နေ့တစ်နေ့တာရဲ့ ဘယ်အချိန်ဟာ အတူတူနေလို့ အကောင်းဆုံးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 17, 2020 . 2 mins read
Share now

ဒီမေးခွန်းကို ဖြေတဲ့နေရာမှာ အမျိုးမျိုး သဘောထားကွဲလွဲနိုင်ခြေရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ဟိုးအရင်ထဲက ကိုယ့် အကြောင်းပြချက်နဲ့ကိုယ်၊ ကိုယ့်အကြိုက်နဲ့ကိုယ် ငြင်းကြခုန်ကြတာ ယနေ့ထိပါပဲ။ အထူးသဖြင့်တော့ အမျိုးသားထုကြီးနဲ့ အမျိုးသမီးထုကြီးဟာ ဒီနေရာမှာ အကြိုက်က လုံးဝကွဲပြားနေပါတယ်။

ဟုတ်ပါတယ်။ အမျိုးသားတွေရဲ့ အတူတူနေဖို့ စိတ်အပါဆုံးအချိန်ဟာ အိပ်ရာနိုးနိုးချင်း မနက်ပိုင်း ဖြစ်ပြီး အမျိုးသမီးတွေကတော့ အိမ်မှုကိစ္စ အဝဝကို လုပ်ဆောင်ပြီးသွားလို့ နားရတဲ့အချိန်၊ ကလေးတွေကို သိပ်ပြီးချိန်ဖြစ်တဲ့ ညပိုင်းဖြစ်ပါတယ်တဲ့။ ဘာလို့ ဒီလိုမတူကွဲပြားနေရသလဲဆိုတာကတော့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒါတွေကို အပြန်အလှန် နားလည်သဘောပေါက်ပြီး အဆင်ပြေအောင် ညှိယူကြမယ်ဆိုရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

၁. ကျားဟော်မုန်း (testosterone)

အမျိုးသားတွေရဲ့ ကျားဟော်မုန်း (testosterone) ဟာ မနက် ၆နာရီနဲ့ ၉နာရီ ကြားမှာ အမြင့်ဆုံးဖြစ်တဲ့ အတွက် ကျားလိင်အင်္ဂါထောင်မတ်ဖို့ စွမ်းဆောင်နိုင်ဖို့ အားအသန်ဆုံးအချိန်ဖြစ်နေတာပါ။ ကံမကောင်းတာတော့ အမျိုးသမီးတွေမှာ အဆိုပါ sex hormone ဟာ မနက်ပိုင်းမှာ အနည်းဆုံးဖြစ်ပြီး ညနေပိုင်းလောက်မှ အနည်းငယ်တက်လာတတ်လို့ပါပဲ။

၂. ဟော်မုန်း စက်ဝန်း ကွာခြားမှု

အထက်မှာ ဖော်ပြခဲ့သလိုပါပဲ။ အမျိုးသားတွေဟာ မနက်ပိုင်းမှာတင် သူတို့ရဲ့ တစ်နေ့တာ အတွက် testosterone ဟော်မုန်း ပမာဏရဲ့ ၂၅% ကနေ ၅၀% ထုတ်လုပ်တဲ့ အတွက် အမျိုးသားများမှာ မနက်ပိုင်းမှာ ချစ်တင်းနှောလိုစိတ်ပိုများပါတယ်။ အမျိုးသမီးတွေအတွက်ကတော့ နေ့ညအချိန်ပေါ် မူတည်ပြီး ဟော်မုန်း ကွာခြားမှု သိပ်မရှိပါဘူး။ ဒါပေမယ့် လတိုင်း ရာသီစက်ဝန်းတိုင်းရဲ့ သားဥကြွေခါနီး ရာသီစက်ဝန်း အလယ်လောက်မှာ sex hormones တွေ မြင့်တက်နေတတ်ပါတယ်။

၃. တစ်ကိုယ်ရည်သန့်ရှင်းရေး

အမျိုးသမီးအများစုဟာ အတူတူမနေခင်မှာ ကိုယ်လက်သန့်စင်လေ့ရှိပါတယ်။ ဆိုတော့ကာ သူမအတွက် အိပ်ရာနိုးနိုးချင်းမှာ ခံတွင်းအနံ့နံနေမှာ၊ မိန်းမကိုယ်က အနံ့ထွက်နေမှာကို အာရုံရောက်ကြတဲ့အတွက် wake-up sex ကို သိပ်မလိုလားကြပါဘူး။

 Morning sex ကို အားပေးချင်လျှင်

  • ဖြည်းဖြည်းချင်း အစပြုပါ။

ပွေ့ဖက်ထားပြီး စကားစမြည်‌လေးတွေပြောကာ အစပြုပါ။ အမျိုးသားတွေနဲ့ သိသိသာသာ မတူတဲ့အချက်က အမျိုးသမီးတွေရဲ့ desire ဟာ သူမရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပေါ်မှာ မှီတည်နေပါတယ်။ ဒါကြောင့်မို့ သူမရဲ့ သဘာဝအလှကို ချစ်မြတ်နိုးကြောင်း၊ မပြင်မဆင်လည်းလှတယ်ဟုမြင်ကြောင်း ချီးမွှမ်းပြောဆိုပေးနိုင်ပါတယ်။

အိပ်ရေးမဝလျှင် အမျိုးသားမှာရော အမျိုးသမီးမှာပါ testosterone ဟော်မုန်း level ကျဆင်းတတ်ပါတယ်။

Evening sex ကို အားပေးချင်လျှင်

  • ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အားကစားပြိုင်ပွဲ ကြည့်ပါ။

သုတေသနတွေအရ အားကစားပြိုင်ပွဲကြည့်ပြီးတဲ့အခါ အမျိုးသားတွေဟာ စိတ်မြန်လာခြင်း testosterone level မြင့်တက်လာခြင်း‌တို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ အမျိုးသမီးကိုယ်တိုင်ကိုက အားကစားဝါသနာရှင် ဖြစ်နေလျှင်တော့ ဒီနည်းက အဆင်ပြေပါလိမ့်မယ်။

နာရီဝက်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ testosterone level ကို မြင့်တက်စေပါတယ်။ အားကစားလုပ်ပြီး နာရီဝက်အတွင်းဟာ ခန္ဓာကိုယ်မှာ သွေးသွားလာလည်ပတ်မှု ကောင်းမွန်နေတဲ့အတွက် လိင်စိတ်နိုးကြွဖို့ ပိုမိုလွယ်ကူနိုင်ပါတယ်။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပင်ပန်းနွမ်းနယ်နေတာကို သက်သာစေဖို့

ပင်ပန်းနွမ်းနယ်နေတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read