backup og meta

Oral sex အကြောင်း သိကောင်းစရာ အချက်များ


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Oral sex  အကြောင်း သိကောင်းစရာ အချက်များ

    Oral sex အကြောင်း သိကောင်းစရာ အချက်များ

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

    လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး (Dental dams) ပဲဖြစ်ဖြစ် သုံးပေးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ (Dental dam ဆိုတာ ကြက်ပေါင်စေး (သို့) polyurethane ပလတ်စတစ် ဖြင့်ပြုလုပ်ထားပြီး သွားကုသတဲ့ အခါမှာ ကုသနေတဲ့သွားများနဲ့ ခံတွင်းကို ခြားပေးထားတဲ့ ကြက်ပေါင်စေး အချပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Dental dams ကို STI တွေ ကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ အသုံးပြုလာကြပါတယ်။

    သင့်မှာပဲ ဖြစ်ဖြစ်၊ သင့်အဖော်မှာပဲ ဖြစ်ဖြစ် ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံ နဲ့စအိုတို့မှာ အနာရှိနေမယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို အနာများပေါက်နေခြင်းဟာ STD ရောဂါ ကူးစက်ခံထားရတဲ့လက္ခဏာ ဖြစ်တာကြောင့် သင့်မှာ HIV ဗိုင်ရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားနေပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ၊ ဒီလို ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဘာအန္တရာယ်တွေရှိသလဲဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြလိုက်ပါတယ်။ သင့်အနေနဲ့ Oral sex ကို ပထမဆုံး အကြိမ် စလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ Oral sex အကြောင်းပိုသိချင်လို့ပဲ ဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲက အချက်များကို ဖတ်ရှုပြီး ပိုပြီး စိတ်ချသာယာမှုရှိတဲ့ Oral Sex ကိုလုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာဘာလဲ။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး သင့်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါ (သို့) စအိုနားတစ်ဝိုက် ဧရိယာကို လှုံ့ဆော်ပေးခြင်းကို ပြောတာ ဖြစ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ Oral sex ဟာတစ်မျိုးထူးခြားတဲ့ လိင်ခံစားမှုကိုလိုချင်တဲ့ သူတွေအတွက်တော့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ Oral Sex ကို လုပ်မယ်၊ မလုပ်ဘူးဆိုတာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်သာ ဖြစ်ပြီးလူတိုင်းက မကြိုက်သလို လူတိုင်းက မလုပ်ပေးချင်ကြပါဘူး။ တစ်ခြားသော လိင်မှုကိစ္စတွေလိုပဲ Oral Sex ဟာ လိင်ဆက်ဆံသူ ၂ ယောက်လုံး စိတ်အားထက်သန်နေဖို့ လိုအပ်ပါတယ်။

    Oral Sex လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အချက်များ

    Oral Sex လုပ်ဆောင်နည်းအတွက် နည်းလမ်းအမျိုးမျိုးရှိပြီး လူတစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်မတူကြပါဘူး။ Oral Sex လုပ်ဆောင်ရာမှာ လှုံ့ဆော်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့လိုတာကတော့ တစ်ယောက်ယောက်ကို ခံစားချက် ကောင်းမွန်လာစေဖို့ အချိန်တစ်ခု လိုအပ်တယ်ဆိုတာပါပဲ။

    Oral Sex လက်ခံရတာပဲ ဖြစ်ဖြစ်၊ ပေးတဲ့ အချိန်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ အနည်းငယ်တော့ စိတ်လှုပ်ရှားမှာပါ။ ဒါကို လုပ်ဆောင်ချိန်မှာ အရေးကြီးတဲ့ အရာကတော့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကောင်းဆုံး ဆက်သွယ်မှု ရှိနေဖို့ပါပဲ။ သင့်အနေနဲ့ သူခံစားလို့ ကောင်းသလားဆိုတာကိုလည်း မေးမြန်းဖို့လိုပြီး သင်လည်း ခံစားချက်ကောင်းတယ်ဆိုရင် ထုတ်ပြောဖို့လိုပါတယ်။

    သင့်အနေနဲ့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ ပျော်ရွှင်နေတယ်ဆိုရင် Oral Sex က ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့ လိုတဲ့ အရာတစ်ခုကတော့ သင့်အနေနဲ့ သင်မကြိုက်တဲ့ အချိန်မှာ ချက်ခြင်းရပ်တန့်နိုင်ပြီး သင့် အဖော်ဖြစ်သူလည်း သူမကြိုက်ရင် မလုပ်နိုင်ဘူးလို့ ပြောနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ သင်စလုပ်ထားတယ်ဆိုတာနဲ့ ပြီးဆုံးသည်အထိ လုပ်စရာ မလိုပါဘူး။ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်တယ်ဆိုတာ လုံးဝသဘာဝကျပါတယ်။

    အမျိုးသားတွေကို ဘယ်လို Oral Sex ပေးရမလဲ

    အမျိုးသားတွေကို Oral sex ပေးမယ်ဆိုရင် အမျိုးသား လိင်တံထောင်မတ်နေတဲ့ အချိန်ဖြစ်စေ၊ မထောင်မတ်တဲ့ အချိန်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ပါးစပ်အတွင်း ဘယ်လောက်ထိရောက်နိုင်လဲဆိုတာ မသေချာဘူးဆိုရင် လက်ညိုးနဲ့ လက်မကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြီး ထိန်းထားနိုင်ပါတယ်။ အမျိုးသားအများစုကတော့ Oral Sex ပြုလုပ်ခံရခြင်းဟာ အကြမ်းမခံနိုင်ကြတဲ့ အတွက် သင့်အနေနဲ့ အစပိုင်းမှာ ဖြည်းဖြည်းချင်းသွားသင့်ပြီး

    နောက်ပိုင်းမှ အရှိန်တိုးမြှင့်သင့်ပါတယ်။ သင်အနေနဲ့ လျှာ အနေအထားပုံစံအမျိုးအမျိုး၊ ခေါင်းနဲ့ ပါးစပ်တို့ရဲ့ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို အသုံးပြုပြီး ဘယ်လိုအနေအထားမျိုးက သူ့ကို ခံစားချက်ကောင်းမွန်စေနိုင်လဲဆိုတာ ရှာဖွေလို့ရပါတယ်။ (မှတ်ချက် – Oral Sex လုပ်ရာမှာ အမျိုးသားမတောင်းဆိုသ၍ သွားကိုအသုံးမပြုဖို့လိုပါတယ်။) သင့်အနေနဲ့ အမျိုးသားတစ်ယောက်ကို Oral Sex ပြုလုပ်ပေးလိုက်ရုံနဲ့ ပါးစပ်ထဲမှာ ပန်းထုတ်ဖို့ ခွင့်ပြုစရာမလိုပါဘူး။ ရွေးချယ်မှုက သင်နဲ့ပဲဆိုင်ပါတယ်။ သူ့အနေနဲ့ ကွန်ဒုံးဝတ်ထားမယ်ဆိုရင်တော့ ကွန်ဒုံးက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ STD တွေနဲ့ ပန်းထွက်ခြင်းကိုပါ ကာပေးထားမှာဖြစ်လို့ ဒါက ပြဿနာ မဟုတ်ပါဘူး။ သင်ဘယ်အခြေအနေထိသွားချင်လဲဆိုတာ သင့်အပေါ်မှာသာ လုံးဝမူတည်ပါတယ်။

