backup og meta

ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 04/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

    တစ်နေကုန် ရုံးအလုပ်၊ အိမ်အလုပ်တွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်သမျှကို ပျောက်သွားစေဖို့ အကောင်းဆုံးအချိန်ဟာ ညအိပ်ချိန်ပါပဲ။ ညဘက်မှာ ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ဆိုတာ ခန္ဓာကိုယ်နဲ့ အရေပြားက ပူလောင်အိုက်စက်နေတာမျိုး မရှိဘဲ အေးအေးလေးနဲ့ လေဝင်လေထွက်ကောင်းနေမှ အဆင်ပြေမှာပါ။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်တဲ့ နိုင်ငံမှာဆိုရင် ညဘက်အိပ်စက်ဖို့ အဝတ်အစားကို သေချာရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ ။

    ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

    ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ ဆိုတော့

    အမျိုးသားများအတွက် လမ်းညွှန်

    မြန်မာအမျိုးသားတွေအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ စွပ်ကျယ်နဲ့ ပုဆိုးပါပဲ။ ချည်သားစွပ်ကျယ်က ချွေးကို စုပ်ယူပေးသလို ပုဆိုးက လေဝင်လေထွက် ကောင်းတဲ့အတွက် လိင်အင်္ဂါက အနံ့အသက်ဆိုးတွေကိုလည်း လျော့နည်းစေပါတယ်။

    ဘောင်းဘီကျပ်ကျပ်တွေလိုမျိုး ကိုယ့်အရေပြားနဲ့ အမြဲထိကပ်နေတာမဟုတ်လို့ အရေပြားယားယံတာ၊ ခြောက်သွေ့တာမျိုးလည်း သိပ်ပြီးမဖြစ်စေနိုင်ပါဘူး။

    ဘောင်းဘီဝတ်ရတာမှ ကြိုက်တယ်ဆိုရင် အားကစား ဘောင်းဘီအတိုကို ဝတ်အိပ်လို့ ရပါတယ်။ ချည်သားဘောင်းဘီမျိုးကို ဦးစားပေးရွေးချယ်ပါ။ အတွင်းခံနဲ့ ဝတ်အိပ်ရတာ ကြိုက်တဲ့ အမျိုးသားတွေအတွက် ပွပွယောင်းယောင်း လေဝင်လေထွက်ကောင်းမယ့် Boxer လို အတွင်းခံမျိုး ဝတ်အိပ်လို့ ရပါတယ်။

    အရေပြားနဲ့လည်း သိပ်ပြီးမထိကပ်နေသလို ခါးစည်းကြိုးက တင်းကျပ်နေတာမျိုး မရှိလို့ အိပ်တဲ့အခါ အမျိုးသားများအတွက် သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမှမဟုတ်လည်း ချည်သားနဲ့ လုပ်ထားတဲ့ ညအိပ်အကျီ၊ ဘောင်းဘီတွေကို ဝတ်ဆင်လို့ ရပါတယ်။

    တစ်ယောက်တည်း နေတဲ့ အမျိုးသားတွေဆိုရင်တော့ အပေါ်က နည်းလမ်း (၂) မျိုးအပြင် ဘာမှမဝတ်ဘဲ အိပ်လို့လည်း ရပါတယ်။ အဝတ်မပါဘဲ အိပ်ခြင်းက အရေပြားနဲ့ အဝတ် ပွတ်တိုက်မှုမရှိတော့သလို လေဝင်လေထွက်ကောင်းတဲ့အတွက် အနံ့အသက်ဆိုးတွေလည်း နည်းသွားနိုင်တယ်။ မိမိခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်တိုးစေသလို လိင်စိတ်ဆန္ဒကိုလည်း ပိုပြီးနှိုးဆွပေးနိုင်ပါတယ်။

    ဘာတွေရှောင်မလဲဆိုရင် နိုင်လွန်သား၊ ဂျင်းသားလိုမျိုး အရေပြားကို ပူစပ်ပူလောင်ဖြစ်ပြီး တင်းကျပ်နေစေမယ့် အဝတ်အစားမျိုးကို ရှောင်ပါ။ အရေပြားနဲ့ အဝတ်အစား မထိလေ၊ ပိုကောင်းလေပါပဲ။ အတွင်းခံဘောင်းဘီ အကျပ်တွေနဲ့ ဝတ်အိပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ။

    အမျိုးသမီးများအတွက် လမ်းညွှန်

    အမျိုးသမီးတွေအတွက် အပြင်သွားရင် ရွေးချယ်စရာ အဝတ်အစားတွေ များသလောက် အိပ်တဲ့အချိန်အတွက်တော့ ချည်သားအင်္ကျီနဲ့ ထမီကိုပဲ ဦးစားပေးပြီး ဝတ်ဆင်ပါ။ ထမီကို တင်းကျပ်နေအောင် မစည်းထားဘဲ မချောင်မ​လျော့ အနေအထားလောက်ပဲ ဝတ်ဆင်ပေးပါ။

    ဒီလိုမှမဟုတ်ရင်လည်း ချည်သားနဲ့ ရက်လုပ်ထားတဲ့ ညဝတ်အကျီ၊ ဘောင်းဘီပွပွတွေကို ဝတ်ဆင်ပြီး အိပ်စက်လို့ ရပါတယ်။ အဓိက လေဝင်လေထွက်ကောင်းမှ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ အနံ့အသက်ဆိုး၊ ယားယံခြင်းတွေ ကင်းစင်မှာ ဖြစ်ပါတယ်။

    ဘာတွေကို ရှောင်ကြဉ်ရမလဲဆိုရင် အကျီ၊ ဘောင်းဘီ အကျပ်တွေကို ရှောင်ပါ။ အတွင်းခံ၊ ဘရာတွေ ဝတ်ပြီး မအိပ်ပါနဲ့။ ထမီဝတ်တဲ့အခါ အပြင်သွားရင် ဝတ်သလိုမျိုး ကျပ်ထုတ်နေအောင် မစည်းထားပါနဲ့။

    ညအိပ်တဲ့ ကောင်းစွာအိပ်ပျော်နိုင်စေဖို့နဲ့ အရေပြား ပူစပ်ပူလောင် မဖြစ်အောင် ရေချိုးပြီးမှ အိပ်လို့လည်း ရပါတယ်။ ကိုယ့်အိပ်တဲ့ အိပ်ရာက သန့်ရှင်းနေပါစေ၊ အသံလုံနေပါစေ။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အိပ်ရာထဲ မသယ်လာပါနဲ့။ အလုပ်ကိစ္စ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ အတွေးပေါင်းများစွာကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 04/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement