မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 3, 2020 . 2 mins read
Share now

မိန်းကလေးတွေအတွက် အမြဲသတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မိန်းမကိုယ်သန့်ရှင်းရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ယောက်ျားလေးတွေထက် ပိုပြီး ယားယံလွယ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတာကြောင့် မိန်းကလေးတွေအတွက်တော့ ဒီနေရာကို ပိုပြီးဂရုစိုက်ရတာ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ မိန်းမကိုယ်ကနေထွက်တဲ့အရည်တွေနဲ့ အရောင်ပေါ်မူတည်ပြီး ဘာကြောင့် ဒီအရောင်ဖြစ်ရတာလဲဆိုတာကို ခွဲခြားပေးပါမယ်။

၁။ အနီရောင်၊ အညိုရောင်

အမျိုးသမီးတွေ ရာသီလာချိန်မှာ အနီရောင် သို့မဟုတ် အညိုရောင်ရှိတဲ့အရည်တွေ မကြာခဏ ထွက်တာ သဘာဝပါပဲ။ ရာသီလာကာစမှာ ချယ်ရီသီးလို အနီရောင်တောက်တောက်ကနေ ရာသီလာတဲ့နောက်ဆုံးရက်မှာ အညိုရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။ ဒီလိုရာသီလာနေတဲ့အချိန် မဟုတ်ဘဲ တခြားအချိန်မှာ ဒီလိုအရည်တွေ ထွက်တာဆိုရင်တော့ နည်းနည်းစဉ်းစားစရာရှိပါတယ်။

  • ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
  • သန္ဓေတားဆေးကြောင့် ရာသီသွေးထွက်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • ပုံမှန်မဟုတ်တဲ့အချိန် ရာသီလာခြင်း
  • မိန်းမကိုယ်ပိုးဝင်ခြင်း
  • သားအိမ်၊ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း ဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

၂။ နို့နှစ်ရောင်၊ အဖြူရောင်

ရာသီလာတာအပြင် အဖြူဆင်းတယ်ဆိုတာလည်း အမျိုးသမီးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အဝင်အထွက်ချောမွေ့စေဖို့ မိန်းမကိုယ်ကနေ သဘာဝချောဆီအဖြစ် ထွက်လာတဲ့အရည်တွေမှာ ဒီအရောင်ရှိပါတယ်။

အဖြူရောင်အရည်တွေအပြင် တခြားမကောင်းတဲ့ ပုပ်အဲ့အဲ့အနံ့တွေ ထွက်လာတယ်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာ၊ မိန်းမကိုယ်မှိုစွဲတာ ဖြစ်နိုင်ပါတယ်။

၃။ အဝါဖျော့၊ အစိမ်းဖျော့

ဒီလိုအရောင်မျိုးဟာ ကိုယ်စားလိုက်တဲ့အစားအစာ၊ သောက်နေတဲ့ဆေးဝါးကြောင့်လည်း ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က လိင်မှုကိစ္စလည်း လုံးဝကင်းရှင်းတယ်ဆိုရင်တော့ စားလိုက်တဲ့အစားအစာတွေမှာ အက်ဆစ်ဓာတ်များနေတာ၊ ဗီတာမင်အားဆေး အသစ်တွေ စမ်းသုံးကြည့်တဲ့အခါမျိုးတွေမှာ ဒီလိုအရောင်မျိုး ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးပြဿနာမှာဆိုရင်

  • လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ
  • ခလက်မီးဒီးယားရောဂါ
  • ထရိုင်ကိုမိုနီရေးစစ် ရောဂါ (Trichomoniasis) တွေနဲ့
  • မိန်းမကိုယ်ရောင်ရမ်းခြင်း ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

၄။ ပန်းနုရောင်

ရာသီစက်ဝန်းအစောပိုင်းကာလနဲ့ လိင်ဆက်ဆံအပြီး မိန်းမကိုယ်မှ သွေးထွက်ခြင်းကြောင့် ထွက်လာတဲ့အရည်တွေမှာ ပန်းရောင်သမ်းနိုင်ပါတယ်။ များသောအားဖြင့် သားအိမ်ခေါင်းမှာ ရောဂါပိုးဝင်နေတဲ့အခါ ဒီလိုအရည်မျိုးတွေ ဆင်းလာတတ်ပါတယ်။

၅။ အကြည်ရောင်

ကြက်ဥအကာလိုမျိုး အရည်ကြည်ပျစ်ချွဲချွဲတွေဟာလည်း ပုံမှန်အမျိုးသမီးကိုယ်မှ ထွက်လာတတ်တဲ့ အရည်တွေထဲမှာ ပါဝင်ပါတယ်။ pH မျှခြေထိန်းညှိပေးဖို့နဲ့ သန့်ရှင်းစေဖို့ မိန်းမကိုယ်မှ သဘာဝအတိုင်းထွက်လာတဲ့ အရည်ပါ။ ပုံမှန်အားဖြင့်

  • မမျိုးဥကြွေချိန်
  • ကိုယ်ဝန်ရှိနေတဲ့အခါ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
  • လိင်စိတ်ဆန္ဒဖြစ်ပေါ်လာချိန်မှာ ဒီလိုအကြည်ရောင်အရည်တွေ မိန်းမကိုယ်မှ စီးဆင်းတတ်ပါတယ်။

၆။ မီးခိုးရောင်

အရောင်က အဖျော့ဖြစ်ဖြစ်၊ အရင့်ဖြစ်ဖြစ် မီးခိုးရောင်လိုဖြစ်နေတဲ့ အရည်တွေ ထွက်လာပြီဆိုရင်တော့ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis – BV) ဖြစ်နိုင်တဲ့အတွက် OG ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဘက်တီးရီးယားပိုးသတ်ဆေး၊ လိမ်းဆေး၊ သောက်ဆေးတွေ ပေးသွားမှာဖြစ်ပြီး ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း မှီဝဲပေးရမှာဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

ကိုယ့်ရဲ့ မိန်းမကိုယ်ကနေ ပုံမှန်ထွက်နေကျမဟုတ်တဲ့ အရောင်တွေနဲ့ အရည်ဆင်းလာပြီဆိုရင်တော့ သေချာစောင့်ကြည့်သင့်ပါတယ်။ ဆက်တိုက်ဆိုသလို ထွက်လာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာအပြင်

  • ယားယံတာ
  • နာကျင်တာ
  • ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ
  • ပြင်းထန်ပြီး ပုပ်အဲ့အဲ့အနံ့ထွက်လာတာ
  • ထွက်လာတဲ့အရည်က အမြှုပ်တွေထနေတာ
  • အလွန်ပျစ်ချွဲစေးကပ်ပြီး ချိစ်တွေလို ပျော့အိအိအဖတ်တွေပါ ထွက်လာတာ
  • ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ
  • အရည်က မီးခိုးရောင်ဖြစ်နေတာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြပေးပါ။

မိန်းမကိုယ်မှ အရည်ဆင်းခြင်းဆိုတာ ကျန်းမာနေတဲ့ အမျိုးသမီးတစ်ယောက်မှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့ အရမ်းတော့ စိုးရိမ်စရာမလိုပါဘူး။ မိန်းမကိုယ်က သူ့ဘာသာ သဘာဝအလျောက်သန့်စင်ပေးဖို့ ကိုယ်ခန္ဓာကနေ အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်လိုက်တာဖြစ်ပြီး ဒီလိုအရည်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပါသွားတတ်တဲ့အတွက် ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေမှာ ဘယ်လိုအရောင်ရှိလဲ၊ ဘယ်အရောင်က ဘယ်လိုကျန်းမာရေးအခြေအနေကို ပြနေလဲဆိုတာ သေချာသိထားမှ ကိုယ့်အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု၊ ကုသမှုတွေ လုပ်လို့ရမှာဖြစ်တဲ့အတွက် ဒီဆောင်းပါးကို ဗဟုသုတအနေနဲ့ ဖတ်ထားဖို့ အကြံပေးလိုက်ချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ဆံပင်ကျွတ် ဆံသား ခေါင်းလျှော် ထိပ်ပြောင် အလှအပ စိတ်ဖိစီးမှု ကိုယ်ခံအား ရောဂါ ဦးရေပြား အမွေးအမျှင် မှိုစွဲခြင်း ဟော်မုန်း သွေးဆုံး တားဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

မိန်းမကိုယ် ကျဉ်းဆေးက မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လိုက်တာပါ။ ကျဉ်ဆေးအန္တရာယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း ပြဿနာဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ ARTဆေးသောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 19, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read
လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 4, 2020 . 2 mins read