လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 3 mins read
Share now

ဆန္ဒရှိပြီး အမျိုးသားနဲ့ဆက်ဆံပေမဲ့ ပြီးမြောက်ဖို့ အခက်အခဲဖြစ်နေတဲ့ လေဒီတို့အတွက် ဒီဆောင်းပါးလေးကို ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။

“လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက် တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ် လိင်ဆန္ဒပြီးမြောက်သွားဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။

လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ဆန္ဒပြီးမြောက်ဖို့ဆိုတာ ဒီထက်နည်းနည်းပိုရှုပ်ထွေးပါတယ်။ ယောကျ်ားလေးတွေ ဆန္ဒပြီးမြောက်ရင် သုက်ရည်ထွက်လာပေမဲ့ မိန်းကလေးတွေမှာတော့ ဒါမျိုးမရှိဘဲ တင်ပါးဆုံကွင်းကြွက်သားတွေ တောင့်တင်းသွားတာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။

မိန်းကလေးတွေလိင်ဆန္ဒပြည့်ဝဖို့အခက်အခဲဖြစ်နေတာကို ဆေးပညာမှာ anorgasmia လို့ခေါ်ပါတယ်။ လုံလောက်တဲ့ လိင်စိတ်နှိုးဆွမှု၊ ဆက်ဆံမှုတွေကို မိမိဖာသာဖြစ်ဖြစ် အမျိုးသားနဲ့ဖြစ်ဖြစ် လုပ်ဆောင်ပေမဲ့ လိင်စိတ်အထွတ်အထိပ်မရောက်တာကို Anorgasmia လို့ခေါ်ဆိုပါတယ်။ ဆေးပညာခေါင်းစဉ်တွေ ထုံးစံအတိုင်း ဒါကိုလည်း အမျိုးအစားထပ်ခွဲနိုင်ပါသေးတယ်၊ အကြမ်းဖျင်းပြောရရင်

Lifelong anorgasmia – တစ်သက်လုံး ဆန္ဒမပြည့်ဝဖူးတဲ့သူ

Acquired anorgasmia – အရင်ကဆန္ဒပြည့်ဝဖူးပေမဲ့ နောက်ပိုင်းမှ မပြည့်မြောက်တော့တဲ့သူ

Situational anorgasmia – တချို့လိင်ဆက်ဆံနည်းတွေနဲ့မှ ဆန္ဒပြည့်ဝတဲ့သူ (ဥပမာ – ပါးစပ်နဲ့လိင်ဆက်ဆံမှ ဆန္ဒပြည့်ဝမှု ဖြစ်တဲ့သူမျိုး)

Generalized anorgasmia – ဘယ်လိုပုံစံ၊ ဘယ်လိုသူမျိုးနဲ့ဆက်ဆံသည်ဖြစ်စေ ဆန္ဒမပြည့်ဝတဲ့သူ

ဆိုပြီး ၄ မျိုးရှိပါတယ်။

အမျိုးသမီးတစ်ယောက် လိင်စိတ်အထွတ်အထိပ်မရောက်အောင် တားဆီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအချက်တွေလည်း အများကြီးရှိပါတယ်

– သားအိမ်ခွဲစိတ်ဖယ်ရှားထားသူတွေ၊ မွေးရာပါမိန်းမကိုယ်ဝ သာမန်ထက် ကျဉ်းတဲ့သူတွေက တခြားအမျိုးသမီးတွေထက် ဆန္ဒပြည့်ဝဖို့ ပိုခက်ခဲတတ်ပါတယ်

– ဆီးချို၊သွေးတိုး၊ နှလုံးနဲ့ အာရုံကြောရောဂါတွေလို နာတာရှည်ရောဂါတစ်ခုခု ခံစားနေရပြီး ကုသမှုခံယူနေရရင်လည်း ကိုယ့်ဘဝကို အလိုမကျမှုတွေ ဖြစ်လာပြီး လိင်ဆက်ဆံတဲ့အခါမှာ ဆန္ဒပြည့်ဝဖို့ခက်ခဲနိုင်ပါတယ်

– သွေးထိန်းဆေး၊ စိတ်ကျရောဂါကာကွယ်ဆေး၊ ဓာတ်မတည့်တာကိုကာကွယ်တဲ့ဆေး စတဲ့ ဆေးအမျိုးအစားတချို့ကို သောက်သုံးရင်လည်း သက်ရောက်မှု ရှိနိုင်ပါတယ်

– ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်နဲ့ အရက်သောက်သုံးမှုကလည်း anorgasmia ဖြစ်စေတဲ့ အချက်တစ်ခုဖြစ်နေပါတယ်

– အသက်ကြီးလာလေ စွမ်းဆောင်ရည်ကျဆင်းလာလေပါပဲ၊ အသက် ၂၀ အရွယ်မှာရှိခဲ့တဲ့နုပျိုလန်းဆန်းမှု၊ ဖျတ်လတ်မှုက အသက် ၆၀ အရွယ်နဲ့ဘယ်လိုမှမတူနိုင်ပါဘူး။ အီစထရိုဂျင်ဟော်မုန်းလျော့နည်းမှုနဲ့ သွေးဆုံးခြင်းကလည်း လိင်ဆက်ဆံတဲ့အခါမှာ ပြီးမြောက်ဖို့ အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်

အမျိုးသမီးတစ်ယောက်က အသက်ငယ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ခံစားခဲ့ရမယ်၊ ကိုယ်က သူများတွေထက် ပိုဝနေလို့ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေမယ်၊ အလုပ် (ဒါမှမဟုတ်) မိသားစုအရေးကြောင့် စိတ်ဖိစီးမှုများနေမယ်၊ တင်းကျပ်တဲ့ ဘာသာရေးအဆုံးအမတွေနဲ့ ကြီးပြင်းလာရလို့ လိင်ဆက်ဆံတဲ့အခါ ရှက်ကြောက်နေမယ်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဖူးမယ် စသဖြင့် ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုခု ရှိနေမယ် ဆိုရင်လည်း လိင်ဆက်ဆံတဲ့အခါ ပြီးမြောက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။

တစ်ခါတစ်လေကျတော့လည်း ဇနီးမောင်နှံတွေ၊ သမီးရည်းစားတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆက်ဆံရေး အဖုအထစ်တွေက အမျိုးသမီးမှာ လိင်စိတ်ပြီးမြောက်ဖို့ ခက်ခဲအောင် ဦးတည်သွားတတ်ပါတယ်။ အမျိုးသားဖြစ်တဲ့သူက အလုပ်ပဲအာရုံစိုက်ပြီး ကိုယ့်ဇနီးမယားကို အချိန်မပေးနိုင်တာ၊ နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုဖြစ်ရင် မဖြေရှင်းဘဲ ထားတာ၊ ကိုယ်ချစ်တဲ့သူက ဖောက်ပြန်နေတယ်လို့ သံသယဝင်တာ စတဲ့အခြေအနေမျိုးတွေက အတူနေချိန်မှာ အမျိုးသမီးအနေနဲ့ ဆန္ဒ မပြီးမြောက်အောင် တားဆီးထားတဲ့ အကြောင်းအရင်းတွေ ဖြစ်နေနိုင်ပါတယ်။

အမျိုးသမီးတွေ ဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို သိမ်သိမ်မွေ့မွေ့ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရောဂါတစ်ခုကုသလို ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာဆေးသောက်၊ ဘယ်လောက်ကြာရင်ပျောက် ဆိုတာမျိုးလည်း မရှိပါဘူး။ ဘယ်အရာတွေက လိင်ဆန္ဒပြည့်ဝဖို့ တားဆီးနေသလဲဆိုတာ အရင်သိအောင်လုပ်ဖို့ လိုပါတယ်။

ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖို့ လိုအပ်ပြီး ပြသချိန်မှာလည်း အမျိုးသမီးတိုင်း ကြုံရနိုင်တဲ့ သွေးသားဆန္ဒ ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လို့ ဘာမှသိမ်ငယ်နေစရာ၊ ကြောက်ရွံ့နေစရာ မလိုအပ်ပါဘူး။ ဖြစ်ရတဲ့အကြောင်းရင်းကိုသိမှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ဆွေးနွေးတိုင်ပင်မှု၊ကုသမှုတွေဆက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

အမျိုးသမီးအများစုကတော့ ဒီလိုဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို ကုသတဲ့အခါမှာ အမျိုးသားရဲ့ နားလည်ပေးမှု၊ ဖေးမကူညီမှုတွေက အဓိကကျတယ်လို့ ဝန်ခံပြောဆိုကြပါတယ်။ တကယ်လည်းမှန်ပါတယ်။ လိင်ဆက်ဆံချိန်မှာ ချစ်သူရဲ့အကြိုက်ကိုသိပြီး လုပ်ဆောင်ပေးတာ၊ လိင်မဆက်ဆံခင်နှိုးဆွတဲ့ foreplay အဆင့်ကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးတာတွေကနေ လိင်ပိုင်းဆိုင်ရာအခက်အခဲတွေကို ဆွေးနွေးပြောဆိုကုသပေးတဲ့ Sex therapy ကုထုံးခံယူတာတွေအထိ နှစ်ယောက်အတူတူ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဆန္ဒမပြည့်ဝတဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရစေတာပါ။ ရုပ်ပိုင်းကိစ္စတွေထဲမှာ မျက်နှာလှလှလေးလည်း ပါဝင်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
စိတ်ကျန်းမာရေး, အလှအပ စက်တင်ဘာ 30, 2020 . 2 mins read

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

လူအများစုကတော့ ကိုယ်ဝန်ရခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေကြောင့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read