    အမျိုးသမီးတစ်ယောက်ကို Oral Sex ဘယ်လိုပေးရမလဲ

    အမျိုးသမီးတစ်ယောက်ကို Oral Sex မပေးမှီ သူနဲ့မြေစမ်းခရမ်းပျိုးကာလ ကိုဖြတ်ကျော်ပြီး နမ်းရှုပ်ချိန် ယူတာက ပိုကောင်းပါတယ်။ အမျိုးသမီးရဲ့ ပေါင်တံအပေါ်ပိုင်းနဲ့ လိင်အင်္ဂါနားတစ်ဝိုက်ဧရိယာတွေကို ပွတ်သပ်ပေးခြင်းက သူမရဲ့ လိင်စိတ်ဆန္ဒကို ပိုနိုးကြားလာစေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါရဲ့ ခံစားမှု အာရုံ အထက်မြက်ဆုံးနေရာကတော့ အမျိုးသမီး အင်္ဂါ အစေ့ (Clitoris) ဖြစ်ပြီး Clitoris မှာ နာဗ်ကြောဆုံး ၈၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ဆီးခုံ ဧရိယာ တစ်ဝိုက်လုံးက အာရုံခံစားနိုင်မှုစွမ်းအား များပါတယ်။ Oral Sex စပေးမယ်ဆိုရင် လျှာကို အကြောလျှော့ထားပြီး နှေးနှေးချင်းစသင့်ကာ နောက်ပိုင်းမှာ ပိုမြန်သင့်ပါတယ်။ သင့်အနေနဲ့ လျှာအနေအထားပုံစံအမျိုးမျိုးကို အသုံးပြုလို့ရပြီး စည်းချက်အမျိုးမျိုးလည်း အသုံးပြုလို့ရပါတယ်။

    စအိုကို ဘယ်လို Oral Sex ပေးရမလဲ။ (rimming)

    အဖော်ဖြစ်သူရဲ့ စအိုကို Oral Sex ပြုလုပ်ပေးခြင်းကို analingus (သို့) rimming လို့ခေါ်ပါတယ်။ လိင်တူခြင်းစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ်၊ လိင်တူလိင်ကွဲ ၂ မျိုးကိုစိတ်ဝင်စားတူတွေပဲ ဖြစ်ဖြစ် ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ် စအိုသို့ Oral sex ပေးခြင်းဟာ လိင်ခံစားမှု အမျိုးအစားတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ မသန့်ရှင်းမှာကို စိုးရိမ်တယ်ဆိုရင် သင့်ရဲ့

    အဖော်ဖြစ်သူကို ရေနဲ့သန့်ရှင်းအောင်ဆေးခိုင်းသင့်ပါတယ်။ သင့်အနေနဲ့ စအိုသို့ Oral Sex မပေးမှီ Perineum လို့ခေါ်တဲ့ လိင်အင်္ဂါနဲ့ စအိုအကြား ဧရိယာကို ပွတ်သပ်နမ်းရှုပ်နိုင်ပါတယ်။

    ထို့နောက် စအိုဧရိယာ တစ်ဝိုက်ကို လျှာဖြင့် စက်ဝိုင်းပုံသဏ္ဍာန် လှုပ်ရှားခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ အဖော်ဖြစ်သူအတွက် ဘယ်လိုလှုပ်ရှားမှုက ခံစားမှုကောင်းစေလဲဆိုတာ ရှာဖွေပြီး စအိုသို့ Oral Sex ပေးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

    တကယ်လို့ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ စအိုသို့ Oral sex ပေးမယ်ဆိုရင်တော့ စအိုကနေ အမျိုးသမီး အင်္ဂါသို့ မသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ စအိုမှ ဘတ်တီးရီးယားတွေက မွေးလမ်းကြောင်းသို့ ကူးစက်နိုင်ပြီး ကူးစက်ရောဂါ ဖြစ်စေနိုင်လို့ပါ။

    HIV နဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါ (STI) တွေကို Oral Sex မှ ရနိုင်သလား။

    Oral Sex လုပ်ရာမှ တစ်ဆင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေဟာ အင်မတန်နည်းပါးပါတယ်။ ဒါပေမဲ့ Oral sex အလုပ်ခံရတဲ့ လူမှာ STI ရောဂါ တစ်ခုခု ရှိနေပြီး သူ့ရဲ့ လိင်အင်္ဂါ ဧရိယာ တစ်ဝိုက်မှာ အနာတွေရှိနေမယ်ဆိုရင်၊ Oral Sex ပေးတဲ့လူရဲ့ ပါးစပ်နဲ့ သွားဖုံးမှာ အနာတွေရှိနေမယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ ဒီတော့ Oral Sex ကနေ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STI) အကူးစက်ခံရဖို့ဆိုတာ အကြောင်းတရား (၃) ခုလုံး အရင် ဆုံဖို့လိုပါတယ်။

