မိန်းမကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်တဲ့ လုပ်သင့်၊ မလုပ်သင့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 1, 2020 . 2 mins read
Share now

ရနံ့မွှေးမွှေးလေးနဲ့ အသားကိုနူးညံ့စေတဲ့ ရေချိုးဆပ်ပြာလေးနဲ့ရေချိုးတယ်၊ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်တယ်၊ အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးသုံးတယ်၊ရေဓါတ်ထိန်းဖို့ အစိုဓာတ်ထိန်းတာတွေ၊ လိုးရှင်းတွေလူးတယ်၊ ခေါင်းလျှော်တဲ့အခါလည်း ဆံသားအတွက် ဂရုတစိုက်ပေါင်းတင်ရသေးတယ်။ ရောဂါပိုးမွှားကင်းစင်ပြီး အမြဲလန်းဆန်းသန့်ရှင်းနေဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက ဒီလောက်နဲ့မပြီးသေးပါဘူး။ တစ်ခုကျန်နေသေးတာက မိန်းကလေးတွေရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးပါပဲ။

မိန်းကလေးဆိုတာ ဘယ်အရွယ်ပဲဖြစ်ဖြစ် မိန်းမကိုယ်မှာသန့်ရှင်းနေဖို့နဲ့ ရောဂါပိုးမဝင်ဖို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ်လေးက အထိခိုက်မခံနိုင်အောင် နုနယ်တဲ့အစိတ်အပိုင်းဖြစ်ပေမယ့် သန့်ရှင်းကျန်းမာရေးအတွက်ထိန်းသိမ်းရတာ သိပ်ရိုးရှင်းပါတယ်။

အနံ့ဆိုးကင်းပြီး သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့က ညင်သာတဲ့ပုံမှန်သန့်ရှင်းရေးတစ်ခုပဲလိုအပ်ပါတယ်။ သန့်စင်တဲ့ရေ နဲ့ အရည်အသွေးကိုဘေးကင်းစိတ်ချရတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်ရှိရင်ရပါပြီ။ သန့်ရှင်းချင်တာက ဟုတ်ပါပြီ၊ သန့်စင်ပေးတဲ့နေရာမှာ အမှားအယွင်းရှိနေရင်လည်း မလိုလားအပ်တဲ့ဆိုးကျိုးတွေတောင်ဖြစ်လာနိုင်တာမို့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားသင့်တယ်နော်။

တစ်နေ့တစ်ကြိမ်တော့ သန့်စင်တဲ့အလေ့အကျင့်လုပ်ပါ

ရေချိုးတဲ့အခါ၊ အိမ်သာဝင်တဲ့အခါ သန့်စင်ကြတယ်ဆိုပေမယ့် မိန်းမကိုယ်ကိုပဲ ကြက်သီးနွေးရေ ဒါမှမဟုတ် သန့်စင်ဆေးရည်နဲ့ တစ်ကြိမ်လောက်တော့သေချာသန့်စင်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်ချွေးတွေအညစ်အကြေးတွေ ကပ်ငြိကျန်နေနိုင်လို့ရောဂါပိုးတွေဖြစ်ပေါ်ဖို့လွယ်ကူစေပါလိမ့်မယ်။ ဒါပေမယ့် တစ်ကြိမ်၊နှစ်ကြိမ်ထက်မက မကြာခဏ သန့်စင်ဆေးရည်သုံးတာ၊ ဆပ်ပြာသုံးတာဆိုရင်တော့ မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို ပျက်ယွင်းစေနိုင်ပါတယ်။

ဆပ်ပြာမသုံးပါနဲ့

ဆပ်ပြာတွေမှာ အက်စစ်ဓာတ်ပါဝင်မှုများတာကြောင့် နုနယ်တဲ့မိန်းမကိုယ်အသားအရေအတွက် ပြင်းလွန်းပါတယ်။ ဆပ်ပြာ၊ အမွှေးရနံ့တွေနဲ့ဆိုးဆေးတွေမပါဝင်တဲ့ သန့်စင်ဆေးရည်ကိုသာ အသုံးပြုပါ။ ဆပ်ပြာကြောင့် လောင်တာ၊ ခြောက်သွေ့တာ စတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ရေမချိုးဖြစ်ရင်တောင် သန့်စင်ပေးသင့်ပါတယ်

အေးတဲ့ရာသီမို့ ၊နေမကောင်းလို့၊ ခရီးသွားနေရလို့ စသည်ဖြင့် အကြောင်းတစ်ခုခုကြောင့်ရေမချိုးဖြစ်တဲ့အခါ ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ ရာသီလာနေချိန်ဖြစ်ခဲ့ရင် သန့်ရှင်းရေးက ပိုအရေးကြီးပါတယ်။

အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောပါ

မိန်းမကိုယ်သန့်စင်တဲ့အခါ အနောက်ကနေ အရှေ့ကိုဆေးကြောလိုက်ရင် စအိုကနေ မိန်းမကိုယ်ကို ဘက်တီးရီးယားတွေ ပျံ့နှံ့ရောက်ရှိဖို့ သိပ်လွယ်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်သန့်စင်တဲ့အခါမှာရော၊ အိမ်သာမှာ သန့်စင်တဲ့အခါမှာရော အရှေ့ကနေအနောက်ကိုပဲ ဆေးကြောသန့်စင်ပါ။ အရောင်မပါ၊ အမွှေးနံ့မပါတဲ့ တစ်ရှူးကိုပဲသုံးပါ။

အမွှေးနံ့တွေနဲ့ အနံ့ဆိုးပျောက်ဆေးတွေပါတာမျိုး မသုံးပါနဲ့

မိန်းမကိုယ်မှာက အနံ့တစ်ခုခုရှိတတ်တာ သဘာဝပါပဲ။ပြဿနာတစ်ခုခုမရှိဘဲနဲ့တော့ အနံ့ဆိုးတွေမထွက်ပါဘူး။ အနံ့ဆိုးထွက်နေပြီဆိုရင်တော့ ရောဂါပိုးတစ်ခုခုဝင်နေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

ပွတ်မသုတ်ဘဲ အဝတ်နုနဲ့ တို့သုတ်ပါ

ရေချိုးပြီးတဲ့အခါ၊ ဆေးကြောသန့်စင်ပြီးတဲ့အခါ မိန်းမကိုယ်ကို မပွန်းစေဖို့ တဘက်သို့မဟုတ် အဝတ်နုနဲ့ ညင်သာစွာ တို့သုတ်ပါ။

ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းမပါတာကိုရွေးပါ

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါ ဓာတ်မတည့်မှုတွေအရေပြားထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ပါဝင်ပစ္စည်းတွေမပါဖို့ အရေးကြီးပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာကိုသာရွေးချယ်ပါ။ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် Feminine wash ကို ပါဝင်ပစ္စည်းတွေကို သေချာကြည့်လို့ဝယ်ယူဖို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အနာကြီးရောဂါအကြောင်း

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာဆိုတာက ဆိုတာက ခံတွင်းကျန်းမာရေးပြဿနာတစ်မျိုးပါ။ ခံရခက်ပြီး အချိန်ကြာစွာ ခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read