ဒီအချက်ကိုဖြေရှင်းဖို့ အတွက်နည်းလမ်းတစ်ခုကတော့ သင့်လက်တွဲဖော်ရဲ့ ကောင်းတဲ့ အချက်တွေ၊ သင်ကြိုက်တဲ့ အချက်တွေကို သင်က သတိရှိရှိနဲ့ အာရုံစိုက်ဖို့ပါပဲ။ သင့်ရဲ့ လက်တွဲဖော်မှာ သင်ကြိုက်တဲ့ အချက်များစွာရှိမှာပါ။ ဒါ့ကြောင့် ဒီအချက်တွေကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ။ လိုအပ်လာရင် စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားနိုင်ပါတယ်။
နားပူနားဆာ လုပ်ခြင်းက ဆက်ဆံရေးကို တင်းမာစေတဲ့အပြင် ပြဿနာတစ်ခုကိုလည်း ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါဘူး။ သင်က နားပူနားဆာလုပ်လေလေ သင့်အဖော်ဖြစ်သူက နားမထောင်လေပါပဲ။ တကယ်၍ တစ်စုံတစ်ယောက်က သင်လိုချင်တာကို မပေးနိုင်ဘူးဆိုရင် ကိုယ်ဘာတွေ လုပ်နေသလဲဆိုတာ ကိုပြန်စဉ်းစားပါ။
ကိုယ်တောင်းဆိုနေတာ မရဘူးဆိုရင် ကိုယ်မလိုချင်တာကိုပြောမဲ့အစား ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ပြောင်းပြောကြည့်ပါ။ နားပူနားဆာလုပ်နေမယ့်အစား နည်းလမ်းပြောင်းကြည့်ပါ။ ဝေဖန်တာတွေ နားပူနားဆာလုပ်မိတဲ့အခါမှာ တစ်ဖက်ကလည်း သူ့ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါ။
သင့်လက်တွဲဖော်ကိုပြောင်းလဲစေချင်တယ်ဆိုရင် သူ့ရဲ့ ကောင်းကွက်တွေကိုပါ ထည့်ပြောပေးပါ။ အကယ်၍သူဟာ ကျေးဇူးတင်ခံရမယ်၊ စိတ်ကျေနပ်မယ်ဆိုရင် သင့်လက်တွဲဖော်က သင်စိတ်ကျေနပ်ဖို့ ပိုပြီး ပြောင်းလဲပေးချင်မှာ ဖြစ်ပါတယ်။
၄။ အချိန်တူတူ ကုန်ဆုံးပါ။
အိမ်ထောင်ရေးတစ်ခု ခိုင်မာချင်တယ်ဆိုရင် အချိန်အကြာကြီး အတူတူ ရှိနေဖို့လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို ရောက်သွားတဲ့အချိန်မှာလည်း ညစာထွက်စားတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးကို မပျက်ပါစေနဲ့။ သင့်ရဲ့ ပြက္ခဒိန်ထဲမှာ တွေ့မယ့်ရက်တွေကို မှတ်ထားခြင်းကလည်း သင်မမေ့အောင် ကူညီပေးနိုင်ပါတယ်။
အိမ်ထောင်ရေး တစ်ခုမှာ ဒီလို အလေးထားတဲ့ အကျင့်လေးတွေ ရှိတဲ့အခါမှာ ကောင်းကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။ တခြားလူတွေမပါဘဲ ၂ ယောက်တည်း အတူတူတွေ့ခြင်းဖြင့် အိမ်ထောင်ရေး သံယောဇဉ်ကို ပိုခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။