    သို့ပေမဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါ (gonorrhoea) နဲ့ ဆစ်ဖလစ်ရောဂါလို STI တွေကတော့ Oral Sex မှ တစ်ဆင့်ပျံ့ပွားနိုင်ပါသေးတယ်။ ဒါ့အပြင် အသည်းရောင်ရောဂါ A (hepatitis A) နဲ့ ဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်တဲ့ E.coli လိုဘတ်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ရောဂါတွေကတော့ Oral Sex မှ ကူးစက်နိုင်ပါတယ်။

    သိသာတဲ့ အရာတွေ ဖြစ်တဲ့ အနာလိုမျိုး လက္ခဏာတွေ မရှိသေးရင်တောင် Oral Sex မှ ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သင့်ရဲ့ ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံနဲ့ စအိုတို့မှာ အနာပေါက်နေမယ်ဆိုရင်တော့ Oral Sex ကို လုံးဝရှောင်ကြဉ်သင့်ပြီး ဒီအနာတွေဟာ ကူးစက်ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။

    ကွန်ဒုံး သို့မဟုတ် dental dam လို့ခေါ်တဲ့ မွေးလမ်းကြောင်းနဲ့ စအိုတို့ကို ဖုံးပေးနိုင်တဲ့ ပလတ်စတစ် အလွှာပါးလေး သုံးခြင်းဖြင့် ကူးစက်နှုန်းမြင့်မားတဲ့ STD တွေမှ သင့်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ dental dam မရှိဘူးဆိုရင်လည်း ကွန်ဒုံးကို အောက်ခြေမှ ထိပ်ပိုင်းထိ အလျားလိုက်ဖြတ်ပြီး

    dental dam လိုမျိုး အသုံးပြုလို့ရပါတယ်။ ကွန်ဒုံးလိုမျိုး ထပ်ဆောင်း အကာအကွယ်တစ်ခု ဝတ်ဆင်ထားခြင်းဖြင့် Oral sex ပြုလုပ်စဉ် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    Oral Sex မလုပ်ခင် သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကာကွယ်တွေအကြောင်း အရင်ဆွေးနွေးခြင်းက Oral sex ပြုလုပ်ရာမှာ ပိုပြီး အဆင်ပြေ ချောမွေ့စေပါလိမ်မယ်။ Oral Sex ဟာ ရှက်စရာ ကောင်းနေမှာ မှန်ပေမဲ့ ပြုလုပ်တတ်ကြတဲ့ လိင်မှု ကိစ္စပုံစံ တစ်ရပ်ပြီး သင့်အနေနဲ့ ထုတ်ပြောဖို့ အရမ်းခက်နေတယ်ဆိုရင် ဒါဟာ သင့်အနေနဲ့ Oral Sex ပေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

    ကျွန်တော့် အနေနဲ့ Oral Sex လုပ်သင့်သလား။

    Oral Sex ပြုလုပ်ဖို့ ဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ဒါ့အပြင် သင်ရော၊ သင့်လက်တွဲဖော်ရော နှစ်ယောက်လုံး ဒီလိင်မှုကိစ္စအတွက် အသင့်ဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။ အတင်းအကြပ်အခိုင်းခံရရင်တော့ ဘယ်သူကမှ Oral Sex ကို လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ အရေးကြီးတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက Oral Sex ဟာ သင်တို့ နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာ အတွေ့အကြုံ ဖြစ်သင့်ပါတယ်။ အဖော် ဖြစ်သူ အတင်းအကျပ်ခိုင်းလို့ တစ်ယောက်ယောက်က လုပ်နေရင်တယ်ဆိုရင် ဒီလို အတင်းအကျပ်ခိုင်းခြင်းက ခံစားချက်ရဲ့သာယာမှု တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Oral Sex ကို ဘယ်လို လုပ်ကြမလဲဆိုတာက တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်မှုနဲ့ပဲဆိုင်ပါတယ်။ အဓိက အချက်ကတော့ သင်တို့ ၂ ယောက်လုံး ခံစားချက်ကောင်းနေဖို့က ပိုအရေးကြီးပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement