backup og meta

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ


Phyo Wai Yan မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

    မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကို လိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။

    လိင်ပညာပေးအကြောင်းကို ကလေးကိုဘယ်အချိန်မှာ စပြောသင့်ပြီလဲ။

    လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓာဗေဒ ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ နဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကို ကျောင်းမှာသင်ယူလာရအခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး အကျိုးရှိတဲ့အကြောင်းအရာတွေကို ရှာဖွေကြရပါမယ် ။

    ဘာကြောင့်ကလေးကို လိင်ပညာပေးသင့်သလဲ။

    ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်ရတာတွေက ထူးဆန်းတဲ့အကြောင်းအရာမဟုတ်တော့ပါဘူး ။ ဒါဟာ နိုင်ငံတော်တော်များများမှာ ခေါင်းကိုက်စရာပြဿနာတစ်ခု အခုထိဖြစ်နေတုန်းပါပဲ။ လိင်ပညာပေးခြင်းကို စောစောစီးစီးနဲ့ လုံလုံလောက်လောက်သင်ထားခြင်းဟာ ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်နေရမှုတွေကို ကာကွယ်နိုင်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သင့်ရဲ့ကလေးဟာ မေးခွန်းတွေမေးလာရင် ဘာကြောင့် မရှောင်လွှဲသင့်ဘူးလဲဆိုတာကို ရှင်းပြထားတာပဲဖြစ်ပါတယ် ။

    • ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်ရခြင်းဟာ ကလေးရဲ့ကျန်းမာရေးကိုထိခိုက်စေရုံသာမက ကိုယ်ဝန်ဆောင်ရခြင်း ၊ ကလေးမွေးရခြင်း ၊ စောင့်ရှောက်ရခြင်းတို့ကြောင့် ဆယ်ကျော်သက်မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ် ။
    • အပျော်အပါးလိုက်စားမှုမှ ရှောင်ကျဉ်ခြင်း ၊ ကွန်ဒုံးအသုံးပြုပုံ ၊ ကိုယ်ဝန်တားခြင်းနည်းလမ်းတွေ အကြောင်းကို ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို ကိုယ်ဝန်ရခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများမှကာကွယ်နိုင်ပါတယ် ။
    • ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ သူတို့နဲ့ သူတို့ကလေးရဲ့ကျန်းမာရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ သူတို့နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်ရခြင်းဟာ အနာဂတ်မှာ ဆိုးကျိုးတွေမည်မျှရှိကြောင်းကိုလည်း နားလည်သဘောပေါက်လာပါလိမ့်မယ်။ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ ရလဒ်တွေက အရမ်းအန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကိုယ်ဝန်ရခြင်းအကြောင်းနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ် ။
    • လိင်ပညာပေးခြင်းဟာ သင့်ရဲ့ကလေးကို ခုခံအားကျဆင်းမှုရောဂါနဲ့ အခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်သည့် ဆီးပူညောင်းကျရောဂါ၊ ဆီးပြွန်ရောင်ခြင်း၊ ဆီးခုံရောင်သောရောဂါများ နဲ့ကာလသားရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

    သင့်ရဲ့ကလေးဟာ လိင်ပိုင်းဆိုင်ရာအကြောင်းကို သိချင်လာခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာအကြောင်းကို နားလည်ခြင်းတွင် ပုံမှန်အဆင့်တစ်ခုပဲဖြစ်ပါတယ်။ လိင်ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေအကြောင်းကို ပိုပြီးအကောင်းမြင်စေသလို လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုလည်း နားလည်စေပါတယ်။ သင့်ရဲ့ကလေးကို သူတို့သိချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းဟာ သူတို့ကြီးလာတဲ့အခါ အန္တရာယ်ရှိတဲ့အပြုအမူတွေကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ သူတို့ဟာ ဒီအကြောင်းအရာတွေကို သင်နဲ့ရင်းရင်းနှီးနှီးဆွေးနွေးလာရတဲ့အခါမှာ သူတို့ဟာ ဆယ်ကျော်သက်ပြဿနာများဖြစ်သည့် ရည်းစားပြသနာများ ၊ စိတ်ဓာတ်ကျခြင်း ၊ ကျောင်းတွင်အနိုင်ကျင့်ခံရခြင်း ၊ အရက်စွဲနေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို သင့်ကိုပိုပြီးပြောပြလာပါလိမ့်မယ် ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement