အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 2 mins read
Share now

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။

အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့်

  • အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ
  • လိင်အပျော်အပါး လိုက်စားသူတွေ
  • လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ
  • ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ
  • လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။

ဘယ်အချိန်မှာ သွေးစစ်မလဲ။

HIV နဲ့ ကာလသားရောဂါတွေအတွက် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၆လအကြာမှာ သွေးစစ်သင့်ပါတယ်။ ဒီ ၆လအတွင်းမှာလည်း လိင်မှုကိစ္စ ကင်းရှင်းဖို့လိုအပ်ပါတယ်။ ဒီ ၆လကာလကိုတော့ စောင့်ကြည့်ဆဲကာလ (Window Period) လို့ ခေါ်ပါတယ်။

ကိုယ်ဝန်အတွက်ရော ဘယ်အချိန်မှာ စတင်စစ်ဆေးကြမလဲ။

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သို့မဟုတ် မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ တားဆေးလည်း မသုံးဘူး။ ကွန်ဒုံးလည်း မသုံးထားဘူးဆိုရင် ကိုယ်ဝန်ရနိုင်ခြေများပါတယ်။ ရာသီလာရမယ့် အချိန်မှာ မလာဘဲ ထိမ်သွားခဲ့ရင် ဆီးစစ်ကြည့်ပါ။

ကိုယ်ဝန်အတွက်ကို ဆီးစစ်တံနဲ့ ကိုယ့်အိမ်မှာ အလွယ်တကူစစ်ဆေးလို့ရပေမယ့် HIV နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ သွေးစစ်ကြည့်မှသာ သေချာတဲ့အဖြေသိနိုင်မှာဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရတဲ့ ကာလအစောပိုင်း (လိင်ဆက်ဆံအပြီး ၂ပတ်မှ ၆ပတ်အတွင်း) အဖျားတက်တာ၊ ခံတွင်းမှာအနာပေါက်တာ၊ အရိုးအဆစ်တွေ ကိုက်ခဲတာ၊ တစ်ကိုယ်လုံး အင်ပျဉ်ထတာ အစရှိတဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်လို့ရမယ့် အကောင်းဆုံးနည်းလမ်းတွေရှိလား။

အကောင်းတကာ့ အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းပါပဲ။ အမျိုးသားသုံးကွန်ဒုံး ဖြစ်စေ၊ အမျိုးသမီးသုံး ကွန်ဒုံးဖြစ်စေ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ သုံးတဲ့ ကွန်ဒုံးအစွပ်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ HIV ကို ကာကွယ်ပေးနိုင်ဖို့ ပုံမှန်သောက်လို့ရတဲ့ PrEP ဆေးတွေရှိသလို လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း အရေးပေါ်ကာကွယ်ဆေးဖြစ်တဲ့ PEP ဆေးလည်း သောက်လို့ရပါတယ်။ ဒီဆေးတွေဟာ HIV ပိုးကိုပဲ ကာကွယ်ပေးနိုင်တာဖြစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားပြဿနာကိုတော့ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။

HIV ဟာ ပိုးရှိတဲ့သူရဲ့ ကိုယ်တွင်းအရည်ဖြစ်တဲ့ သုက်ရည်၊ မိန်းမကိုယ်မှထွက်သောအရည်၊ သွေး အစရှိသည်တို့ဟာ ပိုးမရှိသူရဲ့ သွေးကြောအတွင်း ဝင်ရောက်ရာမှ ကူးစက်တာဖြစ်ပါတယ်။ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံတဲ့အခါတိုင်းမှာ ပိုးကူးစက်ခံရနိုင်ခြေရှိတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုကြပါလို့ အကြံပြုလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်တာပါပဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read