backup og meta

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

အရွယ်ရောက်လာသူတိုင်းရှောင်လွှဲဖို့ခက်တဲ့ အကြောင်းအရာလေးတွေရှိပါတယ်။ အဲဒီထဲမှာ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေလည်းပါပါတယ်။ လိင်မှုဆိုင်ရာကိစ္စရပ်တွေဟာပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် သတိမထားဘူးဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ မလိုလားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ရရှိသွားတာလိုမျိုးပေါ့။ မလိုလားအပ်တဲ့ကိုယ်ဝန်ဟာ ဘဝပေါင်းများစွာကို အန္တရာယ်ရှိသွားစေနိုင်ပါတယ်။ ဒီတော့ မကင်းနိုင်တဲ့လိင်မှုဆက်ဆံရေးမှာ ကိုယ်ဝန်မရသွားအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဒီအတွက် နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြချင်ပါတယ်။ ဒါကတော့ ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ဆိုတာပါ။

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ ဆိုတဲ့အကြောင်းကို မပြောခင် ကိုယ်ဝန်တားနည်းတွေကို အရင် ပြောပြပေးချင်ပါတယ်။

သားဆက်ခြားဖို့အတွက်ရွေးစရာအဖုံဖုံ

သားဆက်ခြားဖို့အတွက်ရွေးချယ်စရာတွေကတော်တော်လေးများပါတယ်။

လွယ်ကူရိုးစင်းပြီး အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း

အသုံးပြုရတာလည်း လွယ်ကူသလို၊ စရိတ်စကကုန်ကျမှုလည်းနည်းပါးပြီး ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက ၁၆၄၂ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ပေါ်လာခဲ့တဲ့ သန္ဓေတားနည်းလမ်းတစ်ခုပါ။

ဒါကတော့ ကွန်ဒုံး အသုံးပြုတာပါ။ တကယ်တော့တွေးကြည့်လိုက်ရင် ကွန်ဒုံး အသုံးပြုတာက အခြားသောနည်းလမ်းတွေထက် ပိုမိုလွယ်ကူပြီး အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံးကို အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံး ဆိုပြီး ရှိပေမယ့် အမျိုးသားသုံး ကွန်ဒုံးက အသုံးပြုရတာ ပိုအဆင်ပြေမှာပါ။ ကွန်ဒုံးက အလွယ်တကူဝယ်ယူလို့ရသလို စိတ်ချရပါတယ်။

ကွန်ဒုံးက သန္ဓေတားဆေးတွေလိုမျိုးဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီသွေးမမှန်တာမျိုးမဖြစ်စေနိုင်သလိုဆေးသောက်ဖို့မေ့သွားတာမျိုးဆေးထိုးဖို့ ရက်ကျော်တာမျိုးတွေဖြစ်မှာကိုလည်း ပူစရာမလိုပါဘူး။

နောက်တစ်ချက်က ကွန်ဒုံးက အခြားသားဆက်ခြားနည်းတွေနဲ့ မတူဘဲ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ပါကာကွယ်ပေးနိုင်တာပါ။ ကိုယ်ဝန်ရရှိနိုင်ခြေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

မလိုအပ်ဘဲ ကိုယ်ဝန်ရရှိတာ နဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေမရရှိစေဖို့ အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။

ကွန်ဒုံး အသုံးပြုခြင်းရဲ့ အားသာချက်တွေ

ကွန်ဒုံး အသုံးပြုမှုက အခြားသားဆက်ခြားနည်းတွေနဲ့မတူဘဲ ဒီလိုအားသာချက်လေးတွေရှိပါတယ်။

  • စိတ်ချရတယ်
  • ဟော်မုန်းပါဝင်မှုမရှိတာကြောင့် မည်သူမဆိုစိတ်ချစွာအသုံးပြုနိုင်တယ်
  • လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်
  • မျိုးဥတွေကို သုက်ပိုးတွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးတယ်
  • ကလေးနို့တိုက်နေချိန်မှာ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုဖြစ်တယ်
  • ဆေးခန်းသွားစရာမလိုသလိုဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အကူအညီယူစရာမလိုဘဲ အသုံးပြုနိုင်တယ်
  • သယ်ဆောင်သိမ်းဆည်းရလွယ်ကူတယ်
  • ကလေးမွေးဖွားပြီးချင်းချင်း အသုံးပြုနိုင်သလို ကိုယ်ဝန်ပျက်ကျထားတဲ့ စုံတွဲတွေမှာလည်းအသုံးပြုလို့ရပါတယ်။

ဒီအချက်တွေကြောင့် ကွန်ဒုံးသုံးပြီး ကိုယ်ဝန်တားပါ လို့ အကြံပြုရတာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Birth Control: What Type Is Right for You?https://www.webmd.com/sex/birth-control/birth-control-options#2 Accessed Date 22 January 2019

BARRIER METHODShttp://www.familyplanning.org.nz/news/2013/barrier-methods Accessed Date 22 January 2019

Birth Control Side Effects, Advantages, and Disadvantageshttps://www.medicinenet.com/g00/barrier_methods_of_birth_control/article.htm?i10c.ua=1&i10c.encReferrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8%3d&i10c.dv=21 Accessed Date 22 January 2019

Barrier Methods of Contraceptionhttps://www.aiims.edu/aiims/events/Gynaewebsite/ec_site/manual/3_barrier_method.htm Accessed Date 22 January 2019

ယခုပုံစံ

01/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ

အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement