backup og meta

လိင်ဆက်ဆံခြင်း အကြောင်းရင်း အခု (၂၀)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံခြင်း အကြောင်းရင်း အခု (၂၀)

    လူတွေမှာ လိင်ဆက်ဆံမှုကိုလိုအပ်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အမူအကျင့်တိုင်းမှာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနဲ့ နောက်ဆုံးဘာသာရေးပိုင်းဆိုင်ရာအဓိပ္ပာယ်တွေအထိရှိနေတတ်ပါတယ်။ လေ့လာမှုတစ်ခုမှာ လိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကလိင်ဆက်ဆံခြင်းရဲ့ အကြောင်းရင်းတွေကိုဖော်ပြခဲ့ပါတယ်။

    လိင်ဆက်ဆံမှုအတွက် အလိုလိုပါရှိလာတဲ့ဆန္ဒ

    လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ရမယ်ဆိုတာ ညွှန်ကြားထားပြီးဖြစ်ကာ ဦးနှောက်ကလဲ ဒီလိုအမူအကျင့်ပြုမူအောင် လှုံ့ဆော်တတ်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ခန္ဓာကိုယ်ဟာ အားအင်ပြည့်ဝဖို့ အာဟာရတွေကို လိုအပ်သလို ဆင့်ကဲဖြစ်စဉ်တွေအတွက်လည်း လိင်ဆက်ဆံမှုကိုလိုအပ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကျွမ်းကျင်သူတွေက လူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် လိင်ဆက်ဆံချင်တဲ့ ဆန္ဒဟာလူတွေ ကိုယ်ထဲမှာ ပါပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။

    ရည်ရွယ်ချက်ကဘာလဲ။

    UT- Austin မှာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ကျောင်းသား၁၅၀၀ကို သူတို့ရဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အတွေ့အကြုံတွေနဲ့ အရင်းခံအကြောင်းအရင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ အဖြေတွေကိုတော့ လေးအုပ်စုခွဲခြားနိုင်ပါတယ်။

    • ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းများ – သာယာမှု၊ စိတ်ဖိစီးခြင်းလျော့နည်းမှု၊ လေ့ကျင့်ခန်း၊ လိင်ပိုင်းဆိုင်ရာစူးစမ်းလိုစိတ်နဲ့ အခြားတစ်ယောက်ကို ကြိုက်နှစ်သက်မှု
    • ရည်မှန်းချက်တစ်ခုခုကို အခြေခံတဲ့ အကြောင်းတရားများ – ကလေးရရှိလိုခြင်း၊ လူမှုရေးမှာထင်ရှားလိုစိတ်၊ ကလဲ့စားချေလိုစိတ်
    • စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများ – အချစ်၊ လက်ထပ်ခြင်း၊ ကျေးဇူးတရား
    • ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားများ – ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ဖို့ကိုယ့်ချစ်သူကို အခြားနေရာမှာလိင်ဆက်ဆံခြင်းမှ တားမြစ်လိုစိတ်၊ (သို့) တာဝန်၊ ဖိအား (ဥပမာ – ချစ်သူက လိင်ဆက်ဆံခြင်းကိုဖိအားပေးခြင်း)

    ယောက်ျားနှင့် မိန်းမကွာခြားမှုများ

    ယေဘုယျအားဖြင့် လိင်ကိစ္စအကြောင်းနဲ့ ပတ်သက်ရင် ယောက်ျားရောမိန်းမပါ ကိုယ့်အကြောင်းရင်းနဲ့ ကိုယ် ရှိတတ်ကြပြီး သူတို့လိင်ဆက်ဆံတာဟာ သူတို့ကြိုက်လို့ပါပဲ။ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုကရရှိတဲ့ သာယာမှုကို ကြိုက်နှစ်သက်သော်လည်း သူတို့ဟာလိင်ဆက်ဆံမှုကြောင့် ဖြစ်လာတဲ့ ဆက်ဆံရေးတိုးတက်မှုကို ပိုစိတ်ဝင်စားကြပါတယ်။ သုတေသီတွေဟာ ဒီလိုကွာခြားမှုတွေကို အပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။

    • ခန္ဓာကိုယ် ဦးစားပေးလိင်ဆက်ဆံခြင်း (အမျိုးသားအများစု) – ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ကြိုက်နှစ်သက်လို့ လိင်ဆက်ဆံကြတာဖြစ်ပါတယ်။ လိင်ဆက်ဆံသူရဲ့ ခံစားချက်တွေဟာလည်းသူတို့အတွက် အရေးကြီးကောင်း ကြီးနိုင်ပါတယ်။
    • လူဦးစားပေးလိင်ဆက်ဆံခြင်း (အမျိုးသမီးအများစု) – လိင်ဆက်ဆံမှုကနေ သာယာကျေနပ်မှုတွေ ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာဆက်ဆံရေးကရရှိတဲ့ စိတ်ခံစားမှုတွေကိုပိုမိုဂရုစိုက်ကြပါတယ်။

    လိင်ဆက်ဆံမှုရဲ့ အဓိကအကြောင်းရင်း ၂၀

    လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီးအောက်ဖော်ပြပါ အချက်တွေ အပါအဝင် အကြောင်းရင်းများစွာရှိပါတယ်။

    • စိတ်တက်ကြွ၊ စိတ်ကျရောဂါ သက်သာခြင်း
    • ဆက်ဆံမှုတစ်ခုကို ထိန်းသိမ်းလိုခြင်း
    • စွမ်းအားပိုမိုများပြားခြင်း
    • ကိုယ့်အယူအဆကိုယ် မြှင့်တင်ခြင်း
    • လိင်ဆက်ဆံဖက်ရဲ့ စွမ်းအားကိုတွေ့ကြုံခံစားလိုခြင်း
    • လိင်ဆက်ဆံဖက်ရဲ့ ချစ်ခင်မှု ရရှိလိုခြင်း
    • မနာလိုမှု မြှင့်တင်လိုခြင်း
    • ဂုဏ်သိက္ခာ (သို့) လူရာဝင်မှု မြှင့်တင်လိုခြင်း
    • ပိုက်ဆံရရှိလိုခြင်း
    • ကလေးရရှိလိုခြင်း
    • မေတ္တာရရှိလိုခြင်း
    • ချစ်ခင်မှု
    • ဆန်းသစ်သော လိင်ဆက်ဆံဖက်
    • ရွယ်တူအချင်းချင်းကြားမှာရှိတဲ့ စိတ်ဖိအား
    • သာယာမှု
    • လိင်စိတ် လျော့နည်းခြင်း
    • လက်စားချေ လိုခြင်း
    • လိင်ကိစ္စ စူးစမ်းလိုခြင်း
    • အချစ်
    • စိတ်ပိုင်းဆိုင်ရာ  ထူးကဲသာလွန်သောအထွတ်အထိပ်

    ယောက်ျား၊ မိန်းမ၊ နောက်ခံအခြေအနေ၊ လိုအပ်ချက် တွေပေါ်မူတည်ပြီးလိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အကြောင်းရင်းမြောက်များစွာရှိတတ်ပါတယ်။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ နောက်အချက်ကတော့ သင်နဲ့ သင့်လိင်ဆက်ဆံဖက်ကိုဆိုးရွားတဲ့ ရောဂါပိုးကူးစက်မှုတွေကနေ၊ မလိုချင်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement