင် ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။

ဘယ်လိုသွေးခဲတွေဆို သတိထားသင့်လဲ။

  • သွေးခဲအရွယ်အစားကြီးရင်
  • သွေးခဲက ကြီးမယ်၊ ရာသီရက် တောက်လျှောက်လုံးမှာ ဆင်းနေရင်
  • သွေးဆင်းတာလည်း များရင်
  • ရာသီချိန်ကိုက်ခဲတာလည်း ပြင်းထန်ရင် သတိထားသင့်ပါတယ်။

ဘာတွေ ဖြစ်နိုင်လို့လဲ။

ခုနကလို သတိထားသင့်တဲ့ သွေးခဲတွေ ဆင်းနေပြီဆိုရင်တော့ အောက်ကရောဂါတွေလားဆိုပြီး စဉ်းစားရမှာပါ၊

အသားလုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အလုံးတစ်ခုခုရှိနေတဲ့အခါ သားအိမ်အဝကို ပိတ်ထားတဲ့အတွက် သွေးက ကောင်းကောင်း မဆင်းတော့ပါဘူး။ ဒါကြောင့် သွေးခဲဖို့အချိန်ပိုရတာကြောင့် ရာသီသွေးမှာ သွေးခဲတွေ ပါလာတာပါ။

သွေးခဲတာအပြင် ရာသီချိန်မှာ မခံနိုင်လောက်အောင် ကိုက်ခဲတာ၊ ကလေးမရတာ၊ အတူနေရင် မိန်းမကိုယ်ကနာတာ၊ လေပွသလို ခံစားရတာ၊ ရာသီကြားဖောက်လာတာ စတာတွေပါ ဖြစ်တတ်ပါတယ်။

နေရာမှားတာ နှစ်မျိုး ရှိပါတယ်။ သားအိမ်ပြင်ပမှာ တစ်ရှူးတွေ နေရာမှားရောက်သွားတဲ့ endometriosisနဲ့ သားအိမ်ကြွက်သားထဲရောက်သွားတဲ့ adenomyosisပါ။ နှစ်ခုလုံးမှာ သွေးခဲတွေ ဆင်းတတ်ပါတယ်။

Endometriosis – သွေးခဲတွေဆင်းတာအပြင် ရာသီချိန်မှာ ကိုက်ခဲတာတွေကို ပြင်းပြင်းထန်ထန်ခံစားရတာ၊ သွေးဆင်းများတာ၊ အတူနေရင် နာတာ၊ ကလေးမရတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။

Adenomyosis – သားအိမ်တစ်ရှူးတွေက သားအိမ်ကြွက်သားထဲထိ ရှိနေတာကြောင့် နံရံပိုထူလာပြီး သွေးဆင်းတာလည်း ပိုများပါတယ်။ သွေးဆင်းများတော့ သွေးခဲတွေလည်း ပိုများပါတယ်။

  • ဟော်မုန်း မညီမျှတာ

အထူးသဖြင့် အမျိုးသမီး ဟော်မုန်းတွေ မညီမျှရင်လည်း သွေးဆင်းများပြီး သွေးခဲတွေ ပါလာတတ်ပါတယ်။

  • ကိုယ်ဝန်ပျက်ကျတာ

ကိုယ်ဝန်ပျက်ကျရင် ကိုယ်ဝန်အပတ်ပေါ်မူတည်ပြီး သွေးခဲအကြီးအသေး၊ အနည်းအများ ကွာတတ်ပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို မသိခင်မှာပဲ ပျက်ကျသွားတာဆိုတော့ သာမန်ရာသီလာတာနဲ့ မှားတတ်ပါတယ်။ ဒါကြောင့် ကိုယ်က အိမ်ထောင်ရှိနေပြီး တားဆေးလည်း မသုံးထားဘူးဆိုရင် ဒီကိစ္စလေးကို ဂရုစိုက်ပေးပါ။

  • သွေးရောဂါ

သွေးရောဂါရှိနေရင်လည်း သွေးဆင်းများပြီး သွေးခဲတွေ ပါတတ်ပါတယ်။ မကြာခဏ နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယိုသူတွေ၊ ထိခိုက်မိတာနဲ့ မလိုက်အောင် အညိုအမည်းတွေ စွဲတတ်တဲ့ လက္ခဏာတွေလည်း ရှိနေရင် သတိထားပေးပါ။

  • ကင်ဆာ

ဒါက ရှားတော့ ရှားပါတယ်။ သားအိမ်ခေါင်းကင်ဆာလိုမျိုးမှာ အကျိတ်ကပါ သွေးထွက်တာကြောင့် သွေးဆင်းများပြီး သွေးခဲဖို့ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးခဲတွေ ပါလာတာပါ။

ရာသီသွေးမှာ သွေးခဲပါတိုင်း ကြောက်စရာ မဟုတ်ပါဘူး။ အများစုက ပုံမှန်ပါပဲ။ သွေးခဲပါတာအပြင် တခြားလက္ခဏာတွေပါ တွဲပြီး ခံစားနေရတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

ရာသီလာ ရာသီသွေးဆင်းများ pad tampon သွေးအားနည်း သားအိမ်ပြင်ပသန္ဓေတည် ကလေးပျက်ကျ သားအိမ်ထဲပစ္စည်းထည့် သားအိမ်အသားလုံးတည်ခြင်း သားအိမ်ခေါင်းကင်ဆာ သွေးဆုံးခါနီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သွေးဆုံး ပြီးရင် ဒါတွေ စစ်ပါ။

တစ်သက်လုံး အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ နေခဲ့သမျှ ခုသူတို့မရှိတော့ဘူးဆိုတော့ အစပိုင်းမှာ နေရတာ ခက်မှာပါ။ ဒါက မိးယပ်သွေးဆုံးကိုင်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

လိင်ပညာပေး လိင်စော်ကားခံရ လိင်အင်္ဂါ privacy အပျိုဖော်ဝင်စ လူပျိုဖော် လိင်ဆက်ဆံ အာသာဖြေ အပြာကား ရာသီလာ သုက်ကောင် မျိုးဥ ကလေးလိင်ပညာပေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 3 mins read
အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read