ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 22, 2020 . 2 mins read
Share now

အမျိုးသမီးတွေဟာ ကလေးမွေးဖွားသန့်စင်ပြီးနောက် ကာလအတော်ကြာတဲ့အထိ လိင်ဆက်ဆံဖို့ကို ကြောက်ရွံ့ နေတတ်ကြပါတယ်။ လိင်စိတ်ဟာလည်း ကုန်ခမ်းနေတတ်ကြပါတယ်။ ဒါဟာအကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေ၊ ကျန်ခဲ့တဲ့ဒဏ်ရာတွေကြောင့် နာကျင်မှုကို ပိုကြောက်တတ်ကြတာဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးကို ထိန်းကျောင်းရတဲ့ ညတွေ မှာ အိပ်ရေးပျက်ရတာကြောင့်လည်းဖြစ်နိုင်သလို နို့တိုက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပွားမှု ကြောင့်လည်းဖြစ်နိုင်ပါတယ်။

မွေးကင်းစကလေးရဲ့ အညစ်အကြေး၊ အနံ့အသက်နဲ့ မိန်းမကိုယ်က သွေးဆင်းတဲ့အနံ့အသက်တွေကြောင့် စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နေရာကနေ လိင်ပြန် ဆက်ဆံတဲ့အခါ အခက်အခဲတွေ အများကြီးကြုံတွေ့ရနိုင်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းတွေ ကတော့ ကလေးလေးတစ်ယောက်ကို မွေးဖွားအပြီးမှာ သင်နဲ့သင့်အိမ်ထောင်ဖက် ပြန်လည်ချစ်ခင် ပေါင်းစည်းပေးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေပါ။

မီးစိမ်းရောက်အောင်စောင့်ပါ     ဆိုလိုရင်းကတော့ သင် ဆရာဝန်ထံကနေ ခွင့်ပြုချက်တောင်းပါ။ အနည်းငယ်တော့ နားရှုပ်သွားပါလိမ့်မယ်။ ဒါဟာဘာကို ပြောချင်တာလဲဆိုရင် ရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲမွေးသည်ဖြစ်စေ အနာကျက်အောင် စောင့်ခိုင်းတာပါ။ ရိုးရိုးမွေးတဲ့မိခင်တစ်ယောက်ဟာ လိင်ဆက်ဆံ မှုကို စောစီးစွာ ပြုလုပ်လိုက်မယ်ဆိုရင် ပုံမှန်ထက် ပိုနာကျင်ရမှာပါ။ မိန်းမကိုယ်ကတစ်ဆင့် ပိုးမွှားတွေ လည်းဝင်နိုင်ချေရှိပါတယ်။ ဒါကြောင့် ဆရာဝန်မှာကြားထားတဲ့အတိုင်း အန္တရာယ်ကင်းတဲ့ အချိန်တစ်ခု ရောက်မှသာ လိင်ဆက်ဆံမှုကို ပြန်လည်စတင်ပါ။ မွေးပြီး (၄၅)ရက်အကြာအထိ လိင်ဆက်ဆံမှုကို ရှောင်ခိုင်းတတ်ကြပါတယ်။

တားဆေးစသုံးပါ။ သင်ဟာနို့တိုက်မိခင်တစ်ယောက်ဖြစ်နေတဲ့အတွက် ကလေးကို နို့တိုက်နေသရွေ့ ကလေးမရနိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါဟာ (၁၀၀)ရာခိုင်နှုန်း စိတ်မချနိုင်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံမှုကို ပြန်လည်စတင်ပြီဆိုတာနဲ့ တားဆေးတစ်မျိုးမျိုးကို စသုံးသင့်ပါပြီ။ သန္ဓေတားသောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲပစ္စည်းထည့်ခြင်းနဲ့ ကွန်ဒုံးအမျိုးအစား များစွာရှိနေတဲ့အနက် သင်နဲ့သင့်တော်တဲ့နည်းလမ်းကို သုံးသင့်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့် ပါတယ်။ အများစုကတော့ လက်မောင်းထိုးဆေးကို အသုံးပြုကြပါတယ်။

ချောဆီ (Lubricant) သုံးပါ။        ကလေးမွေးပြီးအမျိုးသမီးတွေမှာဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ဟာ ခြောက်သွေ့နေတတ်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံတဲ့အခါ အဆင်မပြေနာကျင်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေတစ်ခုပြန်မရောက်ခင်အထိ ချောဆီသုံးပေးပါ။

စိတ်ဖြေလျှော့ပါ။        ။   လိင်မဆက်ဆံခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်လိုက်တာက တင်းကြပ်နေတဲ့ စိတ်တွေပြေလျှော့သွားပြီး နာကျင်မှုကို သက်သာစေမှာပါ။

နွေးထွေးပါစေ။        ။ ဒါကတော့ ရှေ့ပြေးစွမ်းဆောင်ချက်တွေ (Foreplay) လုပ်ခိုင်းတာပါ။ သင့်ရဲ့အိမ်ထောင်ဖက် ဟာ လိင်မဆက်ဆံခင် နမ်းရှုံ့ပွတ်သတ်မှုမျိုးလေးတွေ လုပ်ပေးမယ်ဆိုရင်တော့ လိင်ဆက်ဆံတဲ့အခါ များစွာ အထောက်အကူဖြစ်စေမှာပါ။ လွယ်ကူသက်သာစေမှာပါ။ Foreplay များများ ပြုလုပ်ပေးနိုင်လေလေ၊ သင်တို့နှစ်ဦး အတွက် ပိုမိုအဆင်ပြေနိုင်လေလေ ဖြစ်မှာပါ။

အမှန်အတိုင်းပြောပေးပါ။   ဘယ်အရာကတော့သင့်ကို နာကျင်စေတယ်၊ ဘယ်အရာကတော့ သင့်ခံစားချက် ကောင်းမွန်စေတယ်ဆိုတာကို သင့်ရဲ့အိမ်ထောင်ဖက် ဟာ အလိုလိုမသိပါဘူး။ ဒါကြောင့် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။

မှန်ကန်တဲ့ပုံစံနဲ့ ဆက်ဆံပါ။ လိင်ဆက်ဆံတဲ့အခါ မှန်ကန်တဲ့အနေအထားကလည်း အလွန်အရေးကြီးပါတယ်။ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးကိုသာ ရွေးချယ်ပါ။ တစ်ကြိမ်တစ်ခါတည်းနဲ့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ အမျိုးသမီးကို အပေါ်မှာ ထားတာမျိုး၊ ဘေးတိုက်ပုံစံ မျိုးဟာ ကလေးမွေးပြီး လိင်ဆက်ဆံခြင်းအတွက် သင့်တော်တဲ့ပုံစံအနေအထားတွေပါ။ ဖြေးဖြေးနဲ့မှန်မှန် အတိုင်း ဆက်ဆံဖို့လည်း လိုအပ်ပါတယ်နော်။

လေ့ကျင့်ခန်းလုပ်ပေးပါ။   ။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးပြီး နို့တိုက် မိခင်တွေအတွက် သီးသန့်မိန်းမကိုယ်လေ့ကျင့်ခန်းတွေ ရှိပါတယ်။ Youtube လို Website မျိုးမှာ ရှာဖွေနိုင် ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေလုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားအတင်း အလျှော့ ကိုလည်းကောင်း ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းကိုနေ့ရောညပါပြုလုပ်နိုင်သလို လိင်ဆက်ဆံနေစဉ်အတွင်းလည်း ပြုလုပ်နိုင်ပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

WHO ကတော့ COVID-19 ကပ်ဘေးကာလမှာ လူတိုင်း အသက်အရွယ်တိုင်း ကိုယ်လက် လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ အရွတ်များဟာ စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read