အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ ဆိုတာကို ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ ဆိုတာကို ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့ မရပါဘူး။
ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခု နဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်ဆေးချင်ရင်တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန် ပေါ်နိုင်မလဲ ဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။
အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ ဆိုတော့
လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတော်တော်များများဟာ ရောဂါလက္ခဏာ မပြတတ်ကြတဲ့အတွက် စစ်ဆေးစရာမလိုဘူး စိုးရိမ်စရာမလိုဘူးလို့ ထင်နိုင်စရာရှိပါတယ်။ အလွန်မှားတဲ့ အတွေးအခေါ်ပါပဲ။ အကယ်၍ သင်ဟာ STI ရောဂါရာဇ၀င် ရှိမရှိ သေချာမသိတဲ့သူတစ်ယောက်နဲ့ အကာအကွယ် မပါဘဲ အတူတူနေမိခဲ့တယ်ဆိုရင် ရောဂါလက္ခဏာပြတဲ့ အထိမစောင့်ဘဲ အမြန်ဆုံးစစ်ဆေးမှု ခံယူဖို့ အရမ်းအရေးကြီးပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အတူတူနေစဉ် အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။
ရေးသားသူ – Dr. Saint
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။