backup og meta

ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

    ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းသည် လက်ရှိတစ်ကမ္ဘာလုံးဆိုင်ရာ အရှုပ်ထွေးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ သယ်ဆောင်လာပါသည်။ အချို့နိုင်ငံများတွင် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များသည် သဘောတူကြည်ဖြူလျှင် လိင်ဆက်ဆံခြင်းကို ဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သည့်အစိုးရမှ သူတို့ကို ထိုအသက်အရွယ်အတွင်း ကိုယ်ဝန်ဆောင်ဖို့ မထောက်ခံပါ။

    သင်၏ တန်ဖိုးရှိလှသော သမီးရတနာကို ထိုသို့ နောင်တရဖွယ် အခြေအနေမှ ကာကွယ်လိုလျှင် သူတို့၏စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းများကို အရင်လေ့လာသင့်သည်။ သို့မှသာ သူတို့ကို ကာကွယ်ပေးဖို့ အသင့်တော်ဆုံးသော အစီအစဉ်ကို ဆွဲနိုင်မည် ဖြစ်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။

    • လမ်းညွှန်သင်ကြားပေးမှုမရှိခြင်း

    ယဉ်ကျေးမှုအများစုတွင် လိင်ဆက်ဆံခြင်းကို မပြောအပ်၊ မဆိုအပ်သောအရာ ပြောဆိုဖို့မသင့်တော်သော ခေါင်းစဉ်တစ်ခု အဖြစ်မြင်ကြသည်။ ထို့ကြောင့် မိဘ၊ ဆရာသမားများသည် လိင်မှုဆိုင်ရာ ခေါင်းစဉ်ကို အမြဲရှောင်ကြဉ်သည်။ လူငယ်တွေကိုလည်း မှားယွင်းသော အယူအဆများ ခေါင်းထဲရိုက်သွင်းပြီး လိင်အကြောင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းကို တားမြစ်ထားကြသည်။

    ထိုအရေးကြီးသော လူမှုကိစ္စရပ်အပေါ် လျစ်လျူရှုမှုသည် လူငယ်များအား လိင်မှုဆိုင်ရာ အသိဉာဏ်၊ ဗဟုသုတကင်းမဲ့စေပြီး မှားယွင်းသော သတင်းအချက်အလက်များကို ရစေသည်။ ၎င်းသည် သူတို့သတိတောင် မထားမိသော လိင်မှုဆိုင်ရာ အနိုင်ကျင့်ခြင်း၊ လူကုန်ကူးခြင်း နှင့် ကိုယ်ဝန်ရရှိခြင်းတို့ ဖြစ်ပွားမှုကို မြင့်မားစေသည်။

    မိဘများအနေဖြင့် သူတို့၏ သားသမီးများကို မှန်ကန်သော လိင်ပိုင်းဆိုင်ရာ အသိပညာပေးပြီး သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အလွန်အရေးကြီးပါသည်။

    • စည်းကမ်းမရှိခြင်း

    ဆယ်ကျော်သက်များသည် သူတို့ဖာသာ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ အားပေးသင့်သည်မှာ မှန်ကန်ပါသည်။ သို့သော် သူတို့ လွတ်လပ်ခွင့်ရရန် ကိုယ်ပိုင်အခန်းများ ပေးထားခြင်းသည် မိဘများက သူတို့နေချင်သလို နေခွင့်ရဖို့ လုံးလုံးလျားလျား လွှတ်ထားခြင်း မဟုတ်ပါဘူး။ ဆယ်ကျော်သက်များသည် အပြည့်အ၀ မရင့်ကျက်သေးဘူးဆိုသည်မှာ ငြင်းလို့မရသော အချက်ပင်ဖြစ်သည်။ သူတို့သည် သူတို့၏ လုပ်ရပ်တိုင်း၏ အကျိုးသက်ရောက်မှုကို နားလည်နိုင်စွမ်းရှိဖို့ လုံလောက်သော ရင့်ကျက်မှုမရှိသေးပါ။ ထို့ကြောင့် လိုအပ်သော ကန့်သတ်မှုများကို ထားရှိရပါဦးမည်။

    အရက်နှင့် မူးယစ်ဆေးကို ငယ်ရွယ်စဉ်မှာ ထိတွေ့သုံးစွဲခြင်းသည် များစွာသော နောင်တရဖွယ် နောက်ဆက်တွဲတွေဖြစ်လာနိုင်သည်။ ထိုမူးယစ်ထုံထိုင်းစေသော ဓာတုဒြပ်ပေါင်းများသည် လူတစ်ယောက်၏ ဆန္ဒအာရုံကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းစေပြီး ကိုယ်ဝန်ကဲ့သို့သော နောက်ဆက်တွဲ ရလဒ်များ ဖြစ်စေနိုင်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် ၁၀ ယောက်တွင် ၈ ယောက်သည် မမျှော်လင့်ဘဲ ၊ မတော်တဆ ရရှိခြင်းဖြစ်ပြီး ကြိုတင်စီစဉ်ထားခြင်းမရှိပေ။

    • ထိန်းချုပ်မှုလွန်ကဲသော မိဘအုပ်ထိန်းမှု

    အထက်ပါ အုပ်ထိန်းမှုနှင့် လုံးဝပြောင်းပြန်ဖြစ်နေသော ထိန်းချုပ်မှုလွန်ကဲသော အုပ်ထိန်းနည်း သည်လည်း ကလေး၏ အပြုအမှုတွင် ဆိုးကျိုးသက်ရောက်များ ဖြစ်စေသည်။ သင့်ကလေး၏ ဘဝကို အလွန်အကဲ ထိန်းကွပ်ခြင်းသည် စိတ်မကျေနပ်မှုနှင့် ပုန်ကန်မှုများကို ပေါက်ဖွားစေသည်။ အထူးသဖြင့် သင့်ကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်လျှင် ပိုဆိုးသည်။ ရေရှည် စိတ်မကျေနပ်မှုနှင့် စိတ်ဖိစီးမှုများသည် သူတို့၏ စိတ်ခံစားချက်ကို ပေါက်ကွဲစေပြီး ဒေါသထွက်နေချိန်တွင် သူတို့ကိုယ်တိုင်မှားနေမှန်းသိသော မကောင်းသောအရာများကို စတင်လုပ်ဆောင်လာနိုင်သည်။

    • ရွယ်တူ အပေါင်းအသင်းကြား ဖိအား

    ယနေ့ခေတ်လူငယ်များကြား မှားယွင်းနေသော အယူအဆတစ်ရပ်မှာ လိင်ကိစ္စရပ်ကို တစ်ဦးတစ်ယောက်၏ ရင့်ကျက်မှုနှင့် စတိုင်ကျမှု အဆင့်ကို တိုင်းတာရာတွင် စံညွှန်းတစ်ခုအနေနှင့် အသုံးပြုနေခြင်းဖြစ်သည်။ ကိစ္စအများစုတွင် ဆယ်ကျော်သက်များသည် အုပ်စုထဲတွင် အနှိမ်ခံရမည်၊ အပယ်ခံရမည်ကို ကြောက်သောစိတ်၊ အုပ်စုထဲတွင် လူရာဝင်လိုသော စိတ်များသည် စောစီးစွာ လိင်မှုကိစ္စကို စမ်းသပ်ဖို့ စိတ်အားထက်သန်ခြင်း၏ တရားခံဖြစ်သည်။ အခြားအခြေအနေများတွင် သူတို့၏ အပေါင်းအသင်းများကို အဆုံးရှုံးမခံလိုသော ကြောက်စိတ်ကြောင့် ပြုလုပ်ကြရခြင်းဖြစ်သည်။

  • မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု

  • ဆယ်ကျော်သက် အမျိုးသမီးငယ်များသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း ဖြစ်ပွားနိုင်ချေ အန္တရာယ်အများဆုံး အုပ်စုဖြစ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဆယ်ကျော်သက်အရွယ်တွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို ကြုံတွေ့ခဲ့ရလျှင် သူမသည် ကိုယ်ဝန်ရဖို့ အခွင့်အရေး မယုံနိုင်လောက်အောင် မြင့်မားလေသည်။

    မိဘများသည် သူတို့၏ကလေးများကို ကိုယ်ခံပညာသင်တန်းကျောင်းများသို့ ပို့ပေးသင့်သည်။ သူတို့ကို မုဒိမ်းအန္တရာယ် ကာကွယ်တတ်အောင် သတိပေးရမည်။ ဥပမာ။ ။ မှောင်သော နေရာတွင် တစ်ယောက်ထဲ ဘယ်တော့မှ လမ်းမလျှောက်ရန် ၊ လူစိမ်း၏ ကား၊ ဆိုင်ကယ်ကို မစီးရန်၊ သူတို့၏ ပတ်ဝန်းကျင်ကို အမြဲသတိထားနေရန် စသည်တို့ဖြစ်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement