ဆန္ဒပြီးမြောက်တဲ့အထိ စိတ်ဖြေတဲ့အချိန်တိုင်းမှာ သုက်ရည်ထွက်ပါတယ်။ အဲဒီလို ထွက်သွားတာကြောင့် ခန္ဓါကိုယ်ထဲမှာ သိမ်းထားတဲ့ သုက်ကောင်အရည်အတွက်တွေ နည်းကုန်တာမို့ ကိုယ့်ခန္ဓါကိုယ်ကနေ နောက်ထပ်သုက်ကောင်တွေ ထပ်ထုတ်ရပါတယ်။ ပြောရရင် အဲဒီအတွက် အချိန်လိုတာပေါ့။ ဒီတော့ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး လိင်စိတ်ဖြေတဲ့ အမျိုးသားတွေမှာ သိုလှောင်ထားတဲ့ သုက်ကောင်ပမာဏဟာ ပုံမှန်အမျိုးသားတွေမှာထက် ပိုပြီး နည်းတတ်ပါတယ်။
ဒါကြောင့် သုက်ကောင်အရေအတွက်ကို များများစားစား သိုလှောင်ထားချင်တယ်ဆိုရင် လိင်စိတ်ဖြေပြီး သုက်ရည်ထွက်တာကို ထိန်းချုပ်ဖို့ လိုပါတယ်။ အဲဒီလိုသာ သုက်ကောင်တွေကို ခန္ဓါကိုယ်ထဲ သိုလှောင်ထားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်းက မြင့်မားပါလိမ့်မယ်။
အမျိုးသမီးလိင်စိတ်ဖြေတာကလည်း မျိုးမအောင်နိုင်ခြင်းမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အမျိုးသမီးတစ်ယောက် လိင်ဆန္ဒပြီးမြောက်သွားပြီဆိုရင် သူရဲ့ သားအိမ်ခေါင်းက အောက်ဖက် မိန်းမကိုယ်နားအထိ ကျလာတတ်တယ်။ ဒါက ပိုပြီး ကိုယ်ဝန်ရနိုင်အောင် လုပ်ပေးတဲ့ ခန္ဓါကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့အဖော်နဲ့ ချစ်တင်းနှောနေစဉ်အတွင်း လိင်စိတ်ဖြေနေလို့ သူ့အဖော်ထက် စောပြီး ပြီးမြောက်သွားမယ်ဆိုရင် မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်တွေက ရှေ့မှာပြောခဲ့သလို၊ အောက်ကိုကျလာတဲ့ သားအိမ်ခေါင်းထဲ ရောက်သွားပြီး၊ ဆက်ဆံပြီးသွားလို့ အမျိုးသားဆီက ဝင်လာမယ့် သုက်ကောင်တွေကို အသက်မရှင်နိုင်အောင် လုပ်ပစ်နိုင်ပါတယ်။
သုက်ကောင်အရေအတွက် များများရှိအောင် ဘယ်လိုလုပ်မလဲ
သုက်ကောင်အရေအတွက် များများရှိနေအောင် လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။ အဲဒီထဲမှာ အတွင်းခံကို ချောင်ချောင်ချိချိ ဝတ်တာ၊ အရက်၊ ဆေးလိပ်ရှောင်တာမျိုးတွေ ပါပါတယ်။ ကိုယ့်ခန္ဓါကိုယ်ထဲမှာ သုက်ကောင်ရည်များများရှိလေ၊ မျိုးအောင်နိုင်စွမ်း များလေပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။