backup og meta

ဆယ်ကျော်သက်များအတွက် အကောင်းဆုံး သားဆက်ခြားနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များအတွက် အကောင်းဆုံး သားဆက်ခြားနည်း

    သင့် ဆယ်ကျော်သက်ကလေး နဲ့ အတူထိုင်ပြီး စိတ်ချရသော ဆက်ဆံရေးနှင့် သားဆက်ခြားနည်းလမ်းများအကြောင်းကို ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။ အရေးပေါ်တားဆေးနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုမှုကိုလည်း ပြောပြဖို့ မမေ့ပါနဲ့။ ထိုဆွေးနွေးမှုသည် လွယ်ကူမည်မဟုတ်မှာ အသေအချာပါပဲ။ သို့သော် ထိုကိစ္စသည် သူတို့ ဘ၀ အတွက် အလွန်အရေးကြီးပါသည်။

    လိင်ဆက်ဆံမှုကို ရှောင်ခြင်း ။ ။မအောင်မြင်သောနှုန်း – သုည ရာခိုင်နှုန်း

    ဤနည်းသည် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (ဥပမာ ။ ။ Human papilloma ဗိုင်းရပ်စ်)ကို ရှောင်ရှားဖု့ိ အသေချာဆုံး နည်းလမ်းဖြစ်သည်။ Human papilloma ဗိုင်းရပ်စ် ပုံစံအချို့သည် သားအိမ်ခေါင်းကင်ဆာနှင့် ဆက်နွယ်နေသည်။

    ကိုယ်ဝန်တားဆေး သောက်ဆေး ။ ။မအောင်မြင်သောနှုန်း- ၉ ရာခိုင်နှုန်း

    သောက်ဆေးကဒ်သည် နံမည်အကြီးဆုံး သားဆက်ခြားနည်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနည်းသည် ထိရောက်၊ အဆင်ပြေ၊ စိတ်ချ ရပြီး ဝယ်ရလွယ်ကူသောကြောင့် ဖြစ်သည်။ အမျိုးသမီးသည် တစ်ရက်ကို ဆေး တစ်လုံးသောက်ရမည်။

    ထိုဆေးသည် ဟော်မုန်းဖြစ်ပြီး မမျိုးဥကြွေခြင်းကို တားဆီးပြီး သားအိမ်ခေါင်း အမြှေးပါးကို ပိုထူစေကာ သုက်ပိုးနှင့် မမျိုးဥမတွေ့ဆုံနိုင်အောင် ကာကွယ်ပေးသည်။ ဟော်မုန်းနှစ်မျိုးပေါင်းထားသော သောက်ဆေးကဒ်တွင် အီစထရိုဂျင်နှင့် ပရိုဂျက်စတင် ဟော်မုန်းတို့ ပါဝင်ပါသည်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါဝင်သော ဆေးမျိုးလည်းရှိသည်။

    သောက်ဆေးကဒ်တွင် ရာသီလာစဉ်ကိုက်ခဲခြင်း၊ ရာသီနည်းခြင်း၊ မျိုးပွားအင်္ဂါရောင်ရမ်းခြင်းရောဂါကို ကာကွယ်ပေးခြင်း အပါအဝင် အခြားသော အကျိုးကျေးဇူး များစွာရှိပါသည်။ အချို့ဆေးအမျိုးအစားများသည် ဝက်ခြံလျော့ပါးခြင်း၊ အရိုးပါးခြင်းကို ကာကွယ်ခြင်း၊ ရာသီမလာခင် လက္ခဏာများကို သက်သာစေခြင်းတို့ကိုတောင် ကူညီပေးပါသည်။ အချို့အမျိုးအစားများသည် တစ်နှစ်ကို လေးကြိမ်သာ ရာသီလာစေသည်။

    သို့သော် သောက်ဆေးကဒ်တွင် ဆိုးကျိုးအချို့ရှိနိုင်ပါသည်။ ရာသီတစ်ချိန်နှင့် တစ်ချိန်ကြား သွေးဆင်းခြင်း၊ ပျို့ခြင်း၊ ရင်သားနာခြင်း ကဲ့သို့သော ဆိုးကျိုးများရှိနိုင်ပြီး ထိုဆိုးကျိုးများသည် ပထမ လအနည်းငယ်မျှသာ ကြာတတ်ပါသည်။

    သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နှင့် လက်မောင်းတွင်း ပစ္စည်းထည့်ခြင်း ။ ။ မအောင်မြင်သောနှုန်း – သားအိမ်တွင်း ထည့်ပစ္စည်း အတွက် ဝ.၂ – ဝ.၈ ရာခိုင်နှုန်း ။ လက်မောင်းတွင်းထည့် ပစ္စည်းအတွက် ဝ.၀၅ ရာခိုင်နှုန်း။

    သားအိမ်တွင်းထည့်ပစ္စည်း နှင့် လက်မောင်းတွင်းထည့်ပစ္စည်းများသည် ရေရှည်ခံပြီး မလိုချင်သောအချိန်တွင် ပြန်လည်ထုတ်၍လည်း ရသည်။ ဆရာဝန်များသည် အများအားဖြင့် ဤနည်းလမ်းကို အရင်ညွှန်ကြားလေ့ရှိသည်။

    ဘာကြောင့်လဲ။ သင်သည် ပျော်ရွှင်စရာတဒင်္ဂတွင် ကိုယ်ဝန်တားနည်းလမ်းအကြောင်းစဉ်းစားစရာမလို၊ နေ့စဉ်ကဒ်ဆေးသောက်ဖို့လည်း သတိထားနေစရာမလိုသောကြောင့် ဖြစ်သည်။ ဤနည်းလမ်းသည် ကိုယ်ဝန်တားရာတွင်လည်း အစွမ်းထက်သည်။ ဤနည်းလမ်းကိုသုံးသော သူများ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေမှာ အမျိုးသမီး အယောက် ၁၀၀ တွင် ၁ ယောက်အောက်သာ ရှိသည်။

    သုံးလခံဆေးထိုးခြင်း။ ။ မအောင်မြင်သောနှုန်း – ၆ ရာခိုင်နှုန်း

    သုံးလခံဆေး (Depo-Provera) သည်နေ့စဉ် ဆေးသောက်ဖို့ မမှတ်မိသော အမျိုးသမီးများအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤထိုးဆေးသည် သုံးလတစ်ကြိမ်သာ ထိုးရန်လိုသည်။ သုံးလခံဆေးတွင် ပရိုဂျက်စတင် ဟော်မုန်းပါဝင်ပြီး ကဒ်ဆေးအာနိသင် နည်းတူ ကိုယ်ဝန်ကို တားဆီးပေးသည်။ ထို့ပြင် ဤဆေးသည် သားအိမ်ကင်ဆာနှင့် သံဓါတ်ချို့တဲ့မှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကိုယ်အလေးချိန်တက်ခြင်း နှင့် ပုံမမှန်ရာသီသွေးဆင်းခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများတော့ ရှိနိုင်ပါသည်။

    မိန်းမကိုယ်တွင်း ထည့် အကွင်း ။ ။မအောင်မြင်သောနှုန်း – ၉ ရာခိုင်နှုန်း

    မိန်းမကိုယ်တွင်း ထည့်သော အကွင်း (NuvaRing) သည် လစဉ် သုံးပတ်တာကြာ မိန်းမကိုယ်အတွင်း ထည့်ရသော သေးငယ်ပျော့ပျောင်းသော အကွင်းတစ်ခုဖြစ်သည်။ ၎င်းကို ဆရာဝန်ဆေးညွှန်းပါလျှင် ဝယ်ရလွယ်ကူပြီး အလွန်အာနိသင်ထိရောက်ပါသည်။ ၎င်းသည် ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းတို့ကို ထုတ်ပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးသည်။ ကဒ်ဆေးနှင့် သုံးလခံဆေး ကဲ့သို့ပင် တူညီသော အကျိုးကျေးဇူး နှင့် ဘေးထွက်ဆိုးကျိုးများစွာ ရှိပါသည်။ ၎င်းသည် မိန်းမကိုယ်အဖြူဆင်းများခြင်း၊ မိန်းမကိုယ်ယားယံခြင်း (သို့) ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

    Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement