ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 11, 2020 . 2 mins read
Share now

Brazilian Wax ဆိုတာက မိန်းမကိုယ် အမွေးတွေကို ဖယောင်းနဲ့ ချွတ်တာ (ဖယ်ရှားတာ/နှုတ်တာ)ပါ။ နာလားဆိုရင်တော့ နာတာပေါ့။ ခြေထောက်၊ မျက်ခုံး၊ ချိုင်း နဲ့ လက်တွေ Wax လုပ်ရင်တောင် နာသေးတယ်မဟုတ်လား။ ဒါဆိုရင်တေ့ မိန်းမကိုယ်မှာ Wax လုပ်တာ မနာရှိပါ့မလား။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာပဲ နည်းနည်းနာတာပါ။ ကျွမ်းကျင်တဲ့သူတွေနဲ့ လုပ်မယ်ဆိုရင် ပထမဆုံးအကြိမ်မှာတောင် ပုံမှန် တခြားနေရာတွေမှာ Wax လုပ်သလောက်ပဲ နာမှာပါ။ ဒါကြောင့် ပထမဆုံး Brazilian Wax လုပ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှာထက် ကျွမ်းကျင်သူတွေနဲ့ လုပ်ဖို့ ပိုအားပေးပါတယ်နော်။ နောက် အနာခံနိုင်ပြီဆိုတော့မှ သဘောပေါ့။ ကဲ.. ဒါဆို Brazilian Wax လုပ်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုမလဲ၊ ဘာတွေ သိထားဖို့လိုမလဲ။

၁။ အမွေးကို ထိုက်သင့်သလောက် ရှည်နေပါစေ။

Wax လုပ်ရလွယ်အောင်ဆိုပြီး ရိတ်မသွားပါနဲ့၊ အပေါ်ယံတွေ တိမသွားပါနဲ့။ ကိုယ့်စိတ်ထဲ တအားရှည်နေပြီ ထင်ပေမဲ့ Wax လုပ်ဖို့အတွက်တော့ လိုအပ်တဲ့ အရှည်ရှိချင်မှ ရှိမှာလေ။ အနည်းဆုံး 1-2 cm (တစ်လက်မရဲ့ လေးပုံတစ်ပုံ)  လောက်ရှိမှ နုတ်ရ အဆင်ပြေတာမို့ ဒီတိုင်းသာ သွားပါ။ ရိတ်ထားပြီးသွားပြီဆိုရင်တော့ နောက် ၃ပတ်ကနေ ၄ပတ်လောက် စောင့်ပြီးမှ သွားတာက ပိုအဆင်ပြေပါတယ်။ ရှည်နေလည်း ပြဿနာမရှိပါဘူး။ နုတ်ပေးမယ့် ကျွမ်းကျင်သူက သူလိုသလောက် ညှပ်ပြီး Wax လုပ်ပေးပါလိမ့်မယ်။

၂။ Scrub (ကြေးချွတ်တာ) မလုပ်ပါနဲ့။

Brazilian Wax မလုပ်ခင် ရှေ့ (၂) ရက်မှာ Scrub လုပ်တာ၊ Exfoliate လုပ်တာမျိုးတွေ ရှောင်ပါ။ ဒါပေမဲ့ မြုံနေတဲ့ အမွေးလေးတွေပါ ထွက်လာစေချင်တယ်ဆိုရင်တော့ ဆပ်ပြာပိုက် (wash cloth) လေးတွေနဲ့ (၂)ရက်ကြိုပြီး တိုက်ထားလို့ ရပါတယ်။ Wax မလုပ်ခင် Moisturizing လုပ်ပြီး ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက မွေးညှင်းပေါက်တွေကို ပွင့်သွားစေတာမို့ Wax လုပ်တဲ့အခါ အနာသက်သာပြီး လွယ်လွယ်ကူကူလည်း ကျွတ်ပါသွားစေနိုင်ပါတယ်။ နောက်ပြီး Waxing လုပ်ပြီး (၃) ရက်လောက်အတွင်းမှာလည်း Scrub လုပ်တာ၊ ကြမ်းတမ်းတဲ့ အရာတွေနဲ့ ပွတ်ပြီး ကြေးချွတ်တာမျိုး မလုပ်ပါနဲ့။

၃။ ဓမ္မတာမလာမီ (၅)ရက် နဲ့ လာပြီး (၅) ရက်မှာ မလုပ်ပါနဲ့။

ဒီလိုအချိန်တွေမှာ ခန္ဓာကိုယ်က ပိုပြီး Sensitive (ထိခိုက်ခံစားလွယ်) ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်တွေကို ရှောင်ပါ။ နောက်ပြီးတော့ ရေကူးကန် ဒါမှမဟုတ် ကမ်းခြေကို မသွားမီ အနည်းဆုံး (၃) ရက်လောက် ကြိုပြီး လုပ်ပါ။

၄။ ချက်ချင်း လေ့ကျင့်ခန်း မလုပ်ပါနဲ့။

Waxing လုပ်ပြီး ချက်ချင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ထွက်လာတဲ့ ချွေးတွေနဲ့ ပွတ်တိုက်မှုတွေကြောင့် အရေပြားကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Brazilian Wax လုပ်မယ်ဆိုရင် လေ့ကျင့်ခန်းကိုလည်း မလုပ်လို့ မရဘူးဆိုရင် Wax မလုပ်ခင် ကြိုလုပ်ပါ။ Wax လုပ်ပြီးရင်တော့ အနည်းဆုံး ၂၄ နာရီ ကြာပြီးမှ လေ့ကျင့်ခန်း လုပ်ပါ။

Brazilian Wax လုပ်တာ ဘာကောင်းလဲ။

  • အနံ့ထွက်တာ သက်သာစေပါတယ်။
  • ပြန်ထွက်လာတဲ့ အမွေးတွေက ပိုပျော့ပြီး ပါးသွားပါတယ်။
  • Brazilian ကို ပထမဆုံး အကြိမ်လုပ်ရင် နာလို့ နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ တွေးမိမှာ ဖြစ်ကောင်းဖြစ်ပေမဲ့ ရလာတဲ့ ရလဒ်ကတော့ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ထပ်ထပ်ပြီး လုပ်စေချင်မှာ အသေအချာပါပဲ။

အန္တရာယ် ကင်းကင်းနဲ့ ကျန်းမာပျော်ရွှင် လှပနိုင်ကြပါစေ။

Wathun Myat Chel

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အဆုတ်ကင်ဆာ

အဆုတ် ကင်ဆာကကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 5, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read