backup og meta

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

    ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ပါတယ်။ ဒါကို လူတိုင်းလည်း သိကြပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြား ခန္ဓါကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

    အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာလဲ။

    အမျိုးသားသုံးကွန်ဒုံးဆိုတဲ့ ကြပ်အောင်ပြုလုပ်ထားတဲ့ ပလတ်စတစ်အလွှာပါး ဖြစ်ပြီး လိင်ဆက်ဆံတဲ့အချိန်အမျိုးသား လိင်အင်္ဂါမှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံးကွန်ဒုံးတွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံး၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ကွန်ဒုံး၊ သိုးသားရေနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေဆိုပြီး အမျိုးမျိုးရှိပါတယ်။ လူအများစုကတော့ ရော်ဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ များပါတယ်။ မိတ်ဆွေက ဒီပစ္စည်းနဲ့ ဓါတ်မတည့်တဲ့ ဝေဒနာ ရှိမယ်ဆိုရင် တခြာကွန်ဒုံးအမျိုးအစားတစ်ခုဖြစ်တဲ့

    polyurethane ( ပေါ်လီယူရသိန်း)နဲ့ ရာဘာကနေထွက်ရှိတဲ့ ပိုလီအိုင်ဆိုပရင်း (polyisoprene) ကွန်ဒုံးတွေကို သုံးလို့ရပါတယ်။ ပလတ်စတစ် ကွန်ဒုံးတွေဟာ သင့်ကို STD ရောဂါတွေ ဖြစ်တဲ့ ကိုယ်ခံစွမ်းအားကျရောဂါ HIV (human immunodeficiency virus)၊ ရေယုန် ၊ Trachoma ခေါ်တဲ့ မျက်စိကွယ်စေနိုင်တဲ့ရောဂါ၊ ဆီးပူညောင်းကျရောဂါ (gonorrhea) တွေကို ဘယ်လိင်မှုကိစ္စပုံစံလုပ်သည်ဖြစ်စေ ကာကွယ်ပေးနိုင်ပါတယ်။

    သဘာဝ ကွန်ဒုံး သို့မဟုတ် သိုးရေ ကွန်ဒုံးတွေကတော့ သိုးအူတွေက ထွက်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သိုးရေ ကွန်ဒုံးဟာ ကိုယ်ဝန်ရခြင်းကိုကာကွယ်ပေးနိုင်ပေမဲ့ သိုးရေဟာ လူအရေပြားလိုပဲ စိမ့်ဝင်နိုင်တဲ့အတွက် လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ရောဂါတွေ (STD ) ကိုမကာကွယ်ပေးန်ုင်ပါဘူး။

    ချောဆီ

    ချောဆီ ( Lubrication) ကို Lube လို့လည်းခေါ်ကြပါတယ်။ Lube ဆိုတာကတော့ကွန်ဒုံးပေါ်က အဆီလွှာပါး တစ်ခုပါ။ ဒီအဆီက လိင်ဆက်ဆံချိန်မှာ ယားနာခြင်းနဲ့ နာကျင်ခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ကွန်ဒုံးပေါက်ပြဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ ချောဆီမသုတ်ထားတဲ့ ကွန်ဒုံး တစ်ခုဝယ်လာမိမယ်ဆိုရင် လိင်ဆက်ဆံရာမှာ အဆင်ပြေစေဖို့အတွက် ချောဆီသပ်သပ်သုတ်လိမ်းသင့်ပါတယ်။ ချောဆီသုံးမယ်ဆိုရင်လည်း လိင်ဆက်ဆံဖို့အတွက် သီးသန့်ထုတ်လုပ်ထားပြီး ရေကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီကိုအသုံးပြုသင့်ပါတယ်။ အဆီကို အခြေခံထုတ်လုပ်ထားတဲ့ ချောဆီတွေဖြစ်တဲ့ ရေနံဂျယ်လီတွေဟာ ကွန်ဒုံးကိုပျက်ဆီးစေနိုင်ပါတယ်။

    သုတ်သတ်ဆေး၊ ပဋိသုက္က ဆေး

    သုတ်သတ်ဆေး (သို့) ပဋိသုက္က ဆေးဆိုတာ သုတ်ကောင်တွေကို သတ်တဲ့ ဆေးတစ်မျိုးပါ။ တစ်ချို့သော ကွန်ဒုံးတွေမှာ ဒီဆေးကို ကြိုလိမ်းထားကြပါတယ်။ ကွန်ဒုံးနဲ့ သုတ်သတ်ဆေး ၂ မျိုးတွဲသုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေအင်မတန် နည်းပါးသွားပါတယ်။ ဒါပေမဲ့ ကွန်ဒုံးနဲ့ သုတ်သတ်ဆေး ဘယ်လောက်များများတွဲသုံး တွဲသုံး သိပ်ပြီး ကွာခြားမှုတော့ မရှိပါဘူး။ သင်က အကာအကွယ်အပို တစ်ခုအဖြစ်သုံးချင်တယ်ဆိုရင်တော့ ဒီသုတ်သတ်ဆေးတွေကို တွဲအသုံးပြုနိုင်ပါတယ်။ သုတ်သတ်ဆေးသုံးမယ်ဆိုရင် octoxynol-9 လို့ခေါ်တဲ့ Ions အဖြစ် မပြောင်းတဲ့ ဆပ်ပြာလိုအရာ ပါဝင်တဲ့ ဆေးကိုသုံးသင့်ပါတယ်။ octoxynol-9 ကို Triton X-100 လို့လည်းခေါ်ကြပါသေးတယ်။ ဈေးကွက်ထဲမှာ အတွေ့ရများတဲ့ သုတ်သတ်ဆေးတစ်မျိုးဖြစ်တဲ့ nonoxynol-9 က လိင်အင်္ဂါဇာတ်တွေကို ယားယံစေနိုင်တဲ့အတွက် HIV ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေပါတယ်။

    အဖုအထစ်တွေပါဝင်တဲ့ ကွန်ဒုံး

    အဖုအထစ်တွေပါဝင်အောင် ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေထဲမှာ အမြှောင်းတွေပါဝင်တဲ့ ကွန်ဒုံးနဲ့အဖုအထစ်တွေ ပါဝင်တဲ့ ကွန်ဒုံးတွေဟာ သင်နဲ့ သင့်ရဲ့ လိင်ဆက်ဆံဖော်တို့ကို ခံစားချက် တိုးမြှင့်ပေးနိုင်ရန် အတွက် ပြုလုပ်ထားတာပါ။ ဒါပေမဲ့ ဒီကွန်ဒုံးတွေကို လူတိုင်း မကြိုက်ကြပါဘူး။ တကယ်လို့ သင်ရော သင်ရဲ့ အဖော်ကရော ဒီကွန်ဒုံးတွေကို ကြိုက်တယ်ဆိုရင် ဒီလို အမျိုးအစားတွေကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒီကွန်ဒုံးတွေကို ကိုယ်လက်မနှီးနှောမီ နမ်းရှုပ်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

    သင်ဟာ ထူးထူးခြားခြား ပစ္စည်းတွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ အမှောင်ထဲမှာတောက်ပတဲ့ ကွန်ဒုံးမျိုးတွေနဲ့ တစ်ခြားကွန်ဒုံး အသစ်အဆန်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သတိတော့ထားပါ။ ဒီလို ကွန်ဒုံး အမျိုးအစားတွေက ပုံမှန်အားဖြင့် FDA ( Food and Drug Administration) ရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်လုပ်တဲ့ ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေဟာ ကိုယ်ဝန်ရခြင်းကို မကာကွယ်ပေးနိုင်တဲ့အပြင် STD ရောဂါတွေကိုလည်း ကာကွယ်နိုင်ဖို့ မသေချာပါဘူး။ ဒါကြောင့် ဒီလို ကွန်ဒုံးမျိုးတွေ မသုံးခင် ကိုယ်ဝန်ရခြင်းကို တားဆီးပေးနိုင်သလား၊ STD ရောဂါတွေကို တားဆီးပေးနိုင်သလား ဆိုတာ အရင် သေချာအောင်စစ်ဆေးပါလေ။

    ကွန်ဒုံးတွေက တကယ်အသုံးဝင်သလား

    ကွန်ဒုံးတစ်ခု ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် နည်းလမ်းမှန်မှန် ဘယ်လောက်အသုံးပြုနိုင်လဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ယောက်ျားလေးက ကွန်ဒုံးသုံးမယ်ဆိုရင်တောင် မိန်းကလေးဖြစ်သူ ကိုယ်ဝန်ရနိုင်ချေတွေ ရှိပါသေးတယ်။ စစ်တမ်းများအရ အဖော်ဖြစ်သူ အမျိုးသားများက ကွန်ဒုံးကို မှန်ကန်စွာ သုံးလျက်နဲ့တောင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်ကတော့ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားဖြစ်သူက ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင်တော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၈ ယောက်အထိက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ကွန်ဒုံးတွေဟာ STD လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ရောဂါတွေ (sexually transmitted diseases) ရနိုင်ခြေကိုတော့ အများကြီး လျှော့ချပေးနိုင်ပါတယ်။ ဘယ်လောက်အထိ လျှော့ချပေးနိုင်သလဲဆိုတော့ ရောဂါအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ဥပမာ အားဖြင့်ဆိုရမယ်ဆိုရင် ကွန်ဒုံးတွေဟာ HIV (human immunodeficiency virus) ရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမဲ့ HPV (Human papillomavirus) လို့ခေါ်တဲ့ လိင်အင်္ဂါမှာကြွက်နို့ပေါက်ခြင်းနဲ့ သားအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်တဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ကွန်ဒုံးဟာ ဒီရောဂါ ကူးစက်နိုင်တဲ့နေရာတွေ ဖြစ်တဲ့ ကပ်ပယ်အိတ်လို့ နေရာမျိုးကို မဖုံးထားပေးနိုင်လို့ပါ။ ကွန်ဒုံးသုံးတာက HPV ဖြစ်ပွားနှုန်းကို နည်းစေနိုင်တယ်ဆိုပေမဲ့ အတိအကျတော့ မကာကွယ်ပေးနိုင်ပါဘူး။

    ဒါဆိုရင် ကွန်ဒုံးကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုမလဲ

    • ပထမဆုံးကတော့ ကွန်ဒုံးဖောက်တဲ့အခါ ကွန်ဒုံးမပေါက်သွားပါစေနဲ့။
    • ကွန်ဒုံးက ကျွတ်ဆပ်နေမယ်၊ မာတောင့်တောင့်ဖြစ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်၊ သက်တမ်းကုန်နေမယ်ဆိုရင် မသုံးပါနဲ့။
    • ကိုယ်ရဲ့ အဖော်ဖြစ်သူနဲ့ မထိတွေ့ခင် ကိုယ့်ရဲ့အင်္ဂါ ထောင်မတ်နေချိန်မှာ ကွန်ဒုံးကိုတပ်ဆင်ပါ။
    • အစကနေ အဆုံးထိ ကွန်ဒုံးတပ်ဆင်လျက်သားဖြစ်နေပါစေ။
    • အကြိမ်တိုင်းအတွက် အသစ်တစ်ခုကို ထပ်မံသုံးပါ။
    • Uncircumcised လို့ခေါ်တဲ့ လိင်တံထိပ်အရေပြား မဖြတ်ရသေးရင် မဝတ်ဆင်ခင် အရည်ပြားကို အနည်းငယ်ဆွဲထားပြီးမှ ဝတ်ဆင်ပါ။
    • တကယ်လို့ ကွန်ဒုံးရှေ့ပိုင်းမှာ အစွပ်သေးသေးလေးမရှိရင် သုက်ထွက်လာရင် စုထားနိုင်အောင်လို့ လက်မဝက်လောက် ထိပ်မှာ ချန်ထားပါ။
    • တကယ်လို့ အဲ့လို သုတ်ခံတဲ့ အစွပ်သေးသေးလေးမပါဘူးဆိုရင် လက်နဲ့ထိပ်ပိုင်းကို အရင်ထိန်းထားပြီး တခြားလက်တစ်ဖက်နဲ့ ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင် ဝတ်ဆင်ပါ။
    • လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ခြင်းရပ်ပြီး အဟောင်းကိုချွတ်ကာ ကွန်ဒုံးအသစ်ကို ဝတ်ဆင်ပါ။
    • သုတ်လွှတ်ပြီး လိင်တံမပျော့ပြောင်းသွားခင်မှာ ကွန်ဒုံးမကျွတ်ထွက်သွားစေပဲ ဂရုစိုက်ကာ ဆွဲထုတ်ပါ။
    • ထုတ်တဲ့အချိန်မှာလည်း သုက်များမလျှံထွက်အောင် ဂရုတစိုက်ဆွဲထုတ